မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, August 5, 2015
သဘာဝဘေးအန္တရာယ် ကြိုတင်အသိပေးနိုင်ရေး အခမဲ့ SMS ၀န်ဆောင်မှုပေးပို့ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန် ==================
သဘာဝဘေးအန္တရာယ် ကြိုတင်အသိပေးနိုင်ရေး အခမဲ့ SMS ၀န်ဆောင်မှုပေးပို့ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
=========================================
နေပြည်တော် သြဂုတ် ၎
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်သူများသတင်းအချက်အလက် များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေး အရေးပေါ်တယ်လီဖုန်းအမှတ် ၁၈၈၃ မှတစ်ဆင့် ထုတ်ပြန်ဖြေကြားပေးလျက်ရှိပါသည်။ ယခုအခါ သဘာဝဘေးအန္တရာယ် သတင်းအချက်အလက်များအား ပြည်သူများ အချိန်နှင့် တစ်ပြေးညီ ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့်ပူးပေါင်းပြီးSMS ဖြင့် သဘာဝဘေးအန္တရာယ်ကြိုတင်အသိပေးချက် အခမဲ့ဝန်ဆောင်မှုကိုMPT၊ တယ်လီနောနှင့် အော်ရီဒူးလက်ကိုင်ဖုန်းများမှတစ်ဆင့် သြဂုတ် ၄ ရက် နေ့လယ်ပိုင်းမှ စတင်ဆောင်ရွက်ပေးလျက်ရှိသည်။
အသေးစိတ် သတင်းအချက်အလက်များရရှိလိုပါက Call Center ၁၈၈၃ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း ထုတ်ပြန်အပ်ပါ သည်။
ပြန်ကြားရေးဝန်ကြီးဌာန
Subscribe to:
Post Comments (Atom)
No comments:
Post a Comment