မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, August 1, 2015
အ ရှေ့ကင်မရာ ဖလက်ရှ် မီးပါသည့်ဆမ်ဆောင်းဟန်းဆက်မော်ဒယ်သစ်နှစ်မျိုး ပြည်တွင်းဈေးကွက် ၌ စတင်ဝယ်ယူနိုင် =====
အ ရှေ့ကင်မရာ ဖလက်ရှ် မီးပါသည့်ဆမ်ဆောင်းဟန်းဆက်မော်ဒယ်သစ်နှစ်မျိုး ပြည်တွင်းဈေးကွက် ၌ စတင်ဝယ်ယူနိုင်
============================================
ရန်ကုန် ဇူလိုင် ၃၁
ဆမ်ဆောင်း၏Galaxy J ဟန်း ဆက်စီးရီးစ်မှ နောက်ဆုံးထွက်ဖုန်းနှစ် မျိုးဖြစ်ပြီး ရှေ့ကင်မရာတွင် ဖလက်ရှ် မီးပါသည့်Galaxy J5 နှင့်Galaxy
J7 ဖုန်းမော်ဒယ်သစ်နှစ်မျိုးကို ပြည် တွင်းဈေးကွက်တွင် စတင်ဝယ်ယူနိုင် ပြီဖြစ်ကြောင်း သိရသည်။
ဖုန်းနှစ်မျိုးလုံးတွင် Android
5.1(Lollipop) ပါဝင်ပြီး ရွှေရောင်၊ အနက်ရောင်နှင့် အဖြူရောင်များ ရရှိနိုင်မည်ဖြစ်သည်။ အရွယ်အစား အနေဖြင့်J7 က ၅ဒသမ ၅ လက်မ မျက်နှာပြင်ရှိကာJ5 က ၅ လက်မ မျက်နှာပြင်ဖြစ်သည်။ ဖုန်းနှစ်မျိုးလုံး တွင် ၁၃ မဂ္ဂါပစ်ဇယ်နောက်ကင်မ ရာ၊Ram 1.5 GB နှင့် မင်မိုရီ 16
GB ပါဝင်ပြီး မင်မိုရီကို 128GB အထိ ထပ်တိုးအသုံးပြုနိုင်သည်။ ဆင်းကတ်နှစ်ကတ် အသုံးပြုနိုင်ပြီး ကွန်ယက်ချိတ်ဆက်မှုအနေဖြင့်3G နှင့်LTE ကွန်ယက်ချိတ်ဆက်မှု များအထိ ရရှိနိုင်သည်။
ကောင်းမွန်သောSelfie ပုံများ ရိုက်ကူးနိုင်ရန် ၅ မဂ္ဂါပစ်ဇယ်ရှိ ရှေ့ ကင်မရာပါဝင်ကာ အရှေ့ကင်မရာ တွင် ဖလက်ရှ်မီးပါသည့် ဆမ်ဆောင်း ၏ ပထမဆုံး ဖုန်းမော်ဒယ်ဖြစ်ပြီး ဓာတ်ပုံရိုက်ပြီးလျှင် မျက်နှာနှင့် အသားအရေများကို ပြန်လည်ပြုပြင် အလှဆင်နိုင်မည့် Beautification
Application ကို ထည့်သွင်းပေး ထားသည်။ မြန်မာနိုင်ငံမှ အသုံးပြုသူ များအနေဖြင့် သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန်J5 ကို ၁၈၉ ဒေါ်လာသတ်မှတ်ထားပြီးJ7 ကို ၂၃၉ ဒေါ်လာသတ်မှတ်ထား ကြောင်း သိရသည်။
သွန်းဝဿန် အ ရှေ့ကင်မရာ ဖလက်ရှ် မီးပါသည့်ဆမ်ဆောင်းဟန်းဆက်မော်ဒယ်သစ်နှစ်မျိုး ပြည်တွင်းဈေးကွက် ၌ စတင်ဝယ်ယူနိုင်

သွန်းဝဿန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment