Friday, August 7, 2015

ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှ ကချင်လူထုကိုယ်စား ငြိမ်းချမ်းရေးအတွက် တောင်ဆိုသွားမည် ဆိုသော်လည်း KIA သောင်းကျန်းသူများအနေဖြင့် ဆက်လက်စစ်ရေးပြင်ဆင်နေဆဲ

ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှ ကချင်လူထုကိုယ်စား ငြိမ်းချမ်းရေးအတွက် တောင်ဆိုသွားမည် ဆိုသော်လည်း KIA သောင်းကျန်းသူများအနေဖြင့် ဆက်လက်စစ်ရေးပြင်ဆင်နေဆဲ ========================================= 6, August, 2015 By Kachin People ၂၀၁၅ သြဂုတ် ၄ ရက်နေ့ ရက်စွဲဖြင့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(KSDP)မှ ကချင်ပြည်သူ လူထုကိုယ်စား၊ ကချင်ဒုက္ခသည်တွေကိုယ်စား ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဆွမ်ပရာဘွမ်ဒေသမှာ တိုက်ပွဲတွေရပ်တန့်ပေးဖို့အတွက် နိုင်ငံတော် သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အသနားခံစာ ပေးပို့တောင်းခံခဲ့ပါသည်။ ဆွမ်ပရာဘွမ်ဒေသ ပူတာအို-မြစ်ကြီးနားလမ်းကို KIA မှ ဖျက်ဆီးနေတဲ့အတွက် တပ်မတော်စစ်ကြောင်းများက သွားရောက်ရှင်းလင်းတဲ့အခါတွေမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ကြားသိရပါသည်။ KIA မှ တော်မတော်စစ်ကြောင်းများအား လမ်း၊ တံတားတွေကို ဖျက်ဆီးကာ အာရုံလွှဲနေပြီး တဖက်က ကျေးရွာတွေမှာ KIA ထဲကို မ၀င်မနေရဆိုပြီး လူသစ်ဆွဲနေကြောင်း ဒေသခံများမှ ပြောကြားခဲ့သည်။

No comments: