မြစ်ဆုံစီမံကိန်းအတွက် CPI မှ အမေရိကန်ဒေါ်လာ သန်း ၈၀၀ သုံးစွဲပြီးကြောင်းဆို
မြစ်ဆုံရေကာတာ စီမံကိန်းအတွက် CPI ကုမ္ပဏီ အမေရိကန်ဒေါ်လာ သန်း ၈၀၀ အားသုံးစွဲထားပြီဖြစ်ကြောင်းကို Myanmar Times တွင် ရေးသားထားသည်။
မည်သည့် အကြောင်းအရာကြောင့် CPI မှ ယခုကဲ့သို့သုံးစွဲပြီးဖြစ်သည့် ကုန်ကျစရိတ် ကိုထုတ်ပြန်ခဲ့သည်ကို မသိရှိရသော်လည်း ဖြစ်ဆုံစီမံကိန်းအား ထာဝရ ရပ်ဆိုင်းမည်ဆိုပါက မြန်မာအစိုးရမှ အဆိုပါငွေအား ပြန်ဆပ်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်းရေးသားထားသည်။
မြစ်ဆုံစီမံကိန်း ပြန်လည် အကောင်ထည်ဖော်မည် မဖော်မည်သည် ရွှေးကောက်ပွဲအပြီးတက်လာသည့်အစိုးရအပေါ် မူတည်နေကြောင်းလည်းပါရှိသည်။
မြစ်ဆုံစီမံကိန်းအား နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ၂၀၁၁ စက်တင်ဘာ ၃၀ ရက်နေ့စတင်ပြီး သူ့သက်တမ်းတစ်လျှောက်တွင် ရပ်ဆိုင်းခဲ့သည်။
မြစ်ဆုံဒေသခံများမှလည်း မည့်သည့်အစိုးရတက်လာသည်ဖြစ်သော် လည်း မြစ်ဆုံစီမံကိန်းအား ထာဝရရပ်ဆိုင်းအောင် ဆန့်ကျင်သွားမည်ဖြစ်ပြီး မိမိဒေသတွင် ပြန်လည်နေထိုင် လုပ်ကိုင်စားသောက်လိုကြောင်း အောက် တိုဘာလ ၁၀ နေ့က မြစ်ဆုံတွင်ကျင်းပခဲ့သည့် စီမံကိန်း ရပ်ဆိုင်းခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ်နေ့တွင် ဒေသခံများမှ ပြောဆိုခဲ့ကြသည်။
Kachin Waves
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment