Sunday, October 11, 2015

အစိုးရသစ်ကို စောင့်ကြိုနေမည့် ဧရာဝတီမြစ်ဆုံပုစ္ဆာ

အစိုးရသစ်ကို စောင့်ကြိုနေမည့် ဧရာဝတီမြစ်ဆုံပုစ္ဆာ

ရပ်ဆိုင်းထားသော ဧရာဝတီ မြစ်ဆုံ စီမံကိန်း
ကို ယခင်က အကောင်အထည်ဖော်ခဲ့သည့် CPI ကုမ္ပဏီက ရပ်ရွာဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ရွှေ့ပြောင်းခံကျေးရွာသားများအား ငွေထုတ်
ချေးသည့် လူမှုတာဝန်သိတတ်မှု(CSR) အစီအစဉ်ကို ဇွန်လတွင်စတင်လိုက်သည်။ ပြင်ပတွင် တစ်ရာလျှင် အတိုး ၂၀ကျပ်နှုန်း ရှိနေချိန်တွင် ကုမ္ပဏီက နှစ်ကျပ်တိုးဖြင့်
ပြောင်းရွှေ့ခံကျေးရွာသားများအား ငွေထုတ်ချေးခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်အစိုးရ သက်တမ်း ကုန်ဆုံးခါနီးရက်ပေါင်း ၂၆၀ ခန့် အလိုတွင် ထွက်ပေါ်လာသော ငွေထုတ်ချေးသည့်
သတင်းက မြစ်ဆုံစီမံကိန်းပြန်လည်စတင်
မည်ကို မနှစ်မြို့သော ဦးဇော်လုံးအတွက် စိုးရိမ်သောက ရောက်စရာ ဖြစ်နေသည်။ သူက တန်ဖဲကျေးရွာဟောင်းတွင် နေထိုင်သူ
ဖြစ်ပြီး ရွာသစ်သို့ ပြောင်းရွှေ့ရန် ဖိအားပေး ပြောဆိုခံရသည့်ရွာသားများအနက် တစ်ဦး
ဖြစ်သည်။

‘‘စီမံကိန်းကို ပြန်စချင်လို့ အဲဒီလိုလုပ်နေတာ ကျွန်တော် သဘောမကျဘူး။ အိမ်ထောင်စု
တစ်စုကို နှစ်သိန်းထုတ်ချေးတယ်လို့ ပြောတယ်။ ရွာသစ်မှာနေတဲ့သူ တချို့
ကတော့ ချေးကြတယ်လို့ ပြောတယ်။ ဒါပေမဲ့ အနည်းစုပဲချေးကြတာပါ’’ဟု ဦးဇော်လုံးက ပြောသည်။

အဖြူ၊ အမည်းသဲသဲကွဲကွဲ မဖြစ်သေးသည့်
အချိန်တွင် ကုမ္ပဏီက လူထုထောက်ခံမှု
ှုရရှိရန် ကြိုးစားလာသော အတိုးနှုန်းသက်သာ
သည့် ငွေချေးသည့် အစီအစဉ်ကို ဦးဇော်လုံးနည်းတူ မပြောင်းရွှေ့လိုသည့် ရွာသားများကလည်း မနှစ်မြို့ကြပေ။ ထို့ကြောင့် ငွေချေးမည့် အစီအစဉ်ကို သဘောမတူသည့်အနေဖြင့် မည်သူမျှ ငွေချေး ခြင်းမရှိခဲ့ပေ။ ရွာသစ်တွင်နေထိုင်သူ အချို့ကသာ ဈေးဆိုင်ဖွင့်ရန် ချေးငွေ အနည်းငယ်ယူကြသည်။

လက်ရှိအစိုးရသက်တမ်း တွင် ရပ်ဆိုင်းထား
သော စီမံကိန်း ပြန်လည်စတင်ရန် ကုမ္ပဏီက နည်းမျိုးစုံဖြင့် ကြိုးပမ်းနေပြီး တရုတ်အစိုးရ
ကလည်း သံတမန်နည်းအရ သဘာဝ
ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားအချို့၊
တရုတ် စီမံကိန်းဆန့်ကျင်သူအချို့ကို
တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ခဲ့ကာ စီမံကိန်းနှင့်
ပတ်သက်၍ ပြောကြားမှု များလည်းရှိသည်။

လူထုမနှစ်မြို့သော မြစ်ဆုံ စီမံကိန်းကို သမ္မတဦးသိန်းစိန်အစိုး ရက ၂၀၁၁ စက်တင်ဘာတွင် စကားနည်းရန်စဲ
သဘောဖြင့် သူ၏သမ္မတသက်တမ်းငါးနှစ်
တာ ကာလအတွင်း ရပ်ဆိုင်းထားခြင်းကြောင့် နောက်တက်လာမည့် အစိုးရက မြစ်ဆုံ
စီမံကိန်းအနာဂတ်ကို ဆုံးဖြတ်ရမည်
ဖြစ်သည်။

မြစ်ဆုံစီမံကိန်းကို လူထုက ပြင်းပြင်းထန်ထန် ကန့်ကွက်နေဆဲ ဖြစ်နေသကဲ့သို့ လူမှုပတ်ဝန်းကျင် အပေါ်သက်ရောက်နိုင်မှု။ တစ်ဖက် ကလည်း နှစ်နိုင်ငံဆက်ဆံရေးက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် ပါ ချိတ်ဆက်နေသဖြင့် နောက် တက်လာမည့် အစိုးရအတွက် စိန်ခေါ်မှုကြီးပင်ဖြစ်၏။

မြစ်ဆုံစီမံကိန်းကို ထာဝရ ရပ်ဆိုင်းလိုက်မည်
ဆိုပါက ကုမ္ပဏီက တရားစွဲနိုင်ပြီး တရုတ်အစိုးရကလည်း နိုင်ငံရေး၊ စီးပွားရေး
အရ ဖိအားပေးနိုင်သော အလားအလာ
ရှိနေသည်။

ထို့အပြင် ဖိအားများကြောင့် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်မည်ဆိုပါက တရုတ်
အကျိုးစီးပွား ပါဝင်သော စီမံကိန်းအများစုကို မြန်မာပြည်သူများက ဆန့်ကျင်လာမည့် လူထုအုံကြွမှုများလည်း ပေါ်ပေါက်လာနိုင်
ကြောင်းဦးဝင်းမျိုးသူက သုံးသပ်ပြောကြား
သည်။

မြစ်ဆုံစီမံကိန်းသည် နောက်တက်လာမည့်
အစိုးရအတွက် အထွေထွေအကျပ်အတည်း
ကို ဦးတည်လာနိုင်သောကြောင့် ကြိုတင်
ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

‘‘စီမံကိန်းကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ ဆက်တွန်းမယ့်သဘောရှိတယ်။ ဒီစီမံကိန်း
ကြီးက လူထုက မကြိုက်တော့ အထွေထွေ
အကျပ်အတည်းတစ်ခုကိုတော့ ဦးတည် လာမယ်ထင်တယ်’’ဟု ဦးဝင်းမျိုးသူက ပြောသည်။

စီမံကိန်း ဆက်လက်ရပ်ဆိုင်း ၍ တရားစွဲဆိုခဲ့သည်ဆိုပါက တရားရင်ဆိုင်ရန် ပြင်ဆင်ထားသင့် ကာ စီမံကိန်းကို ပြန်လည်စတင် မည်ဆိုပါက စာချုပ်ပြင်ဆင်ချုပ် ဆိုခြင်းများ ကြိုတင်ပြုလုပ်ထား သင့်သည်ဟု လေ့လာသုံးသပ်သူ များက အကြံပြုသည်။

‘‘စီမံကိန်းက လုံးဝရပ်ဆိုင်း သွားမယ်ဆိုရင်
တော့ ကုမ္ပဏီက တရားစွဲရင်စွဲလို့ရမယ်။ နစ်နာဆုံး ရှုံးမှုတွေကို လျော်ရမှာဖြစ်တဲ့အ တွက် အစိုးရအနေနဲ့ ကြိုတင်ပြင်ဆင်မှု
တွေတော့ လုပ်သင့်တယ်။ နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီမှုရှိအောင် ပြင်ဆင်ထားတာမျိုးတွေ လုပ်သင့်တယ်’’ဟု အမေရိကန် Law Firm ၏ တရားလွှတ်တော် ရှေ့နေဦးကျော်ဟိုးက ပြောသည်။

အစိုးရကမြစ်ဆုံစီမံကိန်းစာချုပ်ကိုပြည်သူများ
အား ယနေ့ အချိန်ထိ ပွင့်လင်းမြင်သာစွာ ချပြ ထားခြင်းမရှိသောကြောင့် အနိုင်၊ အရှုံးကို မခန့်မှန်းနိုင်သော်လည်းလျော်ကြေးပေးရမည်
ဆိုပါက လျော့နည်းရေးအတွက် စာချုပ်တွင်
ပါသည့် စီမံကိန်းကုန်ကျငွေ၊ စီမံကိန်းလိုင်စင် တရားဝင်မှုရှိ၊ မရှိ လေ့လာထားသင့်သည်ဟု ဥပဒေအကြံပေးများက ပြောသည်။

စီးပွားရေးလုပ်ငန်းတစ်ခု ရပ်ဆိုင်းခြင်းနှင့်
ပတ်သက်၍ မြန်မာ အစိုးရသည် နိုင်ငံတကာခုံရုံးတွင် တရားရင်ဆိုင်ခဲ့ရသည့် အတွေ့အကြုံတစ်ကြိမ်ရှိဖူးသည်။ အဆိုပါ အမှုသည် မဆလခေတ်တွင် ဖြစ် ပွားခဲ့ပြီး စင်ကာပူနိုင်ငံသားပိုင် ရောင်ခြည်ဦးဘီယာ
စက်ရုံကို အစိုးရက ပြည်သူပိုင်သိမ်းလိုက်ရာမှ တရားစွဲခံခဲ့ရခြင်းဖြစ်သည်။

‘‘အခုအခြေအနေက ရင်းနှီး မြှုပ်နှံသူက တရားစွဲဆိုရတဲ့ အခြေ အနေဖြစ်တယ်။ ဘာတွေပြင်ဆင်ထားရမယ်ဆိုတာတော့ စာချုပ်ကို မမြင်ရတဲ့အတွက် မပြောတတ်ဘူး။ အပေါ်ယံပဲ သိထားတာ။ မဆလခေတ်တုန်း
ကတော့ စင်ကာပူကုမ္ပဏီကို ပြည်သူပိုင်
သိမ်းလိုက်တဲ့ အစိုးရကို လျော်ကြေးပေးဖို့ တရားစွဲဆိုဖူးတယ်။ ဒါပေမဲ့ အဲဒီအမှုက မလျော်လိုက်ရဘူး။ မြန်မာအစိုးရနိုင်ခဲ့တယ်’’
ဟု သမ္မတရုံး ဥပဒေအကြံပေး ဦးဉာဏ်နိုင်ဝင်းက ပြောသည်။

တရားစွဲမည်ဆိုပါက အပြန်အလှန်တရားစွဲဆို
သည့် နည်းကို ကျင့်သုံးသင့်ပြီး၊
တောင်းဆိုသည့်လျော်ကြေးမှန်ကန်မှု ရှိ၊ မရှိ၊ လာဘ်ပေးလာဘ်ယူမှု ရှိ၊ မရှိ၊ တရားဝင်ဖြစ်မှု ရှိ၊ မရှိ၊ ကုန်ကျ စရိတ်မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးရမည်ဟု ဦးဝင်းမျိုးသူကပြောသည်။

မြစ်ဆုံစီမံကိန်းကို ၂၀၀၉ တွင် ကနဦး
တည်ဆောက်မှုစတင် ခဲ့ပြီး သမ္မတဦးသိန်းစိန်
အမိန့်ဖြင့် စီမံကိန်းမရပ်ဆိုင်းမီ ကုမ္ပဏီက လမ်းဖောက်ခြင်း၊ ရေသွယ်၊ မီး သွယ်၊ ကြေးနန်းဆက်သွယ်ရေး ဆောင်ရွက်ခြင်းနှင့် မြေနေရာပြု ပြင်ခြင်း၊ ရွှေ့ပြောင်းပြည်သူများ ကို နေရာချထားပေးခြင်း စသည်တို့ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။

ရေပိုလွှဲပေါက်၊ ရေလမ်းကြောင်းပြောင်းစနစ်
နှင့် ရေကာတာကြီးအောက်ပိုင်း မြစ်ဖြတ်တံတားတည်ဆောက်နေဆဲကာလ
တွင် ရပ်ဆိုင်းခြင်းခံရခြင်းဖြစ် သည်။ စီမံကိန်း ကနဦးအဆင့်တွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံထားကြောင်း ကုမ္ပဏီ က တရားဝင်ထုတ်ပြန်ထားသည်။

စီမံကိန်းကို ပြန်လက်ခံမည် ဆိုလျှင်ပင် နည်းပညာအရ အချိန် ဆွဲသည့်နည်းကို ကျင့်သုံးသင့် သည်ဟု အထက်ပါပုဂ္ဂိုလ်က ထောက်ပြပြောကြားသည်။

‘‘နည်းပညာအရ စီးချင်းထိုး တာပေါ့။ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ပြီး ပြန်စဉ်းစားရမှာ
ဖြစ်တဲ့အတွက် သုတေသနတွေ လုပ်ခိုင်းတဲ့ နည်းပေါ့။ နည်းပညာကို ထောက်ပြရမယ်
ဆိုတော့ အသေးစိတ်ထား ဖို့လိုတယ်။ ကိုယ့်ဘက်က အဲဒါတွေ ဖြည့်ထားဖို့လိုတယ်။ နိုင်ငံတကာက ပညာရှင်တွေငှားမယ်။ ဥပဒေကိုလည်း ပြင်ဆင်ထားရမယ်’’ဟု ဦးဝင်းမျိုးသူက ပြောသည်။

မြစ်ဆုံစီမံကိန်း ပြန်လည် စတင်မည်ဆိုပါက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုစစ်တမ်းကို မြစ်အ ထက်ပိုင်း၊ မြစ်အောက်ပိုင်းများ ကို စနစ်တကျအသေးစိတ်ပြန်လည်လုပ်ဆောင်
ခြင်း၊ အကျိုးခံ စားခွင့် စာချုပ် ပြန်လည်
ပြင်ဆင်ချုပ်ဆိုခြင်းများ ဆောင်ရွက်သင့်
သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။ ကုမ္ပဏီက မြန်မာအစိုးရထံ ရင်းနှီးမြှုပ်နှံမှုပမာဏ ၆၀ ရာခိုင်နှုန်း
ပေးဆောင်ထားသော မြစ်ဆုံရေအားလျှပ်စစ်
စီမံကိန်း၏အကျိုး အမြတ်ခွဲဝေမှုကို လက်ပံတောင်းတောင်ကဲ့သို့ ပြင်ဆင်
ချုပ်ဆိုမည်ဆိုပါက စီမံကိန်းကို ဆက်လက် လုပ်ကိုင်တော့မည်မဟုတ်ကြောင်း ပြောဆိုထားသည်။

‘‘နဂိုစာချုပ်ကတည်းက အမြတ်ကို သေချာခွဲထားတယ်။ ဘယ်နိုင်ငံကမဆို အမြတ်ခွဲဝေရေးကို လာရောက်စစ်ဆေးလို့ရ တယ်။ ကုမ္ပဏီက ရတဲ့အမြတ်က အရမ်းနည်းတယ်။ အမြတ်ပြန်ခွဲဝေမယ်။ စာချုပ်ပြန်ချုပ်မယ်ဆိုရင် ဒီစီမံကိန်းကို မလုပ်နိုင်တော့ဘူး’’ ဟု CPI (Upstream Ayeyawady Confluence Basin Hydropower Co.,Ltd) ဒါရိုက်တာ Wang Qiyue က ၂၀၁၃၌ ပြုလုပ်သည့်သတင်းစာ
ရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြား ခဲ့သည်။

ထို့အပြင် မဖြစ်မနေလုပ် ဆောင်ရမည်ဆိုပါက စီမံကိန်းအကြီးစားမဟုတ်ဘဲ သဘာဝ
ပတ်ဝန်းကျင်ထိခိုက်မှုနည်းသည့် စီမံကိန်း
အသေးစားများ ပြန်လည် လုပ်ဆောင်ခြင်း၊ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ခြင်းနှင့် တာဝန်ခံ မှု၊ တာဝန်ယူမှုများတောင်းဆိုခြင်း များ ဆောင်ရွက်သင့်သည်ဟု လေ့လာသုံးသပ်သူတို့က အကြံပြု သည်။

‘စီမံကိန်းကတော့ မလုပ်သင့်ဘူး။ ပတ်ဝန်းကျင်ထိခိုက်မှု များလို့ ဒါပေမဲ့ မဖြစ်မနေ ဆုံးဖြတ်စရာမရှိဘူး။ လုပ်ရမယ့် ရွေးချယ်စရာမရှိဘူးဆိုရင်တော့ ပတ်ဝန်းကျင်
ထိခိုက်မှုနည်းတဲ့ လောပိတ လို ရေအား
လျှပ်စစ်ထုတ်ယူတဲ့ နည်းတော့ကျင့်သုံး
သင့်တယ်’’ဟု မြစ်ကြောင်း ဘူမိရုပ်သွင်
ပညာရှင် ဒေါက်တာမောင်မောင်အေးက ပြောသည်။

‘‘ဇမ်ဘီယာနိုင်ငံမှာလည်း မြန်မာနိုင်ငံလို ဖြစ်ခဲ့ဖူးတယ်။ တရုတ်စီမံကိန်းတော်တော်
များများ နိုင်ငံသားတွေက မုန်းကြတယ်။ ဇမ်ဘီယာကတော့ စာချုပ်တွေ ပြန်ချုပ်
ဆိုတယ်။ လူထုနစ်နာမှုမရှိအောင် CSR လုပ်ပေးဖို့တရုတ်ကို တိုက်တွန်းတယ်။ အဲဒီနည်းကို သင်ခန်းစာယူပြီး တရုတ်ရဲ့ ချဉ်းကပ်မှုကိုပုံစံပြောင်းအောင်လုပ်သင့်တယ်။တူညီတဲ့ အချက်တွေလည်းရှိသလို မတူညီ
တဲ့အချက်တွေလည်း ရှိတာပေါ့’’ ဟု ဇမ်ဘီယာနိုင်ငံ၏ တရုတ်စီးပွားရေးကို
သုံးနှစ်အကြာ လေ့လာ၍စီးပွားရေးသတင်း
ဆောင်းပါးများ ရေးသားပေးပို့ခဲ့သော AP သတင်းဌာနမှ စီးပွားရေးသတင်းထောက် မစ္စတာ Joseph က ပြောသည်။

ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ နိုင်ငံပိုင်
မြစ်တစ်စင်းဖြစ်နေခြင်းနှင့် မြစ်ကိုမှီခိုသည့် လူဦးရေများနေခြင်းတို့ကြောင့် ထိခိုက်မှု
များနိုင်သော မြစ်ဆုံစီမံကိန်းကို လူထုကမူ မလိုလားကြပေ။

လက်ပံတောင်းတောင်စီမံကိန်းထက် လူထုကန့်ကွက်မှုများ နေခြင်းတို့ကြောင့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် လိပ်ခဲတည်းလည်းနှင့် ဖြေရှင်းရန် ကျန်ရှိ
နေသော မြစ်ဆုံစီမံကိန်းသည် နောက်တက်
လာမည့် အစိုးရသစ်အတွက် အခက်ခဲဆုံး ပုစ္ဆာတစ်ပုဒ် ဖြစ်နေပါလိမ့်သည်။

credit: 7day



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: