Saturday, December 10, 2016

အစိုးရနဲ့ TNLA တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်တဲ့ ဒေသခံ ၄၀၀ ၀န်းကျင် ထွက်ပြေးတိမ်းရှောင်နေ


 

(အစိုးရနဲ့ TNLA တိုက်ပွဲဖြစ်ပွားတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေတာကို ဒီဇင်ဘာလ ၁ဝ ရက်နေ့က တွေ့ရစဉ်) Photo: Kan Thar/RFAရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နားဆိုင်းကျေးရွာနဲ့ ပန်ချဉ်ကျေးရွာက ဒေသခံ ၄၀၀ ၀န်းကျင်ဟာ အီနိုင်းကျေးရွာနဲ့ လားရှိုးမြို့ပေါ်တွေကို မနေ့ညက ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။

နားဆိုင်းနဲ့ ပန်ချဉ်ကျေးရွာတွေဘက်မှာ TNLA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်စစ်ကြောင်းတို့ သွားလာလှုပ်ရှားနေကြတဲ့အတွက် ထွက်ပြေးလာကြတာဖြစ်ကြောင်း သိရပါတယ်။

ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ပန်ချဉ်ကျေးရွာက ၁၀၀ ကျော်၊ နားဆိုင်ကျေးရွာက ၂၀၀ ကျော်နဲ့ မန်းပွဲကျေးရွာဘက်က ၁၀၀ ကျော်လောက်ရှိနေတယ်လို့ အီနိုင်းကျေးရွာမှာ သတင်းယူဖို့ ရောက်ရှိနေတဲ့ RFA သတင်းထောက်က ပြောပါတယ်။

မနေ့ညကလည်း အီနိုင်းကျေးရွာမှာ တပ်မတော်စစ်ကြောင်းနဲ့ တအာင်းလက်နက်ကိုင်အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အရပ်သားတစ်ဦး သေနတ်ထိမှန်ပြီး သေဆုံးသွားပေမယ့် ဘယ်အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင်း ဖြစ်တယ်ဆိုတာကိုတော့ အတည်ပြုလို့မရသေးပါဘူး။ အဲဒီအရပ်သားတစ်ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိ ရပ်ဖတွေကို လားရှိုးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေက ခေါ်ယူတွေ့ဆုံနေတယ်လို့လည်း သိရပါတယ်။

RFA Burmese

No comments: