Wednesday, August 5, 2015

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (ပတ်ဂျီဆန်)အား တရားဥပဒေမဲ့ ပြုမူဆောင်ရွက်နေမှုအပေါ် နိုင်ငံတော်အစိုးရမှ ဥပဒေနှင့်အညီ ထိရောက်စွာ တားမြစ်အရေးယူပေးရန် ရှမ်းမျိုးနွယ်စု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ တောင်းဆို ======================

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (ပတ်ဂျီဆန်)အား တရားဥပဒေမဲ့ ပြုမူဆောင်ရွက်နေမှုအပေါ် နိုင်ငံတော်အစိုးရမှ ဥပဒေနှင့်အညီ ထိရောက်စွာ တားမြစ်အရေးယူပေးရန် ရှမ်းမျိုးနွယ်စု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ တောင်းဆို ========================================= 4, August, 2015 By Kachin Peopele ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(ပတ်ဂျီဆန်)အား မူးယစ် ဆေးဝါး တိုက်ဖျက်ရေးအမည်ခံကာ ဒေသခံပြည်သူများအပေါ် ဒုတ်၊ ဓါး၊ လက်နက်များ ကိုင်ဆောင်ကာ တရားဥပဒေမဲ့စွာ ရိုက်နှက်ဖမ်းဆီးပြုမူ ဆက်ဆံနေမှုအပေါ် ထိရောက်စွာ တားမြစ်အရေးယူပေးပါရန် ရှမ်းမျိုးနွယ်စုများက ရှမ်းမျိုးနွယ်စုမူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီ၏ ဒုတိယအကြိမ် မြို့နယ်လုံးဆိုင်ရာ လူထုအစည်းအဝေးပွဲတွင် တောင်းဆို လိုက်ကြောင်း သိရှိရပါသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအမည်ခံ (ပတ်ဂျီဆန်)အဖွဲ့သည် ပြီးခဲ့သည် ဇူလိုင်(၂၆) ရက်က မိုးကောင်းမြို့နယ်နှင့် နမ္မတီးမြို့နယ်တို့တွင် ရှမ်းလူမျိုးများအား မူးယစ်ဆေးဝါးနှင့် ပက်သက်သည်ဟုဆိုကာ လက်ထိပ်ခတ်ပြီး ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ အမှန်တကယ် ရောင်းဝယ်သူထံမှ ဆက်ကြေးကောက်ခံယူသွားကြောင်း၊ ၀ိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာတွင်လည်း ဇူလိုင်(၂၇)ရက်က ၎င်းအဖွဲ့မှ ဒုတ်၊ ဓါး၊ လက်နက်များ ကိုင်ဆောင်ကာ အိမ်အတွင်းသို့ ၀င်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ရှမ်းမျိုးနွယ်စု အစည်းအဝေးတက်ရောက်သူ(၁)ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ ၎င်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေး အမည်ခံ(ပတ်ဂျီဆန်)အဖွဲ့အား နောက်ကွယ်မှ KIA ကကြိုးကိုင်ကာ ကူညီ ထောက်ပံ့ပေးထားကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်အရ သိရှိရပါသည်။

No comments: