Sunday, August 2, 2015

မှော်အတွင်းရှိ ရွှေလုပ်သားများအား မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသည်ဟု အကြောင်းပြပြီး KIA မှ ဆန်နှင့်ဆက်ကြေး ငွေများ အတင်းအကြပ်တောင်းခံ

မှော်အတွင်းရှိ ရွှေလုပ်သားများအား မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသည်ဟု အကြောင်းပြပြီး KIA မှ ဆန်နှင့်ဆက်ကြေး ငွေများ အတင်းအကြပ်တောင်းခံ သြဂုတ်လ ၁ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာအနီး ၊ မက်လင်ချောင်းမှော်သို့ ဇူလိုင်လ ၂၈ ရက်နေ့တွင် KIA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး မှော်လုပ်သားများအား မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသည်ဟု အကြောင်းပြကာ ဆန်နှင့် ဆက်ကြေးငွေများ တောင်းခံသွားကြောင်း မှော်လုပ်သားအချို့ထံမှ သိရသည်။ ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် KIA အဖွဲ့တစ်ဖွဲ့သည် မက်လင်ချောင်းမှော်အတွင်း ရောက်ရှိလာပြီး ရွှေတူးဖော်လုပ်ကိုင် နေကြသည့် အလုပ်သမားများအား မူးယစ်ဆေးဝါးအကြောင်းပြ၍ ရှာဖွေခြင်း၊ စစ်ဆေးခြင်း၊ အမည်စာရင်းများနှင့် ၎င်းတို့ကိုင်ဆောင်ထားသည့် ဖုန်းနံပါတ်များအား ကောက်ယူခြင်းများ ပြုလုပ်သွားကြောင်းနှင့် တပ်မတော်စစ်ကြောင်းများဝင်ရောက်လာပါက အမြန်ဆုံးသတင်းပို့ရန် မှာကြားပြီး ဆက်ကြေးငွေအပြင် ၎င်းတို့အဖွဲ့စားသုံး ရန် ဆန်နှင့်အခြားပစ္စည်းများကိုလည်း အတင်းအကြပ် တောင်းယူသွားခဲ့ကြောင်း ရွှေလုပ်သားတစ်ဦးမှ ပြောပါ သည်။ “ KIA အဖွဲ့တွေ ဖားကန့်မြို့နယ်ထဲက ရွှေမှော်တွေမှာ မကြာခဏဆိုသလို မူးယစ်ဆေးဝါးအကြောင်းပြပြီး လူသစ်စု၊ ဆက်ကြေးကောက်နေတာ တစ်ခါမကတော့ဘူး၊ သူတို့အဖွဲ့ အခုလို မတရားပြုလုပ်နေတာတွေအပေါ် ဒေသခံတွေ အနေနဲ့ မကျေမနပ်ပေမယ့် အသတ်ခံရမှာကြောက်လို့ မပြောရဲကြပါဘူး၊ သက်ဆိုင်ရာ KIA ခေါင်းဆောင်ပိုင်းကို တိုင်ကြားခဲ့ပေမယ့် ဖြေရှင်းဆောင်ရွက်ပေးတာမျိုး မရှိသေးဘူး၊ စိတ်ပျက်စရာပါ ” ဟု နန့်ယားကျေးရွာ ဒေသခံတစ်ဦးမှ ပြောပါသည်။ ဆိုင်နော်(ဖားကန့်) မှော်အတွင်းရှိ ရွှေလုပ်သားများအား မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသည်ဟု အကြောင်းပြပြီး KIA မှ ဆန်နှင့်ဆက်ကြေး ငွေများ အတင်းအကြပ်တောင်းခံ သြဂုတ်လ ၁ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာအနီး ၊ မက်လင်ချောင်းမှော်သို့ ဇူလိုင်လ ၂၈ ရက်နေ့တွင် KIA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး မှော်လုပ်သားများအား မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသည်ဟု အကြောင်းပြကာ ဆန်နှင့် ဆက်ကြေးငွေများ တောင်းခံသွားကြောင်း မှော်လုပ်သားအချို့ထံမှ သိရသည်။ ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် KIA အဖွဲ့တစ်ဖွဲ့သည် မက်လင်ချောင်းမှော်အတွင်း ရောက်ရှိလာပြီး ရွှေတူးဖော်လုပ်ကိုင် နေကြသည့် အလုပ်သမားများအား မူးယစ်ဆေးဝါးအကြောင်းပြ၍ ရှာဖွေခြင်း၊ စစ်ဆေးခြင်း၊ အမည်စာရင်းများနှင့် ၎င်းတို့ကိုင်ဆောင်ထားသည့် ဖုန်းနံပါတ်များအား ကောက်ယူခြင်းများ ပြုလုပ်သွားကြောင်းနှင့် တပ်မတော်စစ်ကြောင်းများဝင်ရောက်လာပါက အမြန်ဆုံးသတင်းပို့ရန် မှာကြားပြီး ဆက်ကြေးငွေအပြင် ၎င်းတို့အဖွဲ့စားသုံး ရန် ဆန်နှင့်အခြားပစ္စည်းများကိုလည်း အတင်းအကြပ် တောင်းယူသွားခဲ့ကြောင်း ရွှေလုပ်သားတစ်ဦးမှ ပြောပါ သည်။ “ KIA အဖွဲ့တွေ ဖားကန့်မြို့နယ်ထဲက ရွှေမှော်တွေမှာ မကြာခဏဆိုသလို မူးယစ်ဆေးဝါးအကြောင်းပြပြီး လူသစ်စု၊ ဆက်ကြေးကောက်နေတာ တစ်ခါမကတော့ဘူး၊ သူတို့အဖွဲ့ အခုလို မတရားပြုလုပ်နေတာတွေအပေါ် ဒေသခံတွေ အနေနဲ့ မကျေမနပ်ပေမယ့် အသတ်ခံရမှာကြောက်လို့ မပြောရဲကြပါဘူး၊ သက်ဆိုင်ရာ KIA ခေါင်းဆောင်ပိုင်းကို တိုင်ကြားခဲ့ပေမယ့် ဖြေရှင်းဆောင်ရွက်ပေးတာမျိုး မရှိသေးဘူး၊ စိတ်ပျက်စရာပါ ” ဟု နန့်ယားကျေးရွာ ဒေသခံတစ်ဦးမှ ပြောပါသည်။ ဆိုင်နော်(ဖားကန့်)

No comments: