မြို့နယ်ပေါင်း ၃၄ မြို့နယ်ရှိ ကျေးရွာအုပ်စုပေါင်း ၄၀၀ ကျော်တွင် ရွေးကောက်ပွဲပြုလုပ်မည် မဟုတ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်
*******************************************************
ရန်ကုန်၊ အောက်တိုဘာ ၁၃- ကချင် ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည် နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေ သကြီးရှိ မြို့နယ်ပေါင်း ၃၄ မြို့နယ်မှ ကျေးရွာအုပ်စုပေါင်း ၄၀၀ ကျော် တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများကျင်းပရန် အခြေ အနေမရှိသည့်အတွက် ရွေးကောက် ပွဲပြုလုပ်မည်မဟုတ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ကြေညာလိုက်သည်။
ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့် ဒေသများကို အောက်တို ဘာ ၁၂ ရက်နေ့ရက်စွဲဖြင့် ကြေညာ ချက် ငါးစောင်ထုတ်ပြန်ကြေညာခဲ့ ခြင်းဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ချိုက ''အဲဒီဒေသတွေက လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပ နိုင်တဲ့ နယ်မြေအခြေအနေမရှိလို့ ရွေးကောက်ပွဲ မကျင်းပနိုင်တာပါ''ဟုပြောသည်။
ကြေညာချက်အမှတ် (၆၁/ ၂၀၁၅)အရ ကချင်ပြည်နယ်အတွင်း မချမ်းဘောမြို့နယ်မှ ကျေးရွာအုပ်စု ၁၅စု၊ ဆွမ်ပရာဘွမ်မြို့နယ်မှကျေးရွာ အုပ်စု ၃၁စု၊ ခေါင်လန်ဖူးမြို့နယ်မှ ကျေးရွာအုပ်စုနှစ်စု၊ ဝိုင်းမော်မြို့နယ်မှ ကျေးရွာအုပ်စု ၁၆စု၊ ချီဖွေမြို့နယ် မှ ကျေးရွာအုပ်စု ကိုးစု၊ ဆော့လော် မြို့နယ်မှ ကျေးရွာအုပ်စု ရှစ်စု၊ အင်ဂျန်းယန်မြို့နယ်မှ ကျေးရွာအုပ်စု ၆၁ စု၊ တနိုင်းမြို့နယ်မှ ကျေးရွာအုပ် စုကိုးစု၊ မိုးမောက်မြို့နယ်မှ ကျေးရွာ အုပ်စု ၂၇စု၊ မံစီမြို့နယ်မှ ကျေးရွာအုပ်စု ၂၄ စုနှင့် ရွှေကူမြို့နယ်မှ ကျေး ရွာအုပ်စု ၁၀ စုပါဝင်ကြောင်း သိရသည်။
ကြေညာချက်အမှတ် (၆၂/ ၂၀၁၅)အရ ကရင်ပြည်နယ်အတွင်း ရှိ ဘားအံမြို့နယ်မှ ကျေးရွာအုပ်စု တစ်စု၊ လှိုင်းဘွဲ့မြို့နယ်မှ ကျေးရွာ အုပ်စု ရှစ်စု၊ သံတောင်ကြီးမြို့နယ်မှ ကျေးရွာအုပ်စု ကိုးစု၊ ကော့ကရိတ် မြို့နယ်မှ ကျေးရွာအုပ်စု ခုနစ်စု၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကျေးရွာ အုပ်စု ၃၈ စု၊ မြဝတီမြို့နယ်မှ ကျေး ရွာအုပ်စု ခြောက်စုနှင့် ဖာပွန်မြို့နယ်မှ ကျေးရွာအုပ်စု ၂၅ စုတို့တွင် ရွေး ကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ပြည် နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁)နေရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားပြု ဝင်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦး နေရဲထက်က ''အဲဒီဒေသမှာနေထိုင် တဲ့သူတွေရဲ့ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးတာပေါ့။ သူတို့တွေလဲ မဲပေး ချင်တယ်။ ကျွန်တော်တို့ပါတီဝင် တွေလဲ အတော်များများရှိတယ်။ မဲစာရင်းကပ်တုန်းက တော်တော် များများပါတယ်။ အခုမှကော်မရှင်က လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေး ကောက်ပွဲမလုပ်နိုင်ကြောင်း ပြောတယ်။ အဲဒီဒေသက ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့် လက်လွတ်ဆုံးရှုံးတာ ပေါ့''ဟု ပြောသည်။
ကြေညာချက်အမှတ် (၆၃/ ၂၀၁၅)အရ ပဲခူးတိုင်းဒေသကြီးအ တွင်းရှိ ကျောက်ကြီးမြို့နယ်မှ ကျေး ရွာအုပ်စု ၁၂စုနှင့် ရွှေကျင်မြို့နယ်မှ ကျေးရွာအုပ်စု ၂၉ စုနှင့် ကြေညာ ချက်အမှတ်(၆၄/၂၀၁၅)အရ မွန် ပြည်နယ် ဘီးလင်းမြို့နယ်မှ ဘော နောခီးကျေးရွာအုပ်စုတို့တွင်လည်း ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြင်းမရှိ ကြောင်း ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်အတွင်းရှိ ပန်ဆမ်း (ပန်ခမ်း)မြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ မိုင်းမောမြို့နယ်၊ နားဖန်းမြို့နယ်နှင့် မိုင်းလားမြို့နယ် မူဆယ်မြို့နယ်မှ ကျေးရွာအုပ်စု လေးစု၊ ကုန်းကြမ်း မြို့နယ်မှ ကျေးရွာအုပ်စု နှစ်စု၊ မန် တုံမြို့နယ်မှ ကျေးရွာအုပ်စု လေးစု၊ မိုင်းခတ်မြို့နယ်မှ ကျေးရွာအုပ်စု လေးစု၊ မိုင်းယန်းမြို့နယ်မှ ကျေးရွာ အုပ်စု နှစ်စု၊ မိုင်းယန်းမြို့နယ်မှ ကျေးရွာအုပ်စု ၁၅ စု၊ မိုင်းယောင်း မြို့နယ်မှ ကျေးရွာအုပ်စု ရှစ်စု၊ မိုင်း တုံမြို့နယ်မှ ကျေးရွာအုပ်စု လေးစု နှင့် မက်မန်းမြို့နယ်မှ ကျေးရွာအုပ်စု ၁ရ စုတွင်လည်း ရွေးကောက်ပွဲကျင်း ပနိုင်ခြင်းမရှိကြောင်း ကြေညာချက် အမှတ် (၆၅/၂၀၁၅) ဖြင့်ထုတ်ပြန် ခဲ့သည်။
ရှမ်းပြည်နယ်အတွင်းရှိ '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ မြို့ နယ်လေးခုဖြစ်သည့် ပန်ဆမ်း(ပန် ခမ်း)မြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ မိုင်း မောမြို့နယ်၊ နားဖန်းမြို့နယ်နှင့် ရှမ်း ပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့နယ် တို့တွင် ၂၀၁၀ ရွေးကောက်ပွဲကျင်းပ စဉ်ကလည်း ယင်းမြို့နယ်များတွင် ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
#Democracytoday
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment