မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, August 5, 2015
ကချင်ပြည်နယ်တိုက်ပွဲများ (၄)နှစ်ပြည့်ပြီးနောက် အတိတ်ကိုပြန်လည်ထုဆစ် တိုက်ပွဲအသစ်တွေ စတင်နေသော KIA
ကချင်ပြည်နယ်တိုက်ပွဲများ (၄)နှစ်ပြည့်ပြီးနောက် အတိတ်ကိုပြန်လည်ထုဆစ် တိုက်ပွဲအသစ်တွေ စတင်နေသော KIA
========================================
3, August, 2015 By Kachin People
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ(၄)နှစ်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ပြန်လည်ငြိမ်သက်စ ပြုလာခဲ့သော်လည်း KIA သစ်မှောင်ခိုမှာ ပါဝင်ပက်သက်မှုကြောင့် ဗန်းမော် မန်စီဘက်မှာ တိုက်ပွဲတွေပြန်လည်စတင်ခဲ့ပါသည်။ ၎င်းနောက် ဖားကန့်နှင့် တနိုင်းဒေသတွေမှာ ဒေသခံတွေ ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက် လူသစ်ဆွဲ မိုးထောင်မိုင်းခွဲပြုလုပ်ရာမှလည်း တပ်မတော် နယ်မြေခံတပ်ရင်းများနှင့် ထိတွေ့တိုက်ပွဲပြန်ပွားခဲ့ပြန်ပါသည်။
ဗန်းမော်နဲ့ ဖားကန့်၊ တနိုင်းဒေသတွေမှာ တိုက်ပွဲတွေ လျော့နည်းသွားသော်လည်း ဆွမ်ပရာဘွမ်ဒေသမှာ KIA ရင်း(၇)က မီးထမွှေးပြီး တိုက်ပွဲတွေ အသစ်ပြန်ဖြစ်အောင် ဦးဆောင် နေကြောင်း သိရှိရပါသည်။ ယခု ဆွမ်ပရာဘွမ်ဒေသမှာ KIA ဟာ တပ်မတော်မှ အင်အား မတန်တဆ အသုံးပြုနေတယ်၊ ဓါတုလက်နက်တွေ အသုံးပြုနေတယ်ဆိုပြီး မဟုတ်တမ်းတရားတွေ ထုတ်လွင့်ကာ မြစ်ကြီးနား-ပူတာအို လမ်းကြောင်းမှာရှိတဲ့ တံတားတွေကို မိုင်းခွဲ၊ မီးရှို့ဖျက်ဆီး နေကြောင်း သိရှိရပါသည်။
ယခုကဲ့သို့ KIA မှ လုပ်ဆောင်နေခြင်းမှာ ဒေသခံပြည်သူများ ဒုက္ခရောက်နေရကြောင်း၊ KIA မိသားစုဝင်များအား စစ်ရှောင်ဟူ၍ ခေါင်းစဉ်တပ် နိုင်ငံတကာမှ အလှူခံနေကြောင်း၊ KIA ဟာ မိမိအတ္တအတွက် ကချင်ဒေသခံ ပြည်သူတွေအား အသုံးချနေခြင်းကို ရပ်တန်းက ရပ်သင့်ပြီ ဖြစ်ကြောင်း ကချင်အရေးလှုပ်ရှားသူများအဖွဲ့၊ ဆွမ်ပရာဘွမ် ဒေသခံများမှ ပြောကြား နေကြကြောင်း တင်ပြလိုက်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment