Sunday, December 11, 2016

KIA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများ ရှာဖွေသိမ်းဆည်းရမိ

KIA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများ ရှာဖွေသိမ်းဆည်းရမိ ========================================= ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီး အနီးပတ်ဝန်းကျင်၌ တပ်မတော်စစ်ကြောင်းက ခရီးသွားပြည်သူများ အေးချမ်းတည်ငြိမ်စွာ သွားလာနိုင်ရေးအတွက် နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ယနေ့နေ့လယ် ၁၂ နာရီခန့်တွင် မူဆယ်မြို့နယ်၊ နမ့်အွန်ကျေးရွာ၏ အနောက်ဘက် ၆ မိုင်ခန့်အကွာသို့ ရောက်ရှိစဉ် KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ အင်အား ၃၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ရန်သူများ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ တပ်မတော်စစ်ကြောင်းက ဆုတ်ခွာထွက်ပြေးသွားသည့် ရန်သူ့နောက်သို့ စနစ်တကျ လိုက်လံရှင်းလင်းရာ မွန်းလွဲ ၁ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတစ်ဝိုက်မှ အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ရှေ့ထွက်မိုင်းတစ်လုံးအား တွေ့ရှိသဖြင့် အများပြည်သူ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး တပ်မတော်စစ်ကြောင်းမှ အထူးမိုင်းရှင်းလင်းရေးအဖွဲ့များဖြင့် သက်မဲ့ပြုလုပ်ရှင်းလင်းပြီး ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်တွင် အလျား ၈ လက်မ၊ အမြင့် ၄ လက်မ၊ ထု ၁ လက်မခန့်ရှိ အနက်ရောင်ရှေ့ထွက်မိုင်း ၁ လုံး၊ စနက်တံဖြူးစ် ၂ ချောင်း၊ ဓာတ်ခဲအသေး ၃ လုံးပါ ဆားကစ်အုံ ၁ ခုနှင့် ၆ ပေခန့်ရှိ ၀ါ/စိမ်း နှစ်ပင်လိမ်ဝါယာကြိုးအသေး ၁ ချောင်းတို့အား သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

No comments: