Wednesday, October 14, 2015

တပ်မတော် ထိုးစစ်များ ရပ်တန့်ပေးရန် SSPP/SSA တောင်းဆို

တပ်မတော် ထိုးစစ်များ ရပ်တန့်ပေးရန် SSPP/SSA တောင်းဆို

ရန်ကုန် ၊အောက်တိုဘာ ၁၃

တပ်မတော်အနေနှင့် ကချင်ပြည်နယ် ၊ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ချက်ချင်း ရပ်ဆိုင်းပေးရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA ) အဖွဲ့က အောက်တိုဘာ ၁၂ရက်နေ့တွင် တောင်းဆိုလိုက်သည်။

ရှမ်းပြည်တောင်ပိုင်းအခြေစိုက် SSPP/SSA အဖွဲ့သည် NCA စာချုပ်တွင် လက်မှတ်ရေးထိုးရန် ငြင်းဆန်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် တစ်ဖွဲ့အပါဝင်ဖြစ်ပြီး အောက်တိုဘာ ၆ရက်နေ့မှ စတင်ကာ ယနေ့အထိ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့ထံမှ သိရသည်။

NCA စာချုပ်လက်မှတ်ရေးထိုးရာတွင် ပါဝင်ခွင့်မရှိသေးသည့် တအာင်းတပ်မတော် (TNLA) အဖွဲ့နှင့်လည်း တပ်မ တော်တို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ အောက်တိုဘာ ၁၂ရက်နေ့က တစ်ရက်တည်း တိုက်ပွဲ ပေါင်း ၅ကြိမ်ဖြစ်ပွားခဲ့သည်ဟု တအာင်းတပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ကချင်ပြည်နယ်အတွင်းရှိ ဖားကန့် ၊မိုင်းခေါင်နှင့် လွယ်ဂျယ်ဒေသများတွင် တပ်မတော်နှင့် ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ (KIO/KIA) အဖွဲ့တို့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားလျှက် ရှိသည်ဟု ကချင်ပြည်အတွင်းရှိ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အရပ်ဘက် အဖွဲ့အစည်းများထံမှ သိရသည်။

“NCA လက်မှတ်ထိုးမှုက အခုလိုတိုက်ပွဲတွေချုပ်ငြိမ်းစေဖို့အတွက်ကို ဦးတည်ပြီးတော့ လုပ်ရမှာပါပဲ။ ဒါပေမဲ့ အခုလိုတိုက်ပွဲတွေ ဖြစ်နေတဲ့ အပေါ်မှာတော့ စိတ်မကောင်းဘူး။ ဒါတွေကို ကျွန်တော်တို့ ကိုယ်တိုင်က အစိုးရနဲ့ တွေ့တဲ့အချိန်မှာ နောက်ထပ်မဖြစ်အောင် ဘယ်လိုဝိုင်းဝန်းထိန်းသိမ်းမလဲ ဆိုတာကို ဆွေးနွေးရမှာပါ”ဟု NCA စာချုပ်တွင် လက်မှတ်ရေးထိုးမည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့(PNLO)ဥက္ကဌ ဦးခွန်မြင့်ထွန်း က လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်ပြီး မှတ်ချက်ပေးသည်။

ထို့အပြင် NLD စာချုပ်တွင် လက်မှတ်ရေးထိုးရန် သဘောတူထားသည့် ကရင်အမျိုးသားအစည်းအရုံး(KUN) ဒုတိယ ဥက္ကဋ္ဌ ဖဒိုနော်စီဖိုးရာစိန်ကလည်း အပစ်ရပ် လက်မှတ်ရေးထိုးမည့်အချိန်တွင် တိုက်ပွဲများ ဆက် လက် ဖြစ်ပွားကာ ပြည်သူများမှာလည်းကြောက်ရွံ့မှုများ ဆက်လက်ရှိနေပြီး ဘ၀လုံခြံမှုမရှိသည့်အတွက် NLD လက် မှတ်ထိုးပွဲသို့ တက်ရောက်ရန် ခွန်အားမရှိဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းထံသို့ ပေးပို့သည့် အကြောင်းပြန် ကြားစာတွင် ထည့်သွင်းရေသားထားသည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: