Friday, August 7, 2015

ဆွမ်ပရာဘွမ်ဒေသရှိ စစ်ရှောင်ဒုက္ခသည် ဒေသခံများအား တပ်မတော်သားများက ၎င်းတို့ရိက္ခာထဲမှ ကူညီထောက်ပံ့

ဆွမ်ပရာဘွမ်ဒေသရှိ စစ်ရှောင်ဒုက္ခသည် ဒေသခံများအား တပ်မတော်သားများက ၎င်းတို့ရိက္ခာထဲမှ ကူညီထောက်ပံ့ ========================================= 6, August, 2015 By Kachin People ဆွမ်ပရာဘွမ်ဒေသရှိ စစ်ရှောင်ဒုက္ခသည် ဒေသခံများအား တပ်မတော်လှုပ်ရှားစစ်ကြောင်း များသည် တပ်မတော်မှပေးသော ရိက္ခာများမှ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ သကြား၊ နို့ဆီ၊ ငါးပိ အစရှိသဖြင့် ကူညီထောက်ပံ့မှုများပေးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ ကြားသိရသည်။ “ကျွန်တော်တို့ကို တပ်က လာပြီးတော့ ဆန်နဲ့ စားစရာတွေပေးတယ်… အဓိကကတော့ ဆန်ပေါ့ လာပေးပါတယ်... လူကများတော့ များများတော့မရဘူးပေါ့… သူတို့လဲ သူတို့ ရိက္ခာထဲကနေ ပေးရတာဆိုတော့ ဒီလောက်ပဲ ပေးတာကို ကျေးဇူးတင်လှပါပြီ...” ဆိုပြီး ဒေသခံတစ်ဦးမှ ပြောပြတယ်လို့ ခရီးသွားပြည်သူတစ်ဦးထံမှ ကြားသိခဲ့ပါသည်။ “အရှေ့ဘက်ကမ်းက သူတွေကတော့ ဘယ်လိုနေလဲမသိဘူး… KIA ကလဲ ပေးမှာ မဟုတ်ဘူး.. သူတို့တောင် ငတ်နေလို့ မြစ်ကြီးနားကနေ ဒုက္ခသည်တွေအတွက် လာပို့တာကို စောင့်နေတာ.. လာပေးလဲ ဒုက္ခသည်တွေ ရမှာမဟုတ်ပါဘူး.. သူတို့လဲ(ဒုက္ခသည်) ဒီဘက်ကို ပြန်လာချင်နေကြပြီ…” ဟု ထပ်လောင်းပြောပြခဲ့ပါသည်။

No comments: