ဒေါ်စုက ၈ဖွဲ့အပစ်ရပ်မှာ သက်သေ မလိုက်တာနဲ့ပတ်သက်လို့
ဘာဖြစ်လို့သက်သေအဖြစ်မပါဝင်နိုင်သလဲဆိုရင်..ဖြစ်နိုင်ခြေတွေထွက်လာပါတယ်။
၁။ သူမအနေနဲ့ ဒီကပျက်ကချော်အပစ်ရပ်ကိစ္စဟာ မရေရာဘူးဆိုတာ သိနေခြင်း
၂။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ကိစ္စမှာ မပါဝင်မစွတ်ဖက်လိုခြင်း
၃။ အကြောင်းကတော့ သူမ မဲ ရရေးအတွက်လုံးပမ်းနေစဉ် အပစ်ရပ်NCAကို အားလုံးပါမှထိုးမယ့်အဖွဲ့လူမျိုးများရဲ့ မဲ ရနိုင်မှု ကျဆင်းသွားနိုင်ဖွယ်ရှိခြင်း
၎။ နိုင်ငံတကာက အခေါ်REBELသူပုန် တိုင်းရင်းသားအဖွဲ့တွေနဲ့ သူ့လို နိုဘယ်ဆုရှင်ကြီးက ပတ်သက်နေတယ် ဆိုတဲ့ မှတ်ချက်ကို မလိုလားခြင်း
၅။အပစ်ရပ်မှာ သက်သေအဖြစ်မပါနိုင်ရခြင်းကစစ်ပွဲတွေ ထပ်တိုက်ကြပါဦး ဆိုတဲ့သဘောသက်ရောက်ခြင်း
၆။ကနဦးကတည်းက သူမကို စစ်အာဏာရှင်များက ကြိုတင်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိစ္စနဲ့ပတ်သက်လို့ ဝင်စွတ်ဖက်ခြင်းမပြုရန် ညှိနှိုင်းထားခြင်း
၇။ ထို့ကြောင့် စစ်အစိုးရရဲ့ထိုးစစ်ကြောင့်တိုင်းရင်းသားဒေသခံ စစ်ပြေးဒုက္ခသည် အရေးနဲ့ပတ်သက်လို့သူမ ဘယ်တုန်းက မှ မပါဝင် ခြင်းကိုတွေ့ရနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ
လူထုခေါင်းဆောင်တစ်ဦးအနေနှင့်ပြည်တွင်းတိုက်ပွဲများငြိမ်းအေးစေရေ
အတွက်ကြိုးပမ်းလုပ်ဆောင်ရမည်သာဖြစ်သည်။
သူမ နိုဝင်ဘာရွေးကောက်ပွဲ၌မဲအနိုင်ရ၍အစိုးရသစ်ဖွဲ့နိုင်လိမ့်မည်ဟု ကျွနုပ်တဦးတည်းသဘောထားအရ လုံးဝမယုံကြည်ပါ..
အကြောင်းမှာ စစ်အုပ်စုပါတီများ၏ကလိန်ကကျစ် ပရိယာယ်မဲလိမ်မဲခိုး မှုများက NLDကိုဖိနင်းထားသလိုဖြစ်လိမ့်မည်။
မည်သည့်အစိုးရတက်တက် တိုင်းရင်းသားလက်နက်ကိုင်အရေးပဋိပက္ခကိုမဖြေရှင်နိုင်သရွှေ့တော့မြန်
မာပြည်ဟာသူမ ကြိုးပမ်းနေသော အော်ဟစ်နေသော ဒီမိုကရေစီနိုင်ငံအဖြစ်ဘယ်တော့မှရောက်ရှိမလာနိုင်သလို စစ်ပွဲများထာဝဉ်ရှိနေပေဦးမည်။
Awng Dang
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment