Thursday, August 6, 2015

မန္တလေး-မြစ်ကြီးနားရထား မကြာမီ ယခင်အတိုင်း ပြေးဆွဲမည် =====================================

မန္တလေး-မြစ်ကြီးနားရထား မကြာမီ ယခင်အတိုင်း ပြေးဆွဲမည် ===================================== နေပြည်တော် သြဂုတ် ၅ ဇူလိုင်လအတွင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားသံလမ်း၊ တံတားနှင့် တာပေါင်များ ပျက်စီးခဲ့သဖြင့် ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို မူလအခြေအနေ အတိုင်း အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သြဂုတ် ၄ ရက် နံနက်ပိုင်းက ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးနှင့်အဖွဲ့သည် ရွာထောင်-ရွှေဘို-ကန့်ဘလူ-ကောလင်း ရထားလမ်းပိုင်းရှိ ရထားသံလမ်း၊ တံတားများ၊ လမ်းတာပေါင်များ ပြုပြင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရန် စစ်ကိုင်းမြို့ ရွာထောင် ဘူတာမျွှနြရထားဖြင့် ထွက်ခွာရာ နေ့လယ်ပိုင်းတွင် ကန့်ဘလူဘူတာသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများအတွက် စားသောက်ကုန်ပစ္စည်းများကို ဝန်ထမ်းများကိုယ်စား ကန့်ဘလူဘူတာရုံပိုင်အား ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ခရီးသွားပြည်သူများအား ရင်းရင်း နှီးနှီးတွေ့ဆုံကာ မြန်မာ့မီးရထားလုပ်ငန်းအပေါ် အကြံပြုချက်၊ သိရှိလိုသည် များကို မေးမြန်းပြီး ရထားစီးခရီးသွားပြည်သူများ အမြန်ဆုံးသွားလာပို့ဆောင် နိုင်ရေးအတွက် လမ်းတံတားများ အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး ပြင်ဆင် နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့မှတစ်ဆင့် ကံကြီးဘူတာသို့ ရောက်ရှိရာ၊ ‘ ဒုတိယအထွေထွေ မန်နေဂျာ(မြို့ပြ) ဦးသန်းဌေးက ကန့်ဘလူ-ကောလင်း ရထားလမ်းပိုင်းရှိ ရေဘေးဒဏ်ကြောင့် ပျက်စီးသွားသော ရထားသံလမ်း၊ တံတား၊ တာပေါင် ပြုပြင်နေမှုအခြေအနေ များရှင်းလင်းတင်ပြရာ လိုအပ်ချက်များကို ညှိနှိုင်းဖြည်း ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေတိုက်စားမှုကြောင့် ပျက်စီးမှုအကြီးမားဆုံးဖြစ်ခဲ့သည်၊၊ တံတားအမှတ်(၂၈၁)ဇော်ချောင်းတံတားသို့ ရောက်ရှိပြီး ယင်းရထားသံလမ်း၊ တံတား၊ တာပေါင်များပြုပြင်ရာတွင် အားသွန်ခွန်စိုက် ထမ်းဆောင်ကြသော ဝန်ထမ်းများအတွက် မိုးကာဝတ်စုံများ၊ စားသောက်ကုန်များနှင့် ငွေသားများကို ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရာနှုန်းပြည့်နီးပါး ပြင်ဆင်ပြီးစီး နေသည့် အမှတ် (၂၈၁) ဇော်ချောင်းတံတားနှင့် အမှတ်(၂၈၂) တံတားတို့ကျွိုနြ ရထားဖြင့် လွန်းထိုးဖြတ်သန်းမောင်းနှင်ရာတွင် ကိုယ်တိုင်လိုက်ပါ စီးနင်းကာ တာဝန်ရှိသူများအား အချောသပ်လုပ်ငန်းများပြီးစီးပါက တံတား အား အမြန်ဆုံးဖွင့်လှစ်နိုင်ရေးမှာကြားသည်။ ထို့နောက် ဇော်ချောင်းဘူတာသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ရေဘေးဒဏ်ကြောင့် ပျက်စီးသွားသော ရထားသံလမ်း၊ တံတား၊ တာပေါင်များ ပြုပြင်ရာတွင် ပါဝင်ကူညီခဲ့ကြသောဌာန အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများအား အဝတ်အထည်များ၊ စားသောက်ကုန်ပစ္စည်းများကို ပေးအပ်လှူဒါန်းသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရထားလမ်းတစ်လျှောက် ရေတိုက်စားခံရမှု အခြေအနေများကို ဆက်လက်ကြည့်ရှုစစ်ဆေးပြီး ကောလင်းဘူတာသို့ ရောက်ရှိကာ ရထားလမ်းပြုပြင်နေစဉ် ခရီးသည်များ ခရီးစဉ်မပျက်စေရေး ကုန်းလမ်းပို့ဆောင်ရေးမှ ကန့်ဘလူ-ကောလင်းသို့ မော်တော်ယာဉ်များဖြင့် သယ်ပို့ပေးမှုများကိုစစ်ဆေးပြီး ခရီးသွားပြည်သူများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပျက်စီးသွားသော ရထားသံလမ်း၊ တံတားများ အမြန်ဆုံးဖွင့်နိုင်ရေး ပြုပြင်နေမှုအခြေအနေကို ရှင်းလင်းပြောကြားသည်။ အဆိုပါ ကန့်ဘလူ-ကောလင်း ရထားလမ်းပိုင်းရှိ ရေဘေးဒဏ်ကြောင့် ပျက်စီးသွားသော တံတားသုံးစင်းနှင့် ရထားသံလမ်း၊ တာပေါင်လေးနေရာတို့ကို ရထားပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့မီးရထားမှ အင်ဂျင်နီယာ ၃၁ ဦးနှင့် ကျွမ်းကျင်လုပ်သား ၃၉၈ ဦးတို့ဖြင့် အမြန်ဆုံးရထားများ ပြန်လည် ပြေးဆွဲနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မြန်မာ့မီးရထား ဆေးဌာနမှ ဒေါက်တာသန်းဇော်ဦးဆောင်သည့် ဆေးကုသရေးအဖွဲ့ကလည်း ယင်းရထား လမ်းပိုင်းရှိ ပြုပြင်ရေးလုပ်ငန်း၌ ပါဝင်လုပ်ဆောင်နေသူများနှင့် ဒေသခံများအား ကျန်းမာရေး စောင့်ရှောက်ကာကွယ်ပေးလျက်ရှိသည်။ ယင်းရေဘေးသင့်ဒေသ ရှိ မြန်မာ့မီးရထားမှ အားကြိုးမာန်တက် ဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများ အတွက် ပေးအပ်လှူဒါန်းမှုမှာ ငွေကျပ် သိန်း ၁၆ဝ နှင့် အလှူပစ္စည်း တန်ဖိုး ငွေကျပ် ၆၅ သိန်း စုစုပေါင်း ကျပ် ၂၂၅ သိန်းဖြစ်ကြောင်း သိရှိရ ပါသည်။ ယင်းပျက်စီးသွားသော ရထားသံလမ်း၊ တံတား၊ တာပေါင်များ ပြုပြင်ဆဲကာလတွင် မြန်မာ့မီးရထားက ခရီးသွားပြည်သူများအား မြစ်ကြီးနား-ကောလင်း ရထားလမ်းပိုင်းနှင့် မန္တလေး-ချပ်သင်း ရထားလမ်းပိုင်းတို့ကို အထူး ရထားများဖြင့် ပြေးဆွဲပေးလျက်ရှိပြီး ကုန်းလမ်းပို့ဆောင်ရေးက ရထားစီး ခရီးသည်များအား ကန့်ဘလူမြို့နှင့် ကောလင်းမြို့များသို့ ကုန်းလမ်းပို့ဆောင်ရေး မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပြေးဆွဲပေးလျက်ရှိသည်။ ရေတိုက်စားပျက်စီးသွားခဲ့သော ကန့်ဘလူ-ကောလင်း ရထားလမ်းပိုင်းရှိ ပြုပြင်ရေးလုပ်ငန်းများ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ပါသဖြင့် မကြာမီ ရက်ပိုင်းကာလတွင် မန္တလေး-မြစ်ကြီးနား ခရီးစဉ် ရထားများပြန်လည် ပြေးဆွဲပေးတော့မည်ဖြစ်ကြောင်းနှင့် ပြေးဆွဲမည့်ရက်ကို သတင်းထုတ်ပြန် သွားမည်ဖြစ်သည်။ (သတင်းစဉ်)

No comments: