တစ်နိုင်ငံလုံအပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်စာချုပ်(NCA) တွင် လက်မှတ်ရေးထိုးမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့အား မတရားအသင်းအဖြစ်မှလည်းကောင်း၊ အကြမ်းဖက်သူများအဖြစ်မှလည်းကောင်း အကျုံးဝင်မှုမရှိတော့ကြောင်း သတင်းထုတ်ပြန်
=============================================
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၉/၂ဝ၁၅)
၁၃၇၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၅ ရက်
(၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်)
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်နက်ကိုင်ပဋိပက္ခများကို စားပွဲဝိုင်းတွင် ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်ရေးအလို့ငှာ ၂ဝ၁၁ ခုနှစ်၊ သြဂုတ်လ(၁၈)ရက်နေ့တွင် တစ်နိုင်ငံလုံးသို့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့ပါသည်။
၂။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၅)ဖွဲ့နှင့် တစ်ဖွဲ့ချင်း ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး သဘောတူညီချက်(၃၉)ခု ချုပ်ဆိုခဲ့ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ အဆိုပြုချက်အရ စုဖွဲ့ဆွေးနွေးမှုကိုလည်း ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့တွင် စတင်ဆွေးနွေးခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီ ချက်စာချုပ်(NCA)ကို ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ(၇)ရက်နေ့တွင် ပြီးစီးခဲ့ပါသည်။
၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးစာချုပ်ကြီးကို ချုပ်ဆိုနိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် (၁၅)ဖွဲ့ကို ဖိတ်ကြား ခဲ့ပါသည်။
၎။ ဖိတ်ကြားမှုကို လက်မှတ်ရေးထိုးရန် အတည်ပြုပြန်ကြားခဲ့သော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ (၈)ဖွဲ့ အနက်မှ
မတရားအသင်းအဖြစ် ကြေညာထားခဲ့သော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)(RCSS/SSA-S)အဖွဲ့(၃)ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ အမှတ်(၂/၂ဝ၁၅)ဖြင့် လည်းကောင်း၊ အကြမ်းဖက်သူများအဖြစ် ကြေညာထားခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည် တပ်မတော်(တောင်ပိုင်း)(RCSS/SSA-S)အဖွဲ့တို့အား ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်(၃/ ၂ဝ၁၅)ဖြင့် လည်းကောင်း၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့တွင် ပယ်ဖျက်ကြောင်း ကြေညာခဲ့ပါသည်။
၅။ သို့ဖြစ်၍ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) (RCSS/SSA-S) အဖွဲ့များ၏ လက်အောက်ခံအဖွဲ့အစည်းများသည်လည်း မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပြီး ဖြစ်ပါသည်။
၆။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ်(NCA)တွင် လက်မှတ်ရေးထိုးမည့် ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့ဖြစ်သော (၁)ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ (၂)ချင်းအမျိုးသားတပ်ဦး(CNF)၊ (၃)ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ (၄)ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ (၅) ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့သည်လည်း မတရားအသင်းအဖြစ်မှ လည်းကောင်း၊ အကြမ်းဖက် သူများအဖြစ်မှ လည်းကောင်း အကျုံးဝင်မှုမရှိတော့ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment