Thursday, August 6, 2015

ကြီးအုံကြီးဝရေလှောင်တမံကျိုးမှာ ကြောက်နေသူတွေအတွက် တမံခိုင်ခံ့နေတယ်ဆိုတာ သိစေလိုတယ် =================

ကြီးအုံကြီးဝရေလှောင်တမံကျိုးမှာ ကြောက်နေသူတွေအတွက် တမံခိုင်ခံ့နေတယ်ဆိုတာ သိစေလိုတယ် =================================================== ပုံမှန်မဟုတ်သော မိုးရွာသွန်းမှု နှင့် မုန်တိုင်းဝင်ရောက်ကာ မိုးသည်း ထန်စွာ ရွာသွန်းမှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ချင်း ပြည်နယ်တို့တွင် ရေကြီးရေလျှံမှု အများဆုံးဖြစ်ပေါ်ခဲ့ကြောင်း သဘာဝ ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ပြည်သူများ၏ အသက်အန္တရာယ် ကင်းရှင်းရေးကို ဦးစွာ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ကယ်ဆယ် ရေးလုပ်ငန်းများကို အချိန်မီဆောင် ရွက်သွားရမည်ဖြစ်ပြီး သဘာဝဘေး အန္တရာယ်ကြုံတွေ့ခဲ့ရသည့် ပြည်သူ များအတွက် လိုအပ်ချက်များစွာ ရှိနေ နိုင်ပြီး ထိုလိုအပ်ချက်များကို အမြန် ဆုံး ပြန်လည်ဖြည့်ဆည်းဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း၊ သြဂုတ် ၃ ရက်က ကျင်းပသည့် မြန်မာ နိုင်ငံအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ် နေသည့်ဒေသများအား ကယ်ဆယ် ရေး၊ ထောက်ပံ့ကူညီရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေးတွင် နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်များကြောင့် ရေဘေး သင့်ပြည်သူများအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ကျဆင်းမှုမရှိစေ ရန် တာဝန်ရှိသူများအနေဖြင့် ကဏ္ဍအလိုက် အင်တိုက်အားတိုက် ဆောင် ရွက်ပေးလျက်ရှိရာ ဒေသများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သွား ရောက်စစ်ဆေးကြည့်ရှုအားပေးစဉ် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အတွင်းရှိ ကြီးအုံကြီးဝရေလှာင်တမံ နှင့်ပတ်သက်၍ မြို့ဆည်မြောင်းဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦး၏ ရှင်းလင်း ပြောကြားချက်များကို ပြန်လည် ရေးသားဖော်ပြအပ်ပါသည်။ ဦးစိုးမင်းလွင် ဦးစီးအရာရှိ၊ ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး(၈)၊ မကွေးမြို့ ကျွန်တော်တို့ အခုရောက်နေတာ ကတော့ ကြီးအုံကြီးဝရေလှောင်တမံပါ၊ ကြီးအုံကြီးဝ ရေလှောင်တမံဆိုတာ မုန်းတမံရဲ့ အောက်ဘက်မှာရှိတယ်။ ဖြစ်လာတဲ့အခြေအနေက ချင်းတောင် ကနေရွာချလိုက်တဲ့ မမျှော်လင့် တဲ့ မိုးရေချိန်တွေကြောင့်ပါ၊ ဘယ်လောက်တောင်များသလဲဆိုရင် ကျွန်တော်တို့မုန်းတမံမှာ ဒီရွာချလိုက် တဲ့ မိုးရေချိန်ကို တားထားမယ်ဆိုရင် မုန်းတမံကြီးက နှစ်ရက်တည်းနဲ့ ပြည့် နိုင်တဲ့ပမာဏရှိတဲ့ ရေထုစီးလာတာ၊ တမံထဲမှာ ရေတစ်ဝက်လောက်ရှိရာ ကနေ ချက်ချင်းပြည့်လာတယ်။ မုန်း တမံပြည့်လာတာနဲ့ ကြီးအုံကြီးဝတမံ အထိ ရေတွေက တန်းရောက်လာ တယ်။ တကယ်လို့ ဒီတမံသာမရှိဘူး ဆိုရင် အဲ့ဒီလောက် အရှိန်နဲ့စီးလာတဲ့ ရေတွေက သေချာပေါက် မြို့ပေါ်ကို ရောက်သွားမယ်။ ရောက်သွားရင် အကုန်လုံးကိုဆွဲချသွားမှာ ဖြစ်ပါ တယ်။ ဒီတမံနှစ်ဆင့်ခံထားတဲ့အတွက် ဒီတမံတွေမှာ ရေအရှိန်ကို တန့်လိုက် တဲ့အတွက် ရေက စီးတော့စီးတယ်။ ရေအမြင့်ပေ မြင့်တက်လာတာပဲရှိ တယ်။ ရေတိုက်စားသွားတယ်ဆိုတာ တော်တော်နည်းပါတယ်။ တမံသာ မရှိရင် အကုန်လုံးကို တိုက်စားသွား မှာဖြစ်ပါတယ်။ နောက်ဆုံး မုန်းတမံ ဆိုရင် ၃၅ ပေခွဲအထိ ရေပိုလွှဲပေါ် ကနေ ရေကျော်သွားတယ်။ ကြီးအုံ ကြီးဝတမံဆိုရင် ၃၃ ပေလောက်အထိ ရေကျော်တယ်။ ‘ဒါအင်မတန်များတဲ့ ပမာဏပါ၊ ‘ဒီတမံတွေသက်တမ်းမှာ မုန်းတမံရဲ့ ရေပိုလွှဲပေါ်ကနေ ပေ၂ဝ အထိပဲ ကျော်ခဲ့ဖူးတယ်။ အခုက ၃၅ ပေကျော်အထိ ကျော်သွားတယ်။ ဒါပေမယ့် အခုအချိန်အထိ စိတ်ချ ရပါတယ်။ တမံခိုင်ခံ့မှုအတွက် ဘာမှ စိုးရိမ်စရာမရှိပါဘူးဆိုတာ ပြောချင် ပါတယ်။ ကျွန်တော့်ရည်ရွယ်ချက်က တမံ တွေအပေါ်မှာ များပြားတဲ့ရေတွေ စီးကျလာတဲ့အချိန်မှာ တမံကျိုးတော့ မှာလားဆိုတဲ့ သို့လော သို့လောနဲ့ ကောလာဟလတွေရယ်၊ နောက် တစ်ခုက ပြည်သူတွေ အချိန်နဲ့ တစ်ပြေးညီသိရှိနိုင်ဖို့ အတတ်နိုင်ဆုံး လုပ်ပေးမယ်ဆိုတဲ့ စိတ်နဲ့ ကျွန်တော့် Facebook ကနေ ပုံမှန်လေးတင်ပေး နေတာပါ။ ထူးခြားဖြစ်စဉ်တွေကို အချိန်နဲ့အမျှ တင်ပေးနေတာပါ။ စိတ်ပူသင့်ရင်လည်း ပူရမယ်။ ရေစီး လာတဲ့အတွက် ရေတွေမြင့်တက်လာ မယ်။‘ဒါကြောင့် အမြင့်ဘက်ကို ရွှေ့ပါဆိုပြီးပြောတယ်။ တမံကျိုးမှာ ကို ကြောက်နေကြတဲ့သူတွေ အတွက် တမံခိုင်ခံ့နေပါတယ်ဆိုတဲ့ဟာ ကိုလည်း အချိန်နဲ့အမျှ တင်ပြပေးတာ ဖြစ်ပါတယ်။ သတင်းစဉ်(သတင်းအဖွဲ့) ကြီးအုံကြီးဝရေလှောင်တမံကျိုးမှာ ကြောက်နေသူတွေအတွက် တမံခိုင်ခံ့နေတယ်ဆိုတာ သိစေလိုတယ် =================================================== ပုံမှန်မဟုတ်သော မိုးရွာသွန်းမှု နှင့် မုန်တိုင်းဝင်ရောက်ကာ မိုးသည်း ထန်စွာ ရွာသွန်းမှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ချင်း ပြည်နယ်တို့တွင် ရေကြီးရေလျှံမှု အများဆုံးဖြစ်ပေါ်ခဲ့ကြောင်း သဘာဝ ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ပြည်သူများ၏ အသက်အန္တရာယ် ကင်းရှင်းရေးကို ဦးစွာ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ကယ်ဆယ် ရေးလုပ်ငန်းများကို အချိန်မီဆောင် ရွက်သွားရမည်ဖြစ်ပြီး သဘာဝဘေး အန္တရာယ်ကြုံတွေ့ခဲ့ရသည့် ပြည်သူ များအတွက် လိုအပ်ချက်များစွာ ရှိနေ နိုင်ပြီး ထိုလိုအပ်ချက်များကို အမြန် ဆုံး ပြန်လည်ဖြည့်ဆည်းဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း၊ သြဂုတ် ၃ ရက်က ကျင်းပသည့် မြန်မာ နိုင်ငံအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ် နေသည့်ဒေသများအား ကယ်ဆယ် ရေး၊ ထောက်ပံ့ကူညီရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေးတွင် နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်များကြောင့် ရေဘေး သင့်ပြည်သူများအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ကျဆင်းမှုမရှိစေ ရန် တာဝန်ရှိသူများအနေဖြင့် ကဏ္ဍအလိုက် အင်တိုက်အားတိုက် ဆောင် ရွက်ပေးလျက်ရှိရာ ဒေသများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သွား ရောက်စစ်ဆေးကြည့်ရှုအားပေးစဉ် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အတွင်းရှိ ကြီးအုံကြီးဝရေလှာင်တမံ နှင့်ပတ်သက်၍ မြို့ဆည်မြောင်းဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦး၏ ရှင်းလင်း ပြောကြားချက်များကို ပြန်လည် ရေးသားဖော်ပြအပ်ပါသည်။ ဦးစိုးမင်းလွင် ဦးစီးအရာရှိ၊ ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး(၈)၊ မကွေးမြို့ ကျွန်တော်တို့ အခုရောက်နေတာ ကတော့ ကြီးအုံကြီးဝရေလှောင်တမံပါ၊ ကြီးအုံကြီးဝ ရေလှောင်တမံဆိုတာ မုန်းတမံရဲ့ အောက်ဘက်မှာရှိတယ်။ ဖြစ်လာတဲ့အခြေအနေက ချင်းတောင် ကနေရွာချလိုက်တဲ့ မမျှော်လင့် တဲ့ မိုးရေချိန်တွေကြောင့်ပါ၊ ဘယ်လောက်တောင်များသလဲဆိုရင် ကျွန်တော်တို့မုန်းတမံမှာ ဒီရွာချလိုက် တဲ့ မိုးရေချိန်ကို တားထားမယ်ဆိုရင် မုန်းတမံကြီးက နှစ်ရက်တည်းနဲ့ ပြည့် နိုင်တဲ့ပမာဏရှိတဲ့ ရေထုစီးလာတာ၊ တမံထဲမှာ ရေတစ်ဝက်လောက်ရှိရာ ကနေ ချက်ချင်းပြည့်လာတယ်။ မုန်း တမံပြည့်လာတာနဲ့ ကြီးအုံကြီးဝတမံ အထိ ရေတွေက တန်းရောက်လာ တယ်။ တကယ်လို့ ဒီတမံသာမရှိဘူး ဆိုရင် အဲ့ဒီလောက် အရှိန်နဲ့စီးလာတဲ့ ရေတွေက သေချာပေါက် မြို့ပေါ်ကို ရောက်သွားမယ်။ ရောက်သွားရင် အကုန်လုံးကိုဆွဲချသွားမှာ ဖြစ်ပါ တယ်။ ဒီတမံနှစ်ဆင့်ခံထားတဲ့အတွက် ဒီတမံတွေမှာ ရေအရှိန်ကို တန့်လိုက် တဲ့အတွက် ရေက စီးတော့စီးတယ်။ ရေအမြင့်ပေ မြင့်တက်လာတာပဲရှိ တယ်။ ရေတိုက်စားသွားတယ်ဆိုတာ တော်တော်နည်းပါတယ်။ တမံသာ မရှိရင် အကုန်လုံးကို တိုက်စားသွား မှာဖြစ်ပါတယ်။ နောက်ဆုံး မုန်းတမံ ဆိုရင် ၃၅ ပေခွဲအထိ ရေပိုလွှဲပေါ် ကနေ ရေကျော်သွားတယ်။ ကြီးအုံ ကြီးဝတမံဆိုရင် ၃၃ ပေလောက်အထိ ရေကျော်တယ်။ ‘ဒါအင်မတန်များတဲ့ ပမာဏပါ၊ ‘ဒီတမံတွေသက်တမ်းမှာ မုန်းတမံရဲ့ ရေပိုလွှဲပေါ်ကနေ ပေ၂ဝ အထိပဲ ကျော်ခဲ့ဖူးတယ်။ အခုက ၃၅ ပေကျော်အထိ ကျော်သွားတယ်။ ဒါပေမယ့် အခုအချိန်အထိ စိတ်ချ ရပါတယ်။ တမံခိုင်ခံ့မှုအတွက် ဘာမှ စိုးရိမ်စရာမရှိပါဘူးဆိုတာ ပြောချင် ပါတယ်။ ကျွန်တော့်ရည်ရွယ်ချက်က တမံ တွေအပေါ်မှာ များပြားတဲ့ရေတွေ စီးကျလာတဲ့အချိန်မှာ တမံကျိုးတော့ မှာလားဆိုတဲ့ သို့လော သို့လောနဲ့ ကောလာဟလတွေရယ်၊ နောက် တစ်ခုက ပြည်သူတွေ အချိန်နဲ့ တစ်ပြေးညီသိရှိနိုင်ဖို့ အတတ်နိုင်ဆုံး လုပ်ပေးမယ်ဆိုတဲ့ စိတ်နဲ့ ကျွန်တော့် Facebook ကနေ ပုံမှန်လေးတင်ပေး နေတာပါ။ ထူးခြားဖြစ်စဉ်တွေကို အချိန်နဲ့အမျှ တင်ပေးနေတာပါ။ စိတ်ပူသင့်ရင်လည်း ပူရမယ်။ ရေစီး လာတဲ့အတွက် ရေတွေမြင့်တက်လာ မယ်။‘ဒါကြောင့် အမြင့်ဘက်ကို ရွှေ့ပါဆိုပြီးပြောတယ်။ တမံကျိုးမှာ ကို ကြောက်နေကြတဲ့သူတွေ အတွက် တမံခိုင်ခံ့နေပါတယ်ဆိုတဲ့ဟာ ကိုလည်း အချိန်နဲ့အမျှ တင်ပြပေးတာ ဖြစ်ပါတယ်။ သတင်းစဉ်(သတင်းအဖွဲ့)

No comments: