Saturday, August 1, 2015

KIA ဖျက်ဆီးထားသော ဇနန်ခချောင်းတံတားအား ပြန်လည်ပြုပြင်ရန်အတွက် တပ်မတော် စစ်ကြောင်းများ နယ်မြေရှင်းလင်းစဉ် KIA နှင့် တိုက်ပွဲဖြစ်ပွား

KIA ဖျက်ဆီးထားသော ဇနန်ခချောင်းတံတားအား ပြန်လည်ပြုပြင်ရန်အတွက် တပ်မတော် စစ်ကြောင်းများ နယ်မြေရှင်းလင်းစဉ် KIA နှင့် တိုက်ပွဲဖြစ်ပွား ========================================= 31, July, 2015 By Kachin People ဆွမ်ပရာဘွမ်မြို့နယ်၊ ဇနန်ခ(ကျေးရွာပျက်)အနီး မြစ်ကြီးနား-ဆွမ်ပရာဘွမ် ကားလမ်း မပေါ်ရှိ KIA မှ မိုင်းခွဲဖျက်ဆီးထားသော တံတားအမှတ်(၁၁၁/၁)၊ တံတားအရှည်(၁၄၀)ပေ၊ အကျယ် (၁၅)ပေ၊ တံတားအမျိုးအစား သံဘောင်ဘေလီသစ်သားတံတားအား ပြန်လည်ပြုပြင်ရန် အတွက် တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းစဉ် KIA နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ တပ်မတော်စစ်ကြောင်းများမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် KIA တပ်ဖွဲ့ဝင်များ အထိနာကာ ဆုတ်ခွာထွက်ပြေးသွားကြောင်း သတင်းရရှိပါသည်။ ၎င်းတံတားမှာ KIA မှ တပ်မတော်စစ်ကြောင်းများ အတိုးအလျော့ မပြုလုပ်နိုင်အောင်နှင့် ထောက်ပံ့ရေးများ မရရှိနိုင်အောင် ရည်ရွယ်ကာ ဖျက်ဆီးပစ်တာ ဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးထံမှ သိရှိရပါသည်။ ၎င်း တံတားပျက်ဆီးသွားခြင်းမှာ အမှန်တကယ် ဒုက္ခရောက်ကြရသည်မှာ တပ်မတော် စစ်ကြောင်းများမဟုတ်ပဲ ဒေသခံပြည်သူများသာဖြစ်ကြောင်း ဒေသခံပြည်သူများ သွားရေးလာရေး အတွက် များစွာအခတ်အခဲဖြစ်နေကြောင်း မြစ်ကြီးနား-ပူတာအို ကုန်စည်ကူးသန်းရောင်းဝယ်သူ တစ်ဦးထံမှ သိရှိရပါသည်။ KIA ဖျက်ဆီးထားသော ဇနန်ခချောင်းတံတားအား ပြန်လည်ပြုပြင်ရန်အတွက် တပ်မတော် စစ်ကြောင်းများ နယ်မြေရှင်းလင်းစဉ် KIA နှင့် တိုက်ပွဲဖြစ်ပွား ========================================= 31, July, 2015 By Kachin People ဆွမ်ပရာဘွမ်မြို့နယ်၊ ဇနန်ခ(ကျေးရွာပျက်)အနီး မြစ်ကြီးနား-ဆွမ်ပရာဘွမ် ကားလမ်း မပေါ်ရှိ KIA မှ မိုင်းခွဲဖျက်ဆီးထားသော တံတားအမှတ်(၁၁၁/၁)၊ တံတားအရှည်(၁၄၀)ပေ၊ အကျယ် (၁၅)ပေ၊ တံတားအမျိုးအစား သံဘောင်ဘေလီသစ်သားတံတားအား ပြန်လည်ပြုပြင်ရန် အတွက် တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းစဉ် KIA နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ တပ်မတော်စစ်ကြောင်းများမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် KIA တပ်ဖွဲ့ဝင်များ အထိနာကာ ဆုတ်ခွာထွက်ပြေးသွားကြောင်း သတင်းရရှိပါသည်။ ၎င်းတံတားမှာ KIA မှ တပ်မတော်စစ်ကြောင်းများ အတိုးအလျော့ မပြုလုပ်နိုင်အောင်နှင့် ထောက်ပံ့ရေးများ မရရှိနိုင်အောင် ရည်ရွယ်ကာ ဖျက်ဆီးပစ်တာ ဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးထံမှ သိရှိရပါသည်။ ၎င်း တံတားပျက်ဆီးသွားခြင်းမှာ အမှန်တကယ် ဒုက္ခရောက်ကြရသည်မှာ တပ်မတော် စစ်ကြောင်းများမဟုတ်ပဲ ဒေသခံပြည်သူများသာဖြစ်ကြောင်း ဒေသခံပြည်သူများ သွားရေးလာရေး အတွက် များစွာအခတ်အခဲဖြစ်နေကြောင်း မြစ်ကြီးနား-ပူတာအို ကုန်စည်ကူးသန်းရောင်းဝယ်သူ တစ်ဦးထံမှ သိရှိရပါသည်။

No comments: