Wednesday, August 5, 2015

ပခုက္ကူ ၊ ပေါက်၊ ကျောက်ထု၊ ထီးလင်း၊ ရေမျက်နီ၊ ဂန့်ဂေါလမ်း ပြန်လည်ပြု ပြင်ထိန်းသိမ်း ==========

ပခုက္ကူ ၊ ပေါက်၊ ကျောက်ထု၊ ထီးလင်း၊ ရေမျက်နီ၊ ဂန့်ဂေါလမ်း ပြန်လည်ပြု ပြင်ထိန်းသိမ်း =============================== နေပြည်တော် သြဂုတ် ၄ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင် သည် သြဂုတ် ၁ ရက် နံနက်ပိုင်းက ဂန့်ဂေါ- ရေမျက်နီ- ထီးလင်း- ကျောက်ထု- ပေါက်လမ်း ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေတို့ကို လည်းကောင်း၊ ပခုက္ကူ-ပေါက်-ထီးလင်း-ဂန့်ဂေါလမ်းပေါ်တွင် ချောင်းရေ အဆမတန်မြင့်တက် ၍ ရေမျောပျက်စီးသွားသော တံတားဟောင်းနေရာတွင် ချောင်းရေစီးဆင်းမှုဒဏ်ခံနိုင်သည့် တံတားဒီဇိုင်းဖြင့် အသစ်ပြန်လည် တည်ဆောက်ထားသည့် အရှည် ပေ ၃၅၄ဝ အမှတ်(၁) ပေါက်တံတား (အုန်းတော)နှင့် မိုးအဆက် မပြတ်ရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှု ရေလမ်းကြောင်းအခြေ အနေတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်-မုံရွာလမ်း မိုင်တိုင်အမှတ် (၃၈ဝ/ ၂) နှင့် (၃၈၁/ ၁) ကြားရှိ အရှည်ပေ ၂၉၉ဝ အမှတ်(၂)ပေါက်တံတား (ရေပြာ)ကြံ့ခိုင်မှုအခြေအနေနှင့် ပေါက်-ပခုက္ကူ လမ်းအပိုင်းရှိ ချောင်းရေကျော်သည့်နေရာတွင် ကွန်ကရစ်ရေကျော်များ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ (သတင်းစဉ်)

No comments: