မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, August 2, 2015
မစ်ရေကြီးမှု အခြေအနေ =================
မြစ်ရေကြီးမှု အခြေအနေ
=================
နေပြည်တော် သြဂုတ် ၁
ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် သြဂုတ် ၁ ရက် နံနက် ၁ နာရီခွဲ မှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၂၉ စင်တီမီတာ (၁-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါ မြစ်ရေသည် နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက် တည်ရှိနိုင်သည်။
ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့တွင် သြဂုတ် ၁ ရက် နံနက် ၁ဝ နာရီ မှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ခုနစ်စင်တီ မီတာ(၃-လက်မခန့်) ကျော်လွန်နေသည်။ အဆိုပါမြစ်ရေသည် နောက် သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက်တွင် ဆက်လက်တည်ရှိ နိုင်သည်။
ဧရာဝတီမြစ်ရေသည် အောင်လံမြို့တွင် သြဂုတ် ၁ ရက် နံနက် ၄ နာရီခွဲမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၂၁ စင်တီ မီတာ (ပေဝက်ခန့်)ကျော်လွန်နေသည်။ အဆိုပါမြစ်ရေသည် နောက်သုံးရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်သည်။
ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင် ဇူလိုင် ၃၁ ရက် ည ၁၁ နာရီခွဲမှ စ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၂၃ စင်တီမီတာ (၁-ပေခန့်) ကျော်လွန်နေသည်။ အဆိုပါ မြစ်ရေသည် နောက်သုံးရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိ နိုင်သည်။
ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် သြဂုတ် ၁ ရက် နံနက် ၆ နာရီခွဲ မှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့ မြန်မာစံတော် ချိန် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာ ချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ၁၉ စင်တီမီတာ (ပေဝက်ခန့်) ကျော်လွန်နေသည်။ အဆိုပါမြစ်ရေ သည် နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်သည်။
(မိုး/ဇလ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment