မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, August 2, 2015
ချောင်းဝကျေးရွာ အုပ်ချုပ်ရေးမှူး KIA နှင့် ဆက်သွယ်နေကြောင်း ဒေသခံများမှ တိုင်ကြား ==================================
ချောင်းဝကျေးရွာ အုပ်ချုပ်ရေးမှူး KIA နှင့် ဆက်သွယ်နေကြောင်း ဒေသခံများမှ တိုင်ကြား
=========================================
1, August, 2015 By Kachin People
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ချောင်းဝကျေးရွာရှိ ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအ၀င် အဖွဲ့ဝင်(၅)ဦးတို့သည် KIA နှင့်ပူးပေါင်းကာ ဒေသခံပြည်သူများအား ခြိမ်းခြောက် အနိုင်ကျင့်နေကြောင်းနှင့် ဆက်ကြေးကောက်ခံခြင်းများတွင်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်နေကြောင်း ဒေသခံပြည်သူများမှ ပြောကြားနေကြပါသည်။
ဖြစ်စဉ်မှာ - (၂၂.၇.၂၀၁၅) ရက်နေ့တွင် ချောင်းဝကျေးရွာသားတစ်ဦး၏ လယ်တောထဲသို့ စက်လှေ(၃)စီးဖြင့် KIA ရင်း(၆)မှ ဗိုလ်ကြီး ဘရန်ရှောင်၊ လက်နက်များကိုင်ထားသည့် KIA (၃)ဦး နှင့် ချောင်းဝကျေးရွာအုပ်ချုပ်ရေးမှူး အပါအ၀င် အဖွဲ့ဝင်(၅)ဦးတို့သည် ရောက်ရှိလာပြီး လယ်သမားမရှိသဖြင့် ၄င်း၏ဇနီးဖြစ်သူအား ဗိုလ်ကြီး ဘရန်ရှောင်မှ “ရပ်မိရပ်ဖတွေခေါ်၍ လိုက်လာရကြောင်း၊ ရပ်မိရပ်ဖစကားကို မင်းတို့နားမထောင်ဘူး၊ သူပြန်လာတာနဲ့ ငါ့ဆီကို လွှတ်လိုက်၊ မလာရင်နောက်တစ်ခါ ပြန်လာမယ်လို့ ပြောလိုက်၊ မင်းတို့ငါ့တို့ဆီမှာ အခွန်မဆောင်ဘူး၊ သိန်း(၇၀)ကျပ် ပေးဆောင်ရမယ်၊ မပေးဆောင်ပါက နင့်ယောကျားင်္ကို ကြိုးနဲ့တုတ်ပြီး လူလယ်ခေါင်တွင် ခေါင်းဖြတ်သတ်ပြစ်မည်” ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း ချောင်းဝကျေးရွာရှိ ဒေသခံများထံမှ ကြားသိခဲ့ရပါသည်။ ချောင်းဝကျေးရွာ အုပ်ချုပ်ရေးမှူး KIA နှင့် ဆက်သွယ်နေကြောင်း ဒေသခံများမှ တိုင်ကြား
=========================================
1, August, 2015 By Kachin People
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ချောင်းဝကျေးရွာရှိ ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအ၀င် အဖွဲ့ဝင်(၅)ဦးတို့သည် KIA နှင့်ပူးပေါင်းကာ ဒေသခံပြည်သူများအား ခြိမ်းခြောက် အနိုင်ကျင့်နေကြောင်းနှင့် ဆက်ကြေးကောက်ခံခြင်းများတွင်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်နေကြောင်း ဒေသခံပြည်သူများမှ ပြောကြားနေကြပါသည်။
ဖြစ်စဉ်မှာ - (၂၂.၇.၂၀၁၅) ရက်နေ့တွင် ချောင်းဝကျေးရွာသားတစ်ဦး၏ လယ်တောထဲသို့ စက်လှေ(၃)စီးဖြင့် KIA ရင်း(၆)မှ ဗိုလ်ကြီး ဘရန်ရှောင်၊ လက်နက်များကိုင်ထားသည့် KIA (၃)ဦး နှင့် ချောင်းဝကျေးရွာအုပ်ချုပ်ရေးမှူး အပါအ၀င် အဖွဲ့ဝင်(၅)ဦးတို့သည် ရောက်ရှိလာပြီး လယ်သမားမရှိသဖြင့် ၄င်း၏ဇနီးဖြစ်သူအား ဗိုလ်ကြီး ဘရန်ရှောင်မှ “ရပ်မိရပ်ဖတွေခေါ်၍ လိုက်လာရကြောင်း၊ ရပ်မိရပ်ဖစကားကို မင်းတို့နားမထောင်ဘူး၊ သူပြန်လာတာနဲ့ ငါ့ဆီကို လွှတ်လိုက်၊ မလာရင်နောက်တစ်ခါ ပြန်လာမယ်လို့ ပြောလိုက်၊ မင်းတို့ငါ့တို့ဆီမှာ အခွန်မဆောင်ဘူး၊ သိန်း(၇၀)ကျပ် ပေးဆောင်ရမယ်၊ မပေးဆောင်ပါက နင့်ယောကျားင်္ကို ကြိုးနဲ့တုတ်ပြီး လူလယ်ခေါင်တွင် ခေါင်းဖြတ်သတ်ပြစ်မည်” ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း ချောင်းဝကျေးရွာရှိ ဒေသခံများထံမှ ကြားသိခဲ့ရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment