Sunday, August 2, 2015

မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် KIA အဖွဲ့မှ ရိက္ခာနှင့်ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံ

မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် KIA အဖွဲ့မှ ရိက္ခာနှင့်ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံ ဇူလိုင် ၃၁ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအင်ကျေးရွာနှင့်အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအတွင်း KIA အဖွဲ့မှ ဇူလိုင်လ ၂၆ ရက်နေ့တွင် ရိက္ခာနှင့်ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံသွားကြောင်း ဒေသခံရွာသား တစ်ဦးထံမှ သိရပါသည်။ KIA အဖွဲ့တစ်ဖွဲ့သည် နံနက် ၁၀ နာရီခန့်တွင် နန့်စီးအင်ကျေးရွာ၊ လွယ်ဆိုင်းကျေးရွာနှင့် ကထန်ယန်ကျေးရွာများသို့ အရပ်ဝတ်ဖြင့်ရောက် ရှိလာပြီး အစိုးရစစ်ကြောင်းများ၏ သွားလာလှုပ်ရှားမှု သတင်းများ စုံစမ်းရန်ဟု အကြောင်းပြကာ ရိက္ခာနှင့်ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံသွားကြောင်း အမည် မဖော်လိုသူ ဒေသခံ ရပ်မိရပ်ဖတစ်ဦးမှ ပြောပါသည်။ “ KIA အဖွဲ့ဟာ မိုးညှင်းမြို့နယ် အတွင်းမှာရှိတဲ့ ရွာတွေမှာ ရိက္ခာနဲ့ဆက်ကြေးတွေ အမြဲတမ်းကောက်နေတာပါ၊ KIA ခေါင်းဆောင်ဆိုတဲ့ လူတွေကလည်း ငယ်သားတွေ ဆက်ကြေးကောက်တာ၊ အမာခံတွေ လာကောက်တာ တွေကို ဖြေရှင်းပေးဖို့ပြောရင် ဘာမှမလုပ်ပေးဘဲ ရူးချင်ယောင်ဆောင်နေတယ်၊ သင်းအုပ်ဆရာကိုတောင် ဆက်ကြေးကောက်ခိုင်းတယ်ဗျာ၊ ဘာအတွက် ပေးနေရလဲဆိုတာ စဉ်းစားလို့ကိုမရဘူး ” ဟု လွယ်ဆိုင်းရွာသား တစ်ဦး၏ ပြောပြချက်အရ သိရပါသည်။ ယခုနှစ်တွင် ရာသီဥတုဖောက်ပြန်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေတွေကလျှံ၊ လယ်တွေကရေမြုပ်၊ စီးပွားရေးတွေက မကောင်းဖြစ်နေချိန်တွင် KIA အဖွဲ့မှ ရိက္ခာနှင့်ဆက်ကြေးငွေတွေ အတင်းအကြပ် ကောက်ခံနေခြင်းကြောင့် ဒေသခံရွာသူ၊ ရွာသားများမှာ ဆင်းရဲဒုက္ခ ပိုမိုရောက်နေကြကြောင်း ဒေသခံ ရွာသား တစ်ဦးမှ ပြောကြားသွားပါသည်။ ဆိုင်နော်(ဖားကန့်) မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် KIA အဖွဲ့မှ ရိက္ခာနှင့်ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံ ဇူလိုင် ၃၁ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအင်ကျေးရွာနှင့်အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအတွင်း KIA အဖွဲ့မှ ဇူလိုင်လ ၂၆ ရက်နေ့တွင် ရိက္ခာနှင့်ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံသွားကြောင်း ဒေသခံရွာသား တစ်ဦးထံမှ သိရပါသည်။ KIA အဖွဲ့တစ်ဖွဲ့သည် နံနက် ၁၀ နာရီခန့်တွင် နန့်စီးအင်ကျေးရွာ၊ လွယ်ဆိုင်းကျေးရွာနှင့် ကထန်ယန်ကျေးရွာများသို့ အရပ်ဝတ်ဖြင့်ရောက် ရှိလာပြီး အစိုးရစစ်ကြောင်းများ၏ သွားလာလှုပ်ရှားမှု သတင်းများ စုံစမ်းရန်ဟု အကြောင်းပြကာ ရိက္ခာနှင့်ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံသွားကြောင်း အမည် မဖော်လိုသူ ဒေသခံ ရပ်မိရပ်ဖတစ်ဦးမှ ပြောပါသည်။ “ KIA အဖွဲ့ဟာ မိုးညှင်းမြို့နယ် အတွင်းမှာရှိတဲ့ ရွာတွေမှာ ရိက္ခာနဲ့ဆက်ကြေးတွေ အမြဲတမ်းကောက်နေတာပါ၊ KIA ခေါင်းဆောင်ဆိုတဲ့ လူတွေကလည်း ငယ်သားတွေ ဆက်ကြေးကောက်တာ၊ အမာခံတွေ လာကောက်တာ တွေကို ဖြေရှင်းပေးဖို့ပြောရင် ဘာမှမလုပ်ပေးဘဲ ရူးချင်ယောင်ဆောင်နေတယ်၊ သင်းအုပ်ဆရာကိုတောင် ဆက်ကြေးကောက်ခိုင်းတယ်ဗျာ၊ ဘာအတွက် ပေးနေရလဲဆိုတာ စဉ်းစားလို့ကိုမရဘူး ” ဟု လွယ်ဆိုင်းရွာသား တစ်ဦး၏ ပြောပြချက်အရ သိရပါသည်။ ယခုနှစ်တွင် ရာသီဥတုဖောက်ပြန်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေတွေကလျှံ၊ လယ်တွေကရေမြုပ်၊ စီးပွားရေးတွေက မကောင်းဖြစ်နေချိန်တွင် KIA အဖွဲ့မှ ရိက္ခာနှင့်ဆက်ကြေးငွေတွေ အတင်းအကြပ် ကောက်ခံနေခြင်းကြောင့် ဒေသခံရွာသူ၊ ရွာသားများမှာ ဆင်းရဲဒုက္ခ ပိုမိုရောက်နေကြကြောင်း ဒေသခံ ရွာသား တစ်ဦးမှ ပြောကြားသွားပါသည်။ ဆိုင်နော်(ဖားကန့်)

No comments: