ကချင်သွေးခွဲတာကို ကရင်တွေလုံးဝ အယုံအကြည်မရှိပါ
October 12, 2015
NCA မှာ ကရင်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ ဖြစ်တဲ့ KNU၊ KNU/KNLA-PC၊ DKBA တို့ လက်မှတ်ရေးထိုးမယ့် ဆုံးဖြတ်ချက်အပေါ် ကရင်ပြည်သူ တစ်ရပ်လုံးက ထောက်ခံအားပေးကြပါတယ်။ ဘယ်လောက်ထိ ထောက်ခံ သလဲဆိုရင်ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ ဒေါနအရှေ့ခြမ်းမှာ နေထိုင်တဲ့
ကျေးရွာ ၁၁ ရွာက ဒေသခံပြည်သူ တွေကတောင် အောက်တိုဘာ ၄ ရက်နေ့မှာ ထောက်ခံကြိုဆိုပွဲ လုပ်ခဲ့ကြပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးအပေါ် ကရင်ပြည်သူတွေဟာ ကရင်လက်နက်ကိုင်တွေနဲ့အတူ လိုလားတယ် ဆိုတာ ပြသခဲ့တာပါ။ ဒါပေမယ့် ကရင် တွေငြိမ်းချမ်းရေးရမှာကို မနာလိုတဲ့ ကချင်လော်ဘီတစ်ယောက်က ကချင်နဲ့ ကရင်အမျိုးများဖတ်ဖို့ဆိုပြီး NCA လက်မှတ်ထိုးတဲ့ကိစ္စအပေါ် မကျေနပ် တဲ့ပုံစံနဲ့ ကရင်တွေ ထင်ယောင်ထင်မှားဖြစ်အောင် ရေးထားတယ်။
ကိုယ့်လူမျိုးအရေးကိစ္စမို့ ကချင်လက်နက်ကိုင် KIO/KIA အကြောင်း အူမချေးခါးသိနေတဲ့ KNU အဖွဲ့ဝင်တစ် ယောက်အနေနဲ့ မပြောမဖြစ် ပြောရပါဦးမယ်။ UNFC မှာ KIA နဲ့ KNU တို့ ထားခဲ့တဲ့ ကတိက၀တ်ရှိခဲ့ပါတယ်။ KNU က အစိုးရကို နှစ်ပေါင်း ၆၀ လုံးလုံး တိုက်နေတဲ့အချိန် KIA က လူ၊ လက်နက်အင်အားနဲ့ စီးပွားရေး တောင့် တင်းအောင်လုပ်ဖို့ပါ။ တကယ်လည်း KNU က အစိုးရကို နှစ်ပေါင်း ၆၀ လုံး တိုက်ခဲ့တယ်။ KIA က လည်း လူ၊ လက်နက်အင်အားတွေ ဖြည့်တင်းပြီး အခုဆိုရင် လိုင်ဇာမြို့ဟာ တော်တော်လေး စီးပွားရေး အချက်အချာလည်း ကျနေပါပြီ။ အခု KNU ငြိမ်းချမ်းရေးယူလိုက်ပါပြီ။ KIA တိုက်ရမယ့်အလှည့်ပါ။ ဘာဖြစ်လို့ KNU ကို အပြစ်လာဖို့ပြီး ကိုယ့်တာဝန်ကို မယူတာလဲ။
တကယ်တော့ KIA ဟာ သစ္စာဖောက်ပါ။ သဘောထားမမှန်ခဲ့လို့ KNU ဟာ UNFC ကနေ နုတ်ထွက်ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးယူလိုက်တာပါ။ သူ့အလှည့်တုန်းက အခွင့်အရေးအပြည့်အ၀ အသုံးချပြီး KNU အခွင့်အရေးရမယ့် အလှည့်ကျတော့ သူက အနစ်နာမခံချင်ဘူး။ အစိုးရက KIA နဲ့ KNU ကို တစ်ပြိုင်နက်တည်းငြိမ်းချမ်းရေး ကမ်း လှမ်းခဲ့တာပဲလေ။ အခွင့်အရေးကိုယ်စီရနေတာပဲ။ KNU က KIA ရဲ့ လူလည်ကျမှုကို ဆက်သည်းမခံနိုင်တော့ တာကြောင့် လက်တွဲဖြုတ်ပြီး ကရင်ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ကရင်လက်နက်ကိုင်တွေက ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တာ။ KIA အနေနဲ့ ကိုယ့်ဘာသာငြိမ်းချမ်းရေးမယူချင်ရင်လည်း ကိုယ့်ဘာသာနေပါ။ အခုတာ့ ကိုယ်တိုက်ရမယ့်အလှည့်ရောက်တော့မှ ဟိုအဖွဲ့လိုက်မဲဆွယ် ဒီအဖွဲ့လိုက်မဲဆွယ် လုပ်နေတာ။ တော်တော်အရှက်မ ရှိတဲ့ အဖွဲ့လို့ ပြောရင်ပိုမှန်ပါလိမ့်မယ်။
KIA အနေနဲ့ သတ္တိရှိရင် ကိုယ်တစ်ဖွဲ့တည်း အစိုးရကို ပြန်တိုက်ပါ။ KNU လည်း အဲဒီလိုလုပ်ခဲ့တာပဲ။ သူရဲ ဘောကြောင်တဲ့ KIA က MNDAA၊ TNLA၊ AA တို့နဲ့ ပေါင်းပြီး အစိုးရကို ပြန်တိုက်ချင်နေတာ။ ဒါကတော့ ကိုယ့် သမိုင်းနဲ့ ကိုယ်ရေးကြတာပါပဲ၊ KNU က တောထဲမှာ နှစ်ပေါင်း ၆၀ ဇာတ်မြှုပ်ပြီး နေ လာခဲ့ပြီးပြီ။ အခုအစိုးရကို ပြန်တိုက်လို့ တိုက်ပွဲဖြစ်ရင် ကရင်ပြည်နယ် မှာဖြစ်မှာ။ ကရင်ပြည်သူတွေပဲ ဒုက္ခရောက်ရမှာဖြစ်သလို ငြိမ်းချမ်း ရေးလည်း တည်ဆောက်လို့ မရနိုင်ပါဘူး။ KIA က လိုင်ဇာ၊ “၀” က ပန်ဆန်း၊ NDAA က မိုင်းလား စသဖြင့် သူတို့ရဲ့ မြို့တော်တွေကို အဆင့်မီအောင် တည်ဆောက်ပြီး ကြပြီ။ ကရင်ပြည်နယ်မှာသာ ဘာမှ မတိုးတက်ဘဲ စစ်ပွဲဒဏ်ကို ခံခဲ့ရတာ။ ကရင်လက်နက်ကိုင်တွေ မတိုက်တော့ဘူး။
ကိုယ့်ပြည်နယ်တိုးတတ်အောင်လုပ်ဖို့ သတိ သံဝေဂရသွားပြီ။ တိုးတက်ဖို့ ဆိုတာကလည်း ငြိမ်းချမ်းရေးရမှ လုပ်လို့ဖြစ်မှာပါ။ ငြိမ်းချမ်းရေးကို ဘယ်လို နည်းနဲ့မှ ပျက်စီးမခံနိုင်ပါဘူး။ ကရင်ပြည်သူတွေကို ကချင်တွေသွေးခွဲနေတာ မယုံကြပါနဲ့။ KNU၊ KNU/KNLA – PC နဲ့ DKBA ကို KIO/KIA မြှူဆွယ်နေတာ မပါသွားပါနဲ့။ အရင်တုန်းက ရွှေလက်တွဲခဲ့တာတွေ မေ့လိုက်ပါ။ ပစ္စုပ္ပန်မှာ သဘောထားချင်းမတိုက်ဆိုင်တော့သလို အနာဂတ်ရပ်တည်ချက်ချင်း လည်း ခြားနားသွားပါပြီ။ ကရင် ပြည်သူတွေရဲ့ဘ၀ကို ကရင်လက်နက် ကိုင်တွေကပဲ ဖန်တီးပေးပါတော့မယ်။ ကရင်လက်နက်ကိုင်တွေ လျှောက် လှမ်းနေတဲ့ ငြိမ်းချမ်းရေးလမ်းမှာ အဖျက်အမှောက်ဆူးငြောင့်ခလုတ်တွေ ရှိရင်လည်း တစ်ခုမကျန် ရှင်းပစ်ရမှာ ဖြစ်ပါတယ်။ ကချင်သွေးခွဲတာကို ကရင်တွေက လုံးဝအယုံအကြည်မရှိပါဘူးလို့ပဲ ပြောလိုက်ချင် ပါတယ်။
စောနေအောင်
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment