Wednesday, August 5, 2015

ကုလကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ မိုးကောင်းမြို့နယ်မှ ရေဘေးသင့်ပြည်သူများအတွက် ရိက္ခာထောက်ပံ့ ==============================================

ကုလကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ မိုးကောင်းမြို့နယ်မှ ရေဘေးသင့်ပြည်သူများအတွက် ရိက္ခာထောက်ပံ့ ============================================== မိုးကောင်း သြဂုတ် ၄ ကချင်ပြည်နယ် မိုးကောင်း မြို့နယ်အတွင်း ဇူလိုင်လလယ်၌ ရေကြီးမှုဖြစ်ပွားခဲ့ရာ ရေဘေးသင့် ပြည်သူများအား ရှာဖွေကယ်ဆယ် ရေးနှင့် အရေးပေါ်ကူညီထောက်ပံ့ ရေးလုပ်ငန်းများကို ကချင်ပြည်နယ် အစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာနများ နှင့် စေတနာရှင်အလှူရှင်များက ဆောင်ရွက်ခဲ့သည်။ ယခုအခါ ရေကျသွားပြီဖြစ်၍ ကယ်ဆယ်ရေးစခန်းမှ နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့မိသားစု ၈၈၆ စု လူဦးရေ ၄၇၇၇ ဦး စားသုံးနိုင်ရန် အတွက် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့(WFP)က ဆန် ၆၄၄အိတ်၊ ပဲ ၈၆ အိတ်၊ ဆီတစ်လီတာ ၂၃၈၈ ဘူး နှင့် ဆားခုနစ်အိတ်စသည်ဖြင့် ရက်သတ္တနှစ်ပတ်စာထောက်ပံ့မှုကို ယနေ့နံနက် ၁ဝ နာရီတွင် နန့်ကောင်း ရိပ်သာ၌ကျင်းပရာ ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန ပြည်နယ်ညွှန်ကြား ရေးမှူး ဦးမင်းသိန်းကလက်ခံခဲ့ပြီး သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပြန်လည် လွှဲပြောင်းခဲ့သည်။ သန်းလွင်ဦး(မိုးကောင်း ပြန်/ဆက်)

No comments: