Sunday, October 11, 2015

ဒါဖတ်ပြီးမှNLDကိုမဲပေးမပေးစဉ်းစားပါ --------------------------------------------------

ဒါဖတ်ပြီးမှNLDကိုမဲပေးမပေးစဉ်းစားပါ
--------------------------------------------------

အဆင့်မြင့်အဆောက်အဦတစ်ခုတည်ဆောက်ရာတွင် ဖေါင်ဒေးရှင်း သို့မဟုတ် Column(ထောက်တိုင်)တစ်ခုသည် အရည်အသွေးမပြည့်မီပါက အဆောက်ဦတစ်ခုလုံးအား အန္တရာယ်ရှိနေသော အခြေနေကို ဖြစ်ပေါ်စေပါသည်။

အဝေးပြေးလမ်းမကြီးတစ်ခု၏ အကွေ့နေရာတွက် မှားယွင်းသော Super elevationဖြစ်ပေါ်နေပါက မောင်းနှင်သောယာဉ်များအတွက် အန္တရာယ်ရှိသော အခြေနေကို ဖြစ်ပေါ်စေပါသည်။

မော်တော်ယာဉ်ထုတ်လုပ်သော စက်ရုံတစ်ခုတွင် ဥပမာဘရိတ်ကဲ့သို့သောအစိတ်အပိုင်းတစ်ခုတွင် အရည်အသွေးမကောင်းသော ပစ္စည်းနည်းစနစ်များမှားယွင်းမှုရှိပါက ဝယ်ယူအသုံးပြုသူများအတွက် အန္တရာယ်ရှိသော အခြေနေကို ဖြစ်ပေါ်စေပါသည်။

ရေနံ သဘာဝဓါတ်ငွေ့ပိုက်လိုင်းတစ်နေရာတွင် အရည်အသွေးမပြည့်မီသော Welding jointတစ်ခုရှိနေပါက အချိန်မရွေး ယိုစိမ့်ပေါက်ကွဲနိုင်၍ အန္တရာယ်ရှိသော အခြေနေကို ဖြစ်ပေါ်စေပါသည်။

ထို့အတူ နိုင်ငံကိုအုပ်ချုပ်မည့် အစိုးရဖွဲ့စည်းဆောင်ရွက်ခွင့်ရမည့် အာဏာရ ပါတီကြီးတစ်ခု၏လုပ်ငန်းစဉ်များသည်လည်း constructionတစ်ခုလို တည်ဆောက်ပုံဖော်ရခြင်းဖြစ်သည်။အားနည်းချက် လိုအပ်ချက်များရှိပါက နိုင်ငံနှင့်ပြည်သူအတွက် အန္တရာယ်ရှိသော အခြေနေကိုဖြစ်ပေါ်စေပါလိမ့်မည်။

ယခုအာဏာရ အစိုးရအနေဖြင့် ၅နှစ်အတွင်း
စာပေလွတ်လပ်ခွင့် သတင်းအင်တာနက်လွတ်လပ်ခွင့် မော်တော်ယာဉ်ပေါ်လစီ နိုင်ငံခြားရေးပေါ်လစီ စီးပွားရေး လူမှုရေး အဓိကကျသော ဥပဒေများစွာကို အတည်ပြုပြဌာန်းပေးနိုင်ခဲ့သည်ကိုတွေ့ရမည်။အစိုးရထိပ်တန်းခေါင်းဆောင်များ ဝန်ကြီးများ ကြံ့ဖွင့်ပါတီမှလွှတ်တော်အမတ်များအနေနှင့်လည်း လာဘ်ပေးလာဘ်ယူမှု အလွဲသုံးစားပြုလုပ်ခြင်း စသဖြင့် နာမည်ပျက်ကွက် တစ်ခုမှမရှိ အမှားအယွင်းနည်းနိုင်သမျှအနည်းဆုံးအခြေအနေဖြင့် နိုင်ငံ့လိုအပ်ချက် ပြဿ နာပေါင်း သုံးသောင်းနှစ်ထောင်အား ကျော်လွှားဖြေရှင်းနိုင်ခဲ့သည်ကိုတွေ့ရပေလိမ့်မည်။

သို့သော် အပေါ်ကဘယ်လောက်ကောင်းမွန်သည့်ပေါ်လစီများချချ
အဓိကပြဿ နာက ဖေါင်ဒေးရှင်း columnဒေါက်တိုင်များဟုဆိုရမည့် ပြည်သူလူထုနှင့် အောက်ခြေဝန်ထမ်းအများစု ဟုဆိုရမည်။
အပေါ်ကဘယ်လောက်ရွေ့ရွေ့ အောက်ကလိုက်မရွေ့နိုင်လျင် အချည်းနီးသာဖြစ်မည်။

လာမည့်ရွေးကောက်ပွဲတွင်
ဒေါ်စုပါတီအာဏာရမည်ဆိုပါစို့ နောက်သက်တမ်း၅နှစ်အတွင်း နာမည်ကျော် ရန်ကုန်ပြည်သူ့ဆေးရုံကြီးက အုပ်ချုပ်ရေးပိုင်းမှအစ ကုသမှုပိုင်းဆိုင်ရာအလယ် အပေါက်စောင့်လုံခြုံ ရေးဝန်ထမ်းအဆုံး ပြောင်းလည်းနိုင်ပါမည်လား…

ဟိုက်ဝေးခရီးသည်တင်ယာဉ်များ မြို့တွင်းဘတ်စ်ကားများ ကိုယ်ပိုင်မော်တော်ယာဉ်များ အနှေးယာဉ်အဆုံး စည်းကမ်းတကျ မောင်းနှင်ကြပါမည်တဲ့လား…

ရောင်စုံလက်နက်ကိုင်များအားလုံး လက်နက်ချအလင်းဝင် နိုင်ငံရေးလမ်းကြောင်းပေါ်ရောက်လာနိုင်သည်ဟု ထင်မြင်မိပါသလား…

သစ်ခိုး ဝါးခိုးကအစ မူးယစ်ဆေးဝါးအလယ် ဒုစရိုက်မှုများ လုံးဝလျော့ကျသွားမည်ဟုထင်မြင်မိပါသလား…

ဝန်ထမ်းအားလုံး ရုံးဆင်းရုံးတက်မှန် လာဘ်ပေးလာဘ်ယူမှုပပျောက်ပြီး မှောင်ခိုစနစ် ပွဲစားစနစ် ကျူ ရှင်စနစ် များပပျောက်သွားပါမည်တဲ့လား…

စသဖြင့်စသဖြင့် ပြဿ နာပေါင်း သုံးသောင်းနှစ်ထောင်မကကို ၅နှစ်အတွင်းပြောင်းလဲပေးနိုင်ပါမည်တဲ့လား။

ပွင့်ပွင့်ပြောပါမည် အရင်စစ်အစိုးရက သူတို့လွှဲပေးခဲ့မည့် ဦးသိန်းစိန်အစိုးရအတွက် လက်ရွေးစင်များကိုသာနေရာချထားပေးခဲ့ခြင်းဖြစ်သည်။သမ္မတ ကာချုပ် စသည့်ခေါင်လူကြီးများကစ၍ လွှတ်တော်ဥက္ကဌအလယ် လွှတ်တော်အမတ်အဆုံး ပြီးခဲ့သည့်၅နှစ်တာကာလအတွင်း ပြည်တွင်းနှင့်နိုင်ငံတကာကပါ အမြင်မတင့်တယ်သည့် စီးပွားရေး လူမှုရေး အရှုပ်အတွေးများမတွေ့ရ တိုင်းပြည်အတွက် အားထည့်လုပ်ကိုင်သွားသည်များကိုသာတွေ့ရပါသည်။

ကျနော့်ကိုယ်ပိုင်ဆန္ဒအရဆိုလျင် လက်ရှိအစိုးရခေါင်းဆောင်ပိုင်းအစုအဖွဲ့ကို နောက်သက်တမ်းတစ်ခု ရှိနေစေချင်သေးသည်။အုပ်ချုပ်ရေးပိုင်းဆိုင်ရာ သန့်ရှင်းရေးလုပ်ငန်းများလည်း သူတို့တဆင့်ခြင်းသွားလိမ့်မည်။
မပြီးပြတ်ခဲ့သေးသော ပြဿ နာပေါင်း သုံသောင်းနှစ်ထောင်ကိုလည်း လာမည့်သက်တမ်း၅နှစ်အတွင်း ရာခိုင်နှုန်းတော်တော်များများ ဖြေရှင်းပေးနိုင်လိမ့်မည်ဟု ယုံကြည်မိသည်။

NLDသာအစိုးရဖွဲနိုင်ခဲ့ရင်တော့ သည်လိုမဟုတ်။သူတို့အစိုးရအဖွဲ့အထိုင်ကျဖို့ကို အနည်းဆုံးသုံးနှစ်လောက်အချိန်ယူရလိမ့်မည်။ဘယ်လောက်ပဲ ပိုင်ဆိုင်မှုစာရင်းကောက်ယူထားသည်ဆိုဆို ပြည်သူကိုအတိအလင်းချပြထားသည့်အရာလည်းမဟုတ်။ငါတို့အလှည့်ရောက်ရင်ဆိုပြီး လက်သီးလက်မောင်းတန်းနေကြတာတွေရှိကောင်းရှိနိုင်မည်။ပါတီတွင်းသန့်ရှင်းရေးကိစ္စများနှင့်ပင် ပြည်သူဘက် တိုင်းပြည်ဘက်တော်တော်နှင့်လှည့်နိုင်မည်မဟုတ်ချေ။အခြားတွေးကြည့်စရာတွေအများကြီးဖြစ်သည်။

NLDကို ကျနော်တို့ ၃နှစ်တာလေ့လာကြည့်ပြီးလည်းဖြစ်သည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်နေ့မှာ ကျင်းပခဲ့တော့ မဲဆန္ဒနယ်မြေတိုင်းမှာ
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ပင်နီဝတ် အတိုက်အခံပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်သွား ခဲ့ပါတယ်…

ဒီလိုနဲ့ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတွေနဲ့ ပြည်သူလူထုကတော့ အတိုက်အခံပါတီဟာ အစိုးရရဲ့ ပေါ်လစီမူဝါဒတွေနဲ့ အုပ်ချုပ်ရေးမှာ မဲဆန္ဒရှင် ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုပြီး ဝေဖန်ပြောဆို အတိုက်အခံလုပ်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ခဲ့ကြတယ်…

ဒါပေမယ့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်တွေ ကောက်တာကလွဲလို့ တိုင်းရင်းသားအရေး၊ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေကစ ကျောင်းသားသပိတ်အဆုံး လွှတ်တော်ထဲ ဘာမှလောက်လောက်လားလားမရှိခဲ့တဲ့ပါတီကို ကျနော်တို့ ဘာ့အတွက်မျှော်လင့်နေကြသလဲလို့လည်း မေးခွန်းထုတ်ခြင်မိပါတယ်။

ဒါ့ထက်ပိုလို့ NLDကိုခွဲခြမ်းစိတ်ဖြာကြည့်ပါဦးမည်…

၁။NLDတွင် ဒေါ်စုမှလွဲ၍ လောက်လောက်လားလားခေါင်းဆောင်မှုမျိုးမမြင်တွေ့ရခြင်း

၂။ဒေါ်စုနှင့် နာယကများ အမှုဆောင်များ ကျန်ခေါင်းဆောင်များကြား အရည်အသွေးကွာဟမှုများနေခြင်း

၃။NLDပါတီအတွင်း အလားအလာကောင်းသော လူငယ်မျိုးဆက်သစ်ထင်ထင်ရှားရှားမရှိခြင်း

၎။ဒေါ်စုတစ်ယောက်ထဲသာ တာဝန်တွေအကုန်ယူဆောင်ရွက်နေသလိုမြင်ရခြင်း

၅။၈၈ကျောင်းသားခေါင်းဆောင်ဆိုသူများအား ပါတီအတွင်းပူးပေါင်းလာအောင် မစွဲဆောင်နိုင်ခြင်း

၆။ပြည်တွင်းစစ်ပွဲများတွင် မိမိကိုကမ်းလှမ်းမှုမရှိ၍ကြားဝင်ဆောင်ရွက်မပေးနိုင်ဟု အကြောင်းပြသည်မှာ လက်သင့်ခံပေးလို့ရသော်လည်း အရှိန်ဝါကြီးမားသောနိုင်ငံရေးပါတီခေါင်းဆောင်တစ်ဦးအနေနှင့် သဘောထားကြေငြာချက်လောက်တောင် ထုတ်ပြန်ပေးနိုင်မှု စေတနာကိုမတွေ့ရခြင်း

၇။အခြားဒီမိုကရေစီအင်အားစုပါတီများနှင့် ရင်းနီးသောဆက်ဆံမှုကိုမတွေ့မြင်ရခြင်း၊လူရာမသွင်းခြင်း၊ပေါင်းစည်းအင်အားယူရမည်ကိုမသိခြင်း

၈။လွှတ်တော်အတွင်းဒေါ်စုအပါအဝင် NLDအမတ်များမှ ထင်ရှားသည့်အဆိုအမိန့်မျိုးတင်သွင်းသည်ကိုမတွေ့ရခြင်း

၉။လက်တွေ့ကာလအရေးအရာများထက် သမ္မတဖြစ်ရေးကိုသာအားစိုက်လုပ်ကိုင်နေမှုကြောင့် တဖြေးဖြေးယုံကြည်မှုလျော့ကျ သံသယပွားမိခြင်း

၁၀။အမျိုးသားရေးကို လစ်လျူပြုတဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ဖြစ်နေခြင်း

စသဖြင့် စသဖြင့်……

ထိုအခြင်းအရာများကိုကျော်လွန်၍ ၂၀၁၅ရွေးကောက်ပွဲအလွန် ဒေါ်စုအာဏာရလာပြီး NLDအစိုးရဖွဲ့နိုင်ခဲ့သည်ရှိသော် ကျနော်အထက်ကတင်ပြခဲ့တဲ့အကျိုးဆက်ကြောင့်…

၁။NLDအနေနှင့် အဆင့်မီနိုင်ငံရေးသမားမပြည့်စုံမှုကြောင့် နိုင်ငံတကာအလယ် အိုးနင်းခွက်နင်းဖြစ်ကာ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ကျွမ်းကျင်ပိုင်နိုင်စွာတည်ဆောက်နိုင်မည်မဟုတ်၍ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများအတွက် ပြည်သူတစ်ရပ်လုံးတည်ငြိမ်အေးချမ်းစွာ ပါဝင်နိုင်အောင် စွမ်းဆောင်နိုင်မှုမရှိနိုင်ခြင်း

၂။အများမျှော်လင့်သလို နိုင်ငံရဲ့အကျိုးစီးပွားရလဒ်များတိုးတက်ကောင်းမွန်အောင်ခေါင်းစဉ်တပ်ကာ မြေစမ်းခရမ်းပျိုးလက်တည့်စမ်းကြမည့် ပါတီဝင်များ၏အကျိုးအားကြောင့် နိုင်ငံ့စီးပွားရေး ကမောက်ကမဖြစ်စဉ်များပေါ်ပေါက်လာနိုင်ခြင်း

၃။ခရိုနီစနစ်မပျက်သုဉ်းနိုင်သည့်အပြင် ခရိုနီလက်သစ်များ ထပ်မံပေါ်ပေါက်လာနိုင်ခြင်း

၎။အတွေ့အကြုံကစကားပြောမည့် စီးပွားရေးကဏ္ဍများတွင်လည်း နိုင်ငံခြားတိုင်းပြည်များ နိုင်ငံတကာကုမ္ပဏီကြီးများနှင့်ဆက်ဆံရာတွင် နိုင်ငံရေးအေးဂျင့်များ ကျေးဇူးခံကြားပွဲစားများ၏ မသာမာသည့်လုပ်ထုံးလုပ်ဟန်များမှ ရှုပ်ထွေးပွေလီ၍မငြင်းဆန်သာသော စာချုပ်စာတမ်းများဖြင့် လက်ရှိအရှုပ်အထွေးများကြားမှ ရုန်းမထွက်နိုင်သည့်အပြင် စီးပွားရေးဝဲဂယက်အတွင်း ပိုမိုနစ်သထက်နစ်လာနိုင်ခြင်း

၅။၎င်းအစိုးရတစ်ဆက်ကို လေ့လာအကဲခတ်နေကြဦးမည်ဖြစ်သော ပြည်ပနိုင်ငံများရှိ မြန်မာနိုင်ငံသားအသိပညာရှင်များ အတတ်ပညာရှင်များ ပြန်လည်ဝင်ရောက်မလာနိုင်သေးခြင်း

၆။တိုင်းရင်းသားအရေး ဖက်ဒရယ်အရေး ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်များယုတ်လျော့လာပြီး သူတစ်လူငါတစ်မင်းတိုင်းပြည်အက်ကြောင်းများအရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လာနိုင်ခြင်း

၇။အရေးကြီးဆုံးထုတ်ရမည့်မေးခွန်းတစ်ခုမှာ တပ်မတော်နှင့်ဆက်ဆံရေး

၈။ပညာရေး ကျန်းမာရေးကဏ္ဍများတွင်လည်း ထပ်ဆင့်အစမ်းသပ်ခံများဖြစ်လာနိုင်ပြီး အသိပညာရှင် အတတ်ပညာရှင်မျိုးဆက် ဆက်လက်မျိုးသုဉ်းနိုင်ခြင်း အသိပညာမြင့်မားသောနိုင်ငံရေးမျိုးဆက်သစ်များ ထပ်မံထွက်ပေါ်မလာနိုင်ခြင်း

၉။စွမ်းရည်မြင့်မားသော အုပ်ချုပ်ရေးစနစ်ပီပြင်အောင်မဆောင်ရွက်နိုင်သည့်အတွက် တရားစီရင်ရေးကဏ္ဍမှေးမှိန်နေဦးမည်ဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုများ စီးပွားရေးလူမှုရေးမသမာမှုများအားကောင်းလာနိုင်ပြီး ငွေကြေးဖောင်းပွ ဈေးကွက်မတည်မငြိမ်မှုများဖြစ်ပေါ်ကာ နေရာအနှံ့လူမျိုးရေးအထိကရုဏ်းများ နိုင်ငံတကာမှုခင်းကြီးများ မူးယစ်မှောင်ခိုဒုစရိုက်ကြီးစိုးမှုများ ကျယ်ကျယ်ပြန့်ပြန့်ကြီးထွားလာနိုင်ပါသည်

၁၀။ ၈၂နိုင်ငံသားဥပဒေပြင်ဆင်ခြင်း အမျိုးစောင့်ဥပဒေပြင်ဆင်ခြင်း စသည့်လုပ်ဆောင်မှုများကြောင့် အမျိုးသားရေးပြဿ နာများကြီးထွားလာပြီး နောက်ဆုံးပြည်တွင်းဒီမိုကရေစီအင်အားစုအချင်းချင်းသွေးကွဲကာ အဖက်ဖက်မှနိုင်ငံရေးချွတ်ခြုံကျ အဟောသိကံဘဝသို့ပြန်လည်ကျရောက်သွားနိုင်ပါလိမ့်မည်

ကျနော်တို့ NLDကိုမဲမပေးပဲ နောက်ထပ်၅နှစ်လောက်ထပ်မံစောင့်ကြည့်လိုက်တာက နှစ်၅၀လောက်နောက်ကျသွားတာမဟုတ်ပါ။ သို့မဟုတ်ပါက နောက်ထပ်နှစ်၅၀လောက် နောက်ပြန်ဆုတ်သွားတာမျိုးဖြစ်သွားနိုင်သည်ကိုတော့ သတိချပ်စေလိုပါသည်။

ဆိုတော့ကာလက်တွေ့ကျကျစဉ်းစားဆုံးဖြတ်ပြီး NLDမှလွဲ၍ အခြားမည်သည့်ပါတီကိုမဆို မဲပေးဖို့ စဉ်းစားကြည့်စေလိုပါကြောင်း တိုက်တွန်းလိုပါသည် ခင်ဗျား။

Aung Htut Thet



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: