Friday, August 7, 2015

ဆွမ်ပရာဘွမ်ဒေသတွင် KIA မိုင်းကြောင့် ဒေသခံများ၊ ခရီးသွားပြည်သူများ၊ ကျွဲနွား တိရစ္ဆာန်များ နင်းမိပေါက်ကွဲကာ ဒုက္ခရောက်နေ ===============================

ဆွမ်ပရာဘွမ်ဒေသတွင် KIA မိုင်းကြောင့် ဒေသခံများ၊ ခရီးသွားပြည်သူများ၊ ကျွဲနွား တိရစ္ဆာန်များ နင်းမိပေါက်ကွဲကာ ဒုက္ခရောက်နေ ========================================= 6, August, 2015 By Kachin People ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်တွင် အခုရက်ပိုင်းအတွင်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားမှု လျော့နည်းလာသော်လည်း KIA မှ တပ်မတော်လှုပ်ရှားစစ်ကြောင်းများ သွားလာ နိုင်မည့် လမ်းများတွင် မြေမြုပ်မိုင်းများ၊ တိုက်မိုင်းများထောင်ထားကြောင်း ကြားသိရသည်။ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း KIA ထောင်ထားသောမိုင်းများကြောင့် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ၊ ကျွဲနွားများ နင်းမိကာ နေ့စဉ်နှင့်အမျှ ထိခိုက်ဒဏ်ရာ ရမှုများ ရှိနေကြောင်း ခရီးသွားပြည်သူတစ်ဦးထံမှ ကြားသိရသည်။ ထို့ကြောင့် ဆွမ်ပရာဘွမ်ဒေသတွင် တိုက်ပွဲများ ပြီးဆုံး သွားလျှင်လည်း KIA ထောင်ထားသော မိုင်းများကြောင့် ဒေသခံများ ဆက်လက် ဒုက္ခရောက်ကြဦးမည်ဖြစ်ကြောင်း ဆွမ်ပရာဘွမ်ဒေသခံ ဦးနော်ဆန်းမှ ပြောကြားခဲ့သည်။

No comments: