Wednesday, August 5, 2015

ကောလင်းမြို့နယ်တွင် သဘာဝရေဘေးသင့်ပြည်သူများသို့ လူသားချင်းကူညီထောက်ထားစာနာမှုဖြင့် ၀ိုင်းဝန်းကူညီဆောင်ရွက် ==========================================

ကောလင်းမြို့နယ်တွင် သဘာဝရေဘေးသင့်ပြည်သူများသို့ လူသားချင်းကူညီထောက်ထားစာနာမှုဖြင့် ၀ိုင်းဝန်းကူညီဆောင်ရွက် ========================================== ကောလင်း သြဂုတ် ၄ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် ဆောင်ရွက်ခဲ့ရာ စက်ရုံလယ်ပြင်ရပ်ကွက် ဒက္ခိဏာရာမ အလယ်ကျောင်းတိုက်၊ နောက် ကျောင်းကြီးတိုက်၊ ရွာမကျေးရွာ စံတော်သာဘိုးဘွားရိပ်သာတို့တွင် မှီခိုနေထိုင်ကြသော ရေဘေးသင့်ပြည်သူများသို့ ဇူလိုင် ၃၁ ရက်မှစတင်၍ မိမိတို့နေရပ် ဒေသများသို့ ပြန်သွားကြပြီဖြစ်သော်လည်း ရေဘေးကယ်ဆယ်ရေး စခန်းများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သြဂုတ် ၁ ရက်မှစတင်၍ အလှူခံဌာနများထားရှိပြီး ဆက်လက်ထောက်ပံ့ရေးကို ဆောင်ရွက်လျက်ရှိသည်။ ကောလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၆၈ ရွာ ရေကြီးနစ်မြုပ်ပြီး ရေဝင် ရောက်မှုများကြောင့် သြဂုတ် ၁ ရက်တွင် ကောလင်းမြို့နယ်မှ စေတနာရှင် အလှူရှင်များနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များသည် နိုင်ငံတော်၏ စီမံဆောင်ရွက်မှုဖြင့် ဇူလိုင် ၁၈ ရက်မှ ၃၁ ရက်အထိ အလှူခံ ရရှိငွေကျပ် ၁၆၆၄၇၃၈ဝဝ ရရှိပြီး နေ့စဉ်လှူဒါန်းငွေကျပ် ၂၉၅၂၁ဝဝဝ ဖြစ် ရာ လက်ကျန်ငွေ ၁၃၆၉၄၅၈ဝဝ ဖြစ်သည်။ ကောလင်းမြို့နယ် ရေဘေးသင့်ပြည်သူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လူသားချင်းစာနာထောက်ထားသောအားဖြင့် အနယ်နယ် အရပ်ရပ်မှလာရောက်လှူဒါန်းသူများ၊ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် လည်း ကိုယ်တိုင်သွားရောက်လှူဒါန်းနိုင်ပြီး ရေကြီးနစ်မြုပ် ရေလျှံမှုများကြောင့် လမ်းတံတားများ ပျက်စီးသောနေရာများတွင် လမ်းပြမော်တော်ယာဉ်၊ စက်လှေ များဖြင့် အခမဲ့ကူညီနေသည်။ ယခုအခါ ရေဘေးသင့်ဒေသများသို့ မန္တလေး ပရဟိတကွန်ရက်မှ သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မန္တလေးတိုင်းဒေသကြီး အိုလမာအစ္စလာမ် သာသနာပညာရှင်များ အဖွဲ့က ဦးဆောင်၍ ဇူလိုင် ၃ဝရက်မှ သြဂုတ် ၂ ရက်အထိ ငွေကျပ်သိန်း ၄ဝ တန်ဖိုးရှိ အဝတ်အထည်၊ အစားအသောက်၊ ဆေးဝါးပစ္စည်းများကို လှူဒါန်းခဲ့သည်။ ရေဘေးသင့်ပြည်သူများအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကလည်း ကောလင်း၊ ဝန်းသို၊ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်များရှိ ပြည်သူများ ပြန်လည် ထူထောင်ရေးလုပ်ဆောင်နိုင်ရန် အိမ်ထောင်စုတစ်ထောင်အတွက် ငွေကျပ် သိန်း ၃၃ဝတန်ဖိုးရှိ ခြင်ထောင်၊ စောင်၊ မျက်နှာသုတ်ပဝါ၊ ဖိနပ်အစရှိသည့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိသည်။ ကိုကိုညိမ်း(ကောလင်း)

No comments: