မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, August 1, 2015
ကချင်ပြည်နယ်မှ အကျဉ်းသား ၄၀၀ ကျော်လွှတ် ===================================
ကချင်ပြည်နယ်မှ အကျဉ်းသား ၄၀၀ ကျော်လွှတ်
=========================================
မြစ်ကြီးနား အကျဉ်းထောင်မှ အကျဉ်းသား ကျား ၃၁၉ ဦး ၊ မ ၃၆ ဦး စုစုပေါင်း ၃၅၅ ဦး လွတ်မြောက်ခဲ့ပါတယ်။ ဒီထဲမှာ မကြာခင်က သစ်ခိုးထုတ်မှုနဲ့ ထောင်တစ်သက်တစ်ကျွန်း ချထားသော တရုတ်နိုင်ငံသား ၁၅၅ ဦးနဲ့ မူးယစ်ဆေးမှုနဲ့ တရုတ်နိုင်ငံသား ၂ ဦးကိုလည်းပါသလို ထောက်လှမ်းရေး ဗိုလ်မှုးကြီးဟောင်း ဦးထွန်းလှအောင် ပါတယ်လို့သိရပါတယ်။
လွတ်မြောက်လာတဲ့တရုတ်နိုင်ငံသားများကို CPI ကုမ္ပဏီမှ တာဝန်ရှိသူများမှ လာရောက် ကြိုဆို ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရပါတယ်။ ဗန်းမော်ထောင်ကတော့ ကျား ၄၄ ဦး၊ မ ၇ ဦး စုစုပေါင်း ၅၁ ဦး၊ ပူတာအိုထောင်မှ ကျား ၅ ဦး လွတ်မြောက်ပြီး ကချင်ပြည်နယ်တစ်ခုလုံးမှာ ကျား ၃၆၈ ဦး မ ၄၃ ဦး စုစုပေါင်း ၄၁၁ ဦးလွှတ်ပေးခဲ့ကြောင်းသိရှိရပါတယ်။
By BBC ကချင်ပြည်နယ်မှ အကျဉ်းသား ၄၀၀ ကျော်လွှတ်

By BBC
Subscribe to:
Post Comments (Atom)
No comments:
Post a Comment