maps.google
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ မင်ဒါနာအိုကျွန်းတွင် ခရစ္စမတ်အကြိုနေ့ အခမ်းအနားကျင်းပစဉ် ကက်သလစ်ခရစ်ယာန် ဘုရားရှိခိုးကျောင်းတစ်ခု အပြင်ဘက်၌ လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့သောကြောင့် လူ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘုန်းတော်ကြီး တစ်ပါးနှင့် ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၄ ရက်တွင် ပြောသည်။
သြစတြေးလျနှင့် အင်ဒိုနီးရှားတို့က ဗုံးဖောက်ခွဲရန် ကြံစည်မှုများကို ဟန့်တားခဲ့ကြောင်း ပြောပြီး မလေးရှားလုံခြုံရေးတပ်ဖွဲ့များကလည်း စစ်သွေးကြွဟု သံသယရှိသူများကို ဖမ်းဆီးခဲ့စဉ် အရှေ့တောင်အာရှတစ်လွှား လုံခြုံရေးတပ်ဖွဲ့များသည် ခရစ္စမတ်နှင့် နှစ်သစ်ကူးအားလပ်ရက် ကာလများတွင် လုံခြုံရေးမြှင့်တင်ထားသည်။
ထိုမင်ဒါနာအိုကျွန်း တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမျှ တာဝန်ယူပြောကြားခြင်း မရှိသေးသော်လည်း ယခင်က ပေါက်ကွဲမှုများဖြစ်ပွားခဲ့သော ထိုဒေသသည် မွတ်စလင်သူပုန်များနှင့် အိုင်အက်စ်အစွန်းရောက်များ လှုပ်ရှားသော နေရာအဖြစ် လူသိများသည်။
မီဆာယာမြို့နယ်ရဲမှူး ဘာနာဒိုတေယောင်က ကာတာဘာတိုပြည်နယ်မြောက်ပိုင်း မီဆာယာ
မြို့ရှိ ဆန်တိုဘုရားရှိခိုးကျောင်း အပြင်ဘက်တွင် စုဝေးနေသူ အများစု ဒဏ်ရာရရှိခဲ့ကြောင်း ပြောသည်။
ဘုရားကျောင်းဝင်ပေါက်နှင့် မီတာ ၃၀ ခန့်အကွာ ပေါက်ကွဲမှုဖြစ်ပွားသော ကင်းလှည့်ရဲကားတစ်စီးအနီးတွင် ရပ်နေသော ရဲအရာရှိတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။
မလေးရှားနိုင်ငံရှိ အမေရိကန်သံရုံးကလည်း ကန်နိုင်ငံသားများကို ပြန်ပေးဆွဲမှုများနှင့် ဗုံးဖောက်ခွဲခြိမ်းခြောကှ်ုများ ဖြစ်ပွား ဖိလစ်ပိုင်တောင်ပိုင်းကျွန်းများသို့ ခရီးသွားခြင်းမှ ရှောင်ရှားရန် သတိပေးခဲ့သည်။
စက်တင်ဘာလက ဖိလစ်ပိုင် သမ္မတ ရိုဒရီဂိုဒူတာတီ၏ ဇာတိမြို့ဖြစ်သော ဒါဗာအိုမြို့ လူစည်ကားသော ဈေးအတွင်း ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၄ ဦး သေဆုံးပြီး ၇၀ ဦး ဒဏ်ရာရရှိခဲ့သည်။
ထိုတိုက်ခိုက်မှုအတွက် အိုင်အက်စ်စစ်သွေးကြွအဖွဲ့နှင့် ပတ်သက်မှုရှိသည့် လူကိုးဦးကို ဖမ်းဆီးခဲ့သည်။
7day
No comments:
Post a Comment