Monday, October 12, 2015

လုံခြုံရေးနှင့် နိုင်ငံတည်ငြိမ်ရေးအတွက် လက်ရှိသမ္မတဦးသိန်းစိန် ကိုသာ ရွေးချယ်ထားကြောင်း ဦးဝီရသူမိန့်ကြား ******************************

လုံခြုံရေးနှင့် နိုင်ငံတည်ငြိမ်ရေးအတွက် လက်ရှိသမ္မတဦးသိန်းစိန် ကိုသာ ရွေးချယ်ထားကြောင်း ဦးဝီရသူမိန့်ကြား

***********************************************************
ညီတူး ၊ ရန်ကုန်၊ အောက်တိုဘာ ၉

လာမည့်ရွေး ကောက်ပွဲအလွန်တွင် နိုင်ငံ၏လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် လက်ရှိသမ္မတ ဦး သိန်းစိန် ကိုသာ ရွေးချယ်ထားကြောင်း အမျိုး ဘာသာ၊ သာသနာစောင့်ရှောက်ရေး အဖွဲ့၏ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သူ ဦးဝီရသူ က မိန့်ကြားသည်။

ထိုသို့ပြောဆိုခြင်းမှာ ဆရာတော် တစ်ပါးတည်း၏ သဘောထားသာ ဖြစ်ပြီး မဘသအဖွဲ့အစည်းတစ်ခုလုံး၏ သဘော ထားမဟုတ်သော်လည်း ဆရာတော်၊ သံဃာ တော်အများစုကမူ ထိုကဲ့သို့သော သဘော ထား ရှိကြောင်း ဦးဝီရသူက မိန့်သည်။

''ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထား တဲ့ ဦးစားပေးချင်ကြတဲ့လူတွေက ဒေါ်စုကို ဝန်းရံကြပါ၊ အားပေးကြပါ။ လုံခြုံရေးနဲ့တည် ငြိမ်ရေးကို အဓိကထားတဲ့ ဦးဇင်းတို့တစ်တွေ ကတော့ ဦးသိန်းစိန်ကို ရွေးချယ်ထားပါ တယ်''ဟု ဆရာတော်က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် လူများ သာ နေသည်မဟုတ်၊ သံဃာတော် များလည်း နေသည့်အတွက် နိုင်ငံ၏အနာဂတ်ကို သံဃာများ လည်း ဖန်တီးခွင့်ရှိကြောင်း ဆရာ တော်က မိန့်ကြားသည်။

''လူတွေနဲ့တင်ဆိုင်တာ မဟုတ် ဘူး။ သံဃာတော်တွေနဲ့လဲဆိုင်တယ်။ ဦး ဇင်း အနေနဲ့ကတော့ သံဃာတွေက လူတွေ လို ပါတီထောင် လုပ်ခွင့်တော့ မရှိဘူး။ ဒါ ပေမဲ့ ပါတီတွေကိုတော့ ထိန်းကျောင်းသင့် တယ်။ မကောင်းမြစ်တာ၊ ကောင်းရာညွှန် လတ် လုပ်ပေးရမယ်လေ''ဟု ဆရာတော် ဦးဝီရသူကမိန့်ကြားသည်။

လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေး သမားများ အနေဖြင့် အမျိုးဘာသာ၊ သာသ နာကို ဆောင်ရွက်နေသည့် သံဃာတော်များ နှင့် အမျိုးဘာသာ၊ သာသနာကိုချစ်မြတ်နိုး ကြသော လူထု၏စိုးရိမ်သောကများကို မြင် အောင်ကြည့်တတ်ရန်လည်း ဆရာတော်က မိန့်ကြားသည်။

Yangon Media Group



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: