မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, August 2, 2015
ဒေသခံရွာသားတစ်ဦး KIAအဖွဲ့မှ ထောင်ထားသောမိုင်း နင်းမိသဖြင့် ပြင်းထန်စွာဒဏ်ရာရရှိ

သြဂုတ်လ ၂ ရက်၊ ၂၀၁၅
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မဟောင်စစ်ရှောင်စခန်းနေ ဒေသခံရွာသားတစ်ဦးသည် ကျွဲကျောင်း သွားစဉ် KIA ထောင်ထားသောမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ယင်း စစ်ရှောင်များထံမှ သိရသည်။
ဇူလိုင်လ ၂၈ ရက်၊ နံနက် ၁၀ နာရီခန့်တွင် မိုးကောင်းမြို့နယ်၊ မဟောင်စစ်ရှောင်စခန်းနေ ဦးမျိုးဝင်းကျော်(ခ) ကိုဖြူ အသက် ၃၃ နှစ်သည် စစ်ရှောင်စခန်းမှ ဆွတ်လျှံကျေးရွာဘက်သို့ ကျွဲကျောင်းသွားရာ ဆွတ်လျှံကျေးရွာအ၀င်တွင် KIA အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးနင်းမိ ပေါက်ကွဲခဲ့သဖြင့် ညာဘက် ခြေဖမိုးပြတ်ထွက်၊ ညာခြေသလုံးမိုင်းစထိမှန် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံရွာသား တစ်ဦးထံမှ သိရသည်။
`` မနက်အစောပိုင်းက ကျွဲကျောင်းဖို့ထွက်သွားတာ၊ မိုင်းကွဲသံကြားလို့စိတ်ပူနေတာ၊ ဆွတ်လျှံရွာသားတွေ သူ့ကိုသယ်လာတော့မှသိရတာ၊ ကလေးတွေကလည်းငယ်သေးတယ်၊ စားဖို့တောင်အနိုင်နိုင်လုပ်နေရတာ၊ အခုလိုမိုင်းထိသွားတော့ ဆေးဖိုးကုန်မှာနဲ့ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး´´ ဟု မိုင်းဒဏ်ရာရသူ၏ဇနီးမှ ပြောပြပါသည်။
ယခုကဲ့သို့ မိုင်းနင်းမိဒဏ်ရာရရှိမှုများ မကြာခဏဖြစ်ပွားလျက်ရှိခြင်းကြောင့် ဒေသခံများ အနေဖြင့် ကျေးရွာများ အတွင်းမှ ၎င်းတို့၏ တောင်ယာလုပ်ငန်းများသို့် သွားရောက်ရာတွင် ဘယ်အချိန် မိုင်းနင်းမိမလဲ ဆိုသည့် စိုးရိမ်စိတ်များဖြင့် ၎င်းတို့၏ စားဝတ်နေရေးကို အသက်နှင့်ရင်းပြီး ဖြေရှင်း နေရကြောင်း မိုးကောင်းမြို့နယ် တွင်းရှိ ကျေးလက်ဆေးပေးခန်းမှ ဆေးဝန်ထမ်းတစ်ဦးက ပြောပြ ခဲ့ပါသည်။
ဆိုင်နော်(ဖားကန့်) ဒေသခံရွာသားတစ်ဦး KIAအဖွဲ့မှ ထောင်ထားသောမိုင်း နင်းမိသဖြင့် ပြင်းထန်စွာဒဏ်ရာရရှိ

ဆိုင်နော်(ဖားကန့်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment