Monday, October 12, 2015

အရေးပေါ်လူနာတင်ယာဉ် စာရင်းများ ကောက်ယူ

အရေးပေါ်လူနာတင်ယာဉ် စာရင်းများ ကောက်ယူ

မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အရေးပေါ်လူနာတင်ယာဉ် လိုင်စင်ပြုလုပ်လိုသည့် ယာဉ်စာရင်းများအား ကောက်ယူလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အရေး ပေါ်လူနာတင်ယာဉ်ကွန်ရက် (MAN) ကသိရသည်။
တိုင်းနှင့်ပြည်နယ်အသီးသီးရှိ လူနာ တင်ယာဉ်အဖြစ် အသုံးပြုမည့်ယာဉ်များနှင့် လူနာတင်ယာဉ်အဖြစ် အသုံးပြုနေသည့် Without ယာဉ်များအား တရားဝင်လိုင်စင် ရရှိအောင် ကူညီဆောင်ရွက်ပေးရန်အတွက် ကောက်ယူခြင်းဖြစ်ပြီး သမ္မတရုံးနှင့်သက်ဆိုင် ရာဌာနများသို့ တင်ပြတောင်းဆိုသွားမည် ဖြစ်သည်။
''ရွေးကောက်ပွဲမတိုင်ခင် စာရင်းအပြီး ကောက်ပြီး တင်ပြသွားမယ်။ တချို့ တောနယ် က အသင်းတွေက လိုင်စင်ရော၊ ကားတွေ အတွက်ပါ အပြီးလာအပ်ကြတယ်။ အခုလက် ရှိ ရှိပြီးသားလိုင်စင် အပြည့်အဝမရှိသေးတဲ့ ယာဉ်တွေအတွက် အဓိကဆောင်ရွက်ရမှာ ပေါ့။ လိုင်စင်လုပ်မယ့် ကားတွေရဲ့စာရင်းတွေ ကတော့ တောက်လျှောက်ဝင်လာနေပါတယ်'' ဟု အဆိုပါအသင်း ဦးဆောင်ဆရာတော် ဦးသဒ္ဓမ္မ(မောင်းတီးဆရာတော်)ကမိန့်သည်။
Photo-AFP



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: