Sunday, August 2, 2015

နမ့်ပေါ့ချောင်းတံတား အသစ်တည်ဆောက်ပြီးစီး ===============================

နမ့်ပေါ့ချောင်းတံတား အသစ်တည်ဆောက်ပြီးစီး =============================== ကျောက်မဲ သြဂုတ် ၁ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့တွင် ဇူလိုင်လနောက်ဆုံးပတ်က မိုးအဆက်မပြတ်ရွာသွန်းခဲ့ရာ တောင်ကျချောင်းရေများကြောင့် ဒုဋ္ဌဝတီမြစ်နှင့် နမ့်ပေါ့ချောင်းတို့ရေလျှံကာ သီပေါ၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံမြို့နယ်များသို့ ဆက်သွယ်သည့် လမ်းပိုင်းမှ နမ့်ပေါ့ချောင်းတံတားကျိုးကျသွားပြီး လူနှင့်ယာဉ်များသွားလာမှု အခက်အခဲဖြစ်ခဲ့ သည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပျက်စီးသွားသော တံတားဘေးတွင် ယာယီဘေလီသံပေါင်တံတားကို တည်ဆောက်လျက်ရှိရာ ယခုအခါ တံတားကို အပြီးသတ်တည်ဆောက်နိုင်ခဲ့၍ သံဃာတော်များပင့်ဆောင်ကာ အန္တရာယ်ကင်းပရိတ်များရွတ်ဖတ်ကြပြီး တံတားပေါ်သို့ လူနှင့်ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ (ခရိုင် ပြန်/ဆက်) နမ့်ပေါ့ချောင်းတံတား အသစ်တည်ဆောက်ပြီးစီး =============================== ကျောက်မဲ သြဂုတ် ၁ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့တွင် ဇူလိုင်လနောက်ဆုံးပတ်က မိုးအဆက်မပြတ်ရွာသွန်းခဲ့ရာ တောင်ကျချောင်းရေများကြောင့် ဒုဋ္ဌဝတီမြစ်နှင့် နမ့်ပေါ့ချောင်းတို့ရေလျှံကာ သီပေါ၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံမြို့နယ်များသို့ ဆက်သွယ်သည့် လမ်းပိုင်းမှ နမ့်ပေါ့ချောင်းတံတားကျိုးကျသွားပြီး လူနှင့်ယာဉ်များသွားလာမှု အခက်အခဲဖြစ်ခဲ့ သည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပျက်စီးသွားသော တံတားဘေးတွင် ယာယီဘေလီသံပေါင်တံတားကို တည်ဆောက်လျက်ရှိရာ ယခုအခါ တံတားကို အပြီးသတ်တည်ဆောက်နိုင်ခဲ့၍ သံဃာတော်များပင့်ဆောင်ကာ အန္တရာယ်ကင်းပရိတ်များရွတ်ဖတ်ကြပြီး တံတားပေါ်သို့ လူနှင့်ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ (ခရိုင် ပြန်/ဆက်)

No comments: