မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, August 2, 2015
မင်းတပ်မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တံတားခုနှစ်စင်းရေထဲမျောပါ ===================================
မင်းတပ်မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တံတားခုနှစ်စင်းရေထဲမျောပါ
===================================
မင်းတပ် သြဂုတ် ၁
ချင်းပြည်နယ် မင်းတပ်မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မင်းတပ်- ကန်ပက်လက်လမ်း ၃၁ မိုင် ၆ ဖာလုံရှိ ချီချောင်း သံပေါင်ဘေလီတံတား အလျားပေ ၉ဝ၊ အကျယ် ၁၂ ပေ၊ ရှစ်ရွာ-တွီလီရွာကြားရှိ မုန်းချောင်းသံဘေလီ တံတား အလျားပေ ၁၇ဝ၊ အကျယ် ၁၂ ပေ၊ ပန်းအော့ရွာ-လှိယောရွာကြားရှိ အမ်လောင်းချောင်းကြိုးတံတား အလျား ၁၈ ပေ၊ အကျယ်လေးပေ၊ ကြာလေ လှိုင်းရွာ- ဒုမ်ဒိုရွာကြားရှိ မရှိန်လောင်းချောင်းကြိုးတံတား အလျားပေ ၈ဝ၊ အကျယ်လေးပေ၊ ချွတ်ရွာ-ဟီးလောင်းရွာကြားရှိ မလှေးလောင်းကြိုးတံတား အလျား ၁၂ ပေ၊ အကျယ် လေးပေ၊ ကြက်ဥတင်ရွာ-စံလယ်ကြီးရွာကြားရှိ ယောချောင်းကြိုးတံတား အလျား ၃၅ ပေ၊ အကျယ်လေးပေနှင့် ကန်ပက်လက် မြို့-ပူကွန်းရွာကြားရှိ ချီချောင်းကြိုးတံတား အလျားပေ ၁၂ဝ၊ အကျယ်လေး ပေ စုစုပေါင်း တံတားခုနစ်စင်း ရေထဲ မျောပါခဲ့ကြောင်း သိရသည်။
မင်းတပ်(ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment