Monday, October 12, 2015

ဥရောပ သမဂ္ဂက ရွေးကောက်ပွဲ ကာလရှည်လေ့လာစောင့်ကြည့်သူများကို တိုင်း နှင့် ပြည်နယ်များသို့ စတင် စေလွှတ်

ဥရောပ သမဂ္ဂက ရွေးကောက်ပွဲ ကာလရှည်လေ့လာစောင့်ကြည့်သူများကို တိုင်း နှင့် ပြည်နယ်များသို့ စတင် စေလွှတ်

ရန်ကုန်၊ အောက်တိုဘာ ၁၁

ဥရောပ သမဂ္ဂ (EU) ၏ ရွေးကောက်ပွဲ ကာလ ရှည် လေ့လာစောင့်ကြည့် သူများကို တိုင်းဒေသကြီး နှင့် ပြည်နယ် များသို့ အောက်တိုဘာ ၁၁ ရက်နေ့တွင် စတင်စေလွှတ်ကြောင်း EU ရွေးကောက်ပွဲ လေ့လာရေးအဒုတိယ လေ့လာ ရေးမှူးချုပ် မက်စတီဗင်(Mark Stevens) က ပြောကြားသည်။

အောက်တိုဘာ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့တော် အင်းလျားလိတ်ဟိုတယ်တွင် သတင်းမီဒီယာများ နှင့် တွေ့ဆုံစဉ် ၎င်းကယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိ စောင့်ကြည့် ရန် အတွက် EU မှ ကာလရှည်ရွေးကောက်ပွဲ လေ့လာသူ ၃၀ ဦး ကို စတင်စေလွှတ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ကာလရှည် လေ့လာသူတွေက ကျေးလက်ရော၊ မြို့ပြဒေသတွေပါမကျန် ပြည်နယ်၊ တိုင်းဒေသကြီးနဲ့ နယ်ပယ် အသီးသီးကို လွှမ်းခြုံမိစေမှာဖြစ်ပါတယ်။ သူတို့တွေဟာ လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် အထွေထွေရွေး ကောက်ပွဲကြီးကို မကျင်းပမီ၊ ကျင်းပနေစဉ်နဲ့ ကျင်းပပြီးစဉ် ကာလတစ်လျှောက်လုံး ရွေးကောက်ပွဲလုပ်ငန်း စဉ်တွေ ကို လေ့လာသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ လေ့လာသူများသည် သက်ဆိုင်ရာ မဲဆန္ဒများအလိုက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၊ ကိုယ်စား လှယ် လောင်းများ နှင့် နိုင်ငံရေးပါတီများ အပြင် သတင်းမီဒီယာများ နှင့် ဒေသခံ ပြည်သူများနှင့် ထိတွေ့ လေ့လာသုံးသပ်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ထို့အပြင် ရွေးကောက်ပွဲနေ့တွင် ဥရောပ သမဂ္ဂ အဖွဲ့ဝင်များဖြစ်သော နော်ဝေ၊ ဆွစ်ဇာလန်နှင့် ကနေဒါ အပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ လေ့လာသူပေါင်း ၁၅၀ အထိ စေလွှတ်နေရာချထားမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

EU ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ရွေးကောက်ပွဲကာလအတွင်း တွေ့ရှိချက်များဖြစ်သော ဥပဒေ မူဘောင်များ၊ ကိုယ်စားလှယ်လောင်းများ နှင့် နိုင်ငံရေးပါတီများ၏ မဲဆွယ်လှုပ်ရှားမှုများ၊ မီဒီယာများ၏ လုပ်ကိုင် ဆောင်ရွက်ချက်များ၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲစာရင်းသွင်းခြင်း ရလဒ်များ နှင့် ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းဆုံးဖြတ်ခြင်းများကို လွတ်လပ်တရား မျှတမှု ရှိမရှိ ကို ထုတ်ပြန်ကြေညာ မည်ဖြစ် ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။

ရွေးကောက်ပွဲ တရားမျှတ မှု ရှိမရှိ ကာလရှည်စောင့်ကြည့်လေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် ဥရော ပသမဂ္ဂ EU ၊ ကာတာစင်တာ တို့အကြား နားလည်မှု စာချွန်လွှာ ရေးထိုးထားသည်။

ထို့အပြင် အမေရိကန် နိုင်ငံ အခြေစိုက် IRI အပါအဝင် နယ်သာလန် နိုင်ငံ အခြေစိုက် GCI (Gender Concerns International )နှင့် ဖိလစ်ပိုင် နိုင်ငံ အခြေစိုက် NAMFREL (National Citizens' Movement for Free Elections) အဖွဲ့ တို့ကို ဖိတ်ကြား ထားပြီး အာဆီယံ နိုင်ငံများရှိ ရွေးကောက်ပွဲကော်မရှင်များကိုလည်း ကာလတို လေ့လာစောင့်ကြည့်စေမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံမှသိရသည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: