မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, August 6, 2015
ပင်ဝယ်-မော်လူးကြားလမ်းပိုင်း ကမ်းပါးပြိုကျမှုပြုပြင် ==================================
ပင်ဝယ်-မော်လူးကြားလမ်းပိုင်း ကမ်းပါးပြိုကျမှုပြုပြင်
==================================
အင်းတော် သြဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်ပိုင် မြန်မာ့မီးရထား လမ်းပိုင်း ပင်ဝယ်-မော်လူးဒေသကြား ရာသီဥတုဒဏ်ကြောင့် ရေတိုက်စား ရာနေရာများကို သြဂုတ် ၅ ရက်တွင် မီးရထားဝန်ထမ်းများက ခရီးသွားလုပ်ငန်း အဆင်ပြေစေရန် ပြုပြင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် မြစ်ကြီးနားလမ်းပိုင်းရှိ ပင်ဝယ်-မော်လူးဒေသကြားရှိ မိုင်တိုင် ၆ဝ၂/၆-၇ ကြား မိုးရွာသွန်းရေတိုက်စားမှုဒဏ်ကြောင့် မီးရထားခရီးသွား များ အဆင်ပြေစေရန် ကမ်းပါးပြိုကျ၍ မြေထိန်းနံရံပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
မြေထိန်းနံရံပြိုကျမှု လျင်မြန်စွာပြီးစီးစေရန် မြန်မာ့မီးရထား ရဲတပ်ဖွဲ့၊ နဘားရဲတပ်ဖွဲ့၊ လူမှုကူညီရေးအဖွဲ့များဖြင့် မြေထိန်းနံရံများကို ဆက်လက် မပြိုကျစေရန် ကမ်းထိန်းတားဆီးနံရံများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ သြဂုတ် ၅ ရက် ညနေ ၆ နာရီခန့်တွင် ကံကြီး-ဇော်ချောင်းကြားရှိ တံတား လမ်းပိုင်းလည်း သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ငွေအိုး(ကသာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment