မြန်မာ့အလင်း အယ်ဒီတာ့အာဘော်
အွန်လိုင်းမီဒီယာခေတ်
============================
အိုင်တီနည်းပညာများ တွင်ကျယ်စွာ အသုံးချလာ နိုင်သည်နှင့်အမျှ ကမ္ဘာကြီးသည် ရွာကြီးသဖွယ်ဖြစ်လာ သည်ဟု ပညာရှင်တို့က ဆိုကြသည်။ ကမ္ဘာ့မည်သည့်နေရာ၌ ဖြစ်ပျက်သောထူးခြားဖြစ်စဉ်မဆို ကမ္ဘာ့အခြား ၊ အခြားသော ဒေသများမှ အချိန်နှင့်တစ်ပြေးညီ ကြားသိနေရသည်။ အိုင်တီ နည်းပညာများ ထွန်းကားတိုးတက်လာခြင်း၊ သတင်းအတတ် ပညာများ တိုးတက်လာခြင်းတို့ကြောင့် ကမ္ဘာကြီးသည် ရွာကြီးသဖွယ်ဖြစ်လာနေသည်။ တစ်နည်းအားဖြင့် အွန်လိုင်း မီဒီယာခေတ်သည် လျင်မြန်စွာ တိုးတက်ပြောင်းလဲလျက်ရှိ သည်။
ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် တယ်လီဖုန်းသိပ်သည်းဆ (Teledensity )တိုးတက်မြင့်မားလာစေရန်နှင့် ကျေးလက် နှင့်မြို့ပြကွာဟမှုမရှိစေဘဲ ပြည်သူများ တယ်လီဖုန်းဆက်သွယ် မှု အဆင်ပြေချောမွေ့စွာ ဆက်သွယ်ဆောင်ရွက်နိုင်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ နှစ်တွင် တယ်လီဖုန်းသိပ်သည်းဆ ၅ဝ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ယခု ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် တယ်လီဖုန်းသိပ်သည်းဆကို ၈ဝ ရာခိုင်နှုန်းအထိ တိုးတက်လာအောင် ရည်မှန်းဆောင်ရွက် လျက်ရှိပါသည်။
ဤသို့ တယ်လီဖုန်းသိပ်သည်းဆကို တိုးတက်သည်ထက် တိုးတက်အောင် မျှော်မှန်းဆောင်ရွက်လာနိုင်သည်နှင့်အမျှ လူမှုကွန်ရက်မီဒီယာသုံးစွဲမှုသည်လည်း တစ်ဟုန်ထိုး တိုးတက် မြင့်မားလျက်ရှိသည်ကို တွေ့ရမည်ဖြစ်ပါသည်။ တစ်နည်း အားဖြင့် အွန်လိုင်းမီဒီယာသည် အရှိန်အဟုန်ဖြင့် တိုးတက်လာနေ ပြီဖြစ်ပါသည်။ လူငယ်လူရွယ်များသာမက သက်ကြီးပိုင်းများ အထိ Facebook , Viber , E-mail, Gmail တို့ကို ကောင်းစွာ အသုံးချနေကြပြီဖြစ်ပါသည်။ ပညာရှင်တို့၏ ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံတွင် Facebook သုံးစွဲသူ ခြောက်သန်းရှိပြီး အင်တာနက်သုံးစွဲသူဦးရေ ၁၁ သန်းရှိကြောင်း သိရပါသည်။
ယခုအခါ ပုံနှိပ်မီဒီယာများဖြစ်သည့် သတင်းစာများက ယင်းတို့၏ သတင်းစာ trademark ကို ပိုမိုလူသိများ အောင်မြင်စေရန် အချိန်နှင့်တစ်ပြေးညီ အွန်လိုင်းမှတစ်ဆင့် သတင်းများကို လွှင့်တင်ပေးလျက်ရှိပါသည်။ Facebook စာမျက်နှာများတွင် သတင်းအချက်အလက်နှင့် အဖြစ်အပျက် များစွာတို့ကို လေ့လာဖတ်ရှုခွင့် ရရှိနေကြပြီဖြစ်ပါသည်။ အွန်လိုင်းမီဒီယာသည် အရှိန်အဟုန်အားကောင်းကောင်းနှင့် တိုးတက်လာနေပြီ ဖြစ်ပါသည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ အီလက်ထရွန်နစ် သတင်းစာလုပ်ငန်းများ တိုးတက်လာခြင်း၏ အစဟုလည်း ဆိုနိုင်ပါသည်။
တစ်ချိန်က လူနည်းစုသာ အသုံးပြုနိုင်သော လက်ကိုင် ဖုန်းများကို ယခုအခါ လမ်းဘေး၌ အလွယ်တကူ ဝယ်ယူ နိုင်ပြီဖြစ်ပါသည်။ အင်တာနက်ပါ ဆင်းကတ်များ အလွယ် တကူရနေပြီဖြစ်ပါသည်။ ယင်း၏အကျိုးဆက်အဖြစ် အွန်လိုင်း မီဒီယာသည်လည်း တိုးတက်နေပြီဖြစ်ပါသည်။ သတင်းသိခွင့် များပိုမိုမြန်ဆန်လာပြီး လူတိုင်းလူတိုင်း အွန်လိုင်းမီဒီယာ တိုးတက်လာမှုနှင့်အတူ ဗဟုသုတများ တိုးပွားလာတော့မည် ဖြစ်ပါကြောင်း။ ။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment