Sunday, August 2, 2015

ကလေးမြို့သို့ လေကြောင်းလိုင်းများ တိုးမြှင့်ပြေးဆွဲကာ လှူ ဒါန်းမည့်ပစ္စည်းများ အခမဲ့သယ်ပေးမည် =================================

ကလေးမြို့သို့ လေကြောင်းလိုင်းများ တိုးမြှင့်ပြေးဆွဲကာ လှူ ဒါန်းမည့်ပစ္စည်းများ အခမဲ့သယ်ပေးမည် ========================================== ရန်ကုန် သြဂုတ် ၁ ရေဘေးသင့် ပြည်သူများနှင့် အဆက်အသွယ်များ ပြတ်တောက်မှု မရှိစေရေးနှင့် သွားလာမှုလွယ်ကူ ချောမွေ့စေရေးအတွက် မန္တလေးမြို့ နှင့် ကလေးမြို့များသို့ ယနေ့မှစတင် ကာ ပုံမှန်နေ့စဉ်လေကြောင်း ခရီးစဉ် များကို မြန်မာ့အမျိုးသားလေကြောင်း လိုင်းက ပျံသန်းပြေးဆွဲပေးသွားမည် ဖြစ်ပြီး အချိန်ကာလအားဖြင့် လိုအပ် ချက်အရ ကုန်းလမ်းသယ်ယူပို့ဆောင် ရေးအခက်အခဲမရှိသည့် အချိန်အထိ ရည်ရွယ်ထားကြောင်း သိရသည်။ ယခင်က မြန်မာ့အမျိုးသားလေ ကြောင်းလိုင်းမှာ ရန်ကုန်-မန္တလေး-ကလေးခရီးစဉ်များကို နေ့စဉ်ပြေးဆွဲ ပေးလျက်ရှိပြီး ရန်ကုန်-ကလေးခရီး စဉ်ကိုမူ တစ်ပတ်လျှင် သုံးရက်ခန့် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့ တို့တွင် ပုံမှန်ပြေးဆွဲပေးလျက်ရှိ သော်လည်း ယခုအခါ ရေဘေးဒဏ် ခံစားနေကြသူများအတွက် အရေး ပေါ်သွားလာနိုင်ရေးနှင့် ကယ်ဆယ် ရေးပစ္စည်းများကို အချိန်နှင့်တစ်ပြေး ညီတင်ပို့နိုင်ရန်အတွက် လိုအပ်ပါက တစ်နေ့လျှင် တစ်ကြိမ်ထက်ပိုမို ပျံသန်းပေးမည်ဟု မြန်မာ့ အမျိုးသားလေကြောင်းလိုင်းမှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထို့အပြင် သဘာဝဘေးဒဏ် ခံစား နေကြရပြီး နေအိမ်များကိုစွန့်ခွာကာ ကယ်ဆယ်ရေးစခန်းများနှင့် စုရပ် များသို့ ရောက်ရှိနေကြသည့် ပြည်သူ များအတွက် အဓိကထားကာ တင်ပို့ လှူဒါန်းလိုကြသူများအတွက် လှူဒါန်း မည့် ပစ္စည်းများဖြစ်သော စားနပ် ရိက္ခာများ၊ ဆေးဝါးနှင့် အသုံး အဆောင်များအားလုံးကို အခမဲ့သယ် ယူပို့ဆောင်ပေးမည် ဖြစ်သည်။ ''လှူဒါန်းလိုသူတွေ အနေနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်ကုန်စည်ဌာန တာဝန်ကျ ဝန်ထမ်းတွေဖြစ်တဲ့ ကိုအောင်ကျော် စိုး ဖုန်း-ဝ၉-၅ဝ၇၆၉၁ဝနဲ့ ကိုဌေးလွင် ဝ၉-၄၅၈ဝ၄၁ဝ၈၂တို့ကို ဆက်သွယ် နိုင်သလို မန္တလေးလေဆိပ်မှာ ကိုအောင်မင်းဆွေ ဝ၉-၂ဝ၂၂၉၈၉ တို့ဆီကို ဆက်သွယ်နိုင်ပါတယ်။ မန္တလေးမြို့ ချမ်းမြသာစည်လေဆိပ် နဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်နှစ်ခု လုံးကနေလည်း တင်ပို့လို့ရတယ်''ဟု မြန်မာ့အမျိုးသားလေကြောင်းလိုင်း မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ သတင်း-ခင်ရတနာ ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း) ကလေးမြို့သို့ လေကြောင်းလိုင်းများ တိုးမြှင့်ပြေးဆွဲကာ လှူ ဒါန်းမည့်ပစ္စည်းများ အခမဲ့သယ်ပေးမည် ========================================== ရန်ကုန် သြဂုတ် ၁ ရေဘေးသင့် ပြည်သူများနှင့် အဆက်အသွယ်များ ပြတ်တောက်မှု မရှိစေရေးနှင့် သွားလာမှုလွယ်ကူ ချောမွေ့စေရေးအတွက် မန္တလေးမြို့ နှင့် ကလေးမြို့များသို့ ယနေ့မှစတင် ကာ ပုံမှန်နေ့စဉ်လေကြောင်း ခရီးစဉ် များကို မြန်မာ့အမျိုးသားလေကြောင်း လိုင်းက ပျံသန်းပြေးဆွဲပေးသွားမည် ဖြစ်ပြီး အချိန်ကာလအားဖြင့် လိုအပ် ချက်အရ ကုန်းလမ်းသယ်ယူပို့ဆောင် ရေးအခက်အခဲမရှိသည့် အချိန်အထိ ရည်ရွယ်ထားကြောင်း သိရသည်။ ယခင်က မြန်မာ့အမျိုးသားလေ ကြောင်းလိုင်းမှာ ရန်ကုန်-မန္တလေး-ကလေးခရီးစဉ်များကို နေ့စဉ်ပြေးဆွဲ ပေးလျက်ရှိပြီး ရန်ကုန်-ကလေးခရီး စဉ်ကိုမူ တစ်ပတ်လျှင် သုံးရက်ခန့် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့ တို့တွင် ပုံမှန်ပြေးဆွဲပေးလျက်ရှိ သော်လည်း ယခုအခါ ရေဘေးဒဏ် ခံစားနေကြသူများအတွက် အရေး ပေါ်သွားလာနိုင်ရေးနှင့် ကယ်ဆယ် ရေးပစ္စည်းများကို အချိန်နှင့်တစ်ပြေး ညီတင်ပို့နိုင်ရန်အတွက် လိုအပ်ပါက တစ်နေ့လျှင် တစ်ကြိမ်ထက်ပိုမို ပျံသန်းပေးမည်ဟု မြန်မာ့ အမျိုးသားလေကြောင်းလိုင်းမှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထို့အပြင် သဘာဝဘေးဒဏ် ခံစား နေကြရပြီး နေအိမ်များကိုစွန့်ခွာကာ ကယ်ဆယ်ရေးစခန်းများနှင့် စုရပ် များသို့ ရောက်ရှိနေကြသည့် ပြည်သူ များအတွက် အဓိကထားကာ တင်ပို့ လှူဒါန်းလိုကြသူများအတွက် လှူဒါန်း မည့် ပစ္စည်းများဖြစ်သော စားနပ် ရိက္ခာများ၊ ဆေးဝါးနှင့် အသုံး အဆောင်များအားလုံးကို အခမဲ့သယ် ယူပို့ဆောင်ပေးမည် ဖြစ်သည်။ ''လှူဒါန်းလိုသူတွေ အနေနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်ကုန်စည်ဌာန တာဝန်ကျ ဝန်ထမ်းတွေဖြစ်တဲ့ ကိုအောင်ကျော် စိုး ဖုန်း-ဝ၉-၅ဝ၇၆၉၁ဝနဲ့ ကိုဌေးလွင် ဝ၉-၄၅၈ဝ၄၁ဝ၈၂တို့ကို ဆက်သွယ် နိုင်သလို မန္တလေးလေဆိပ်မှာ ကိုအောင်မင်းဆွေ ဝ၉-၂ဝ၂၂၉၈၉ တို့ဆီကို ဆက်သွယ်နိုင်ပါတယ်။ မန္တလေးမြို့ ချမ်းမြသာစည်လေဆိပ် နဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်နှစ်ခု လုံးကနေလည်း တင်ပို့လို့ရတယ်''ဟု မြန်မာ့အမျိုးသားလေကြောင်းလိုင်း မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ သတင်း-ခင်ရတနာ ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

No comments: