အရှုံးပေါ်နေသော ပုစွန် မွေးမြူရေးလုပ်ငန်း ပြန်လည် အောင်မြင်ရန် လုပ်ငန်းရှင်များနှင့် ပညာရှင်များ ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပုစွန် မွေးမြူထုတ်လုပ်ရောင်းချသူများ အသင်းမှ သတင်းရရှိသည်။
ပုစွန်မွေးမြူရေးလုပ်ငန်းကျ ဆင်းနေ၍ ပြည်တွင်းစားသုံးမှု လုံ လောက်အောင် မဖြည့်ဆည်းနိုင် သဖြင့် ပုစွန်မွေးမြူသူများနှင့် တက္ကသိုလ်မှ ပညာရှင်များ၊ ငါး လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ် သည်။
‘‘ပုစွန်မွေးမြူရေးလုပ်ငန်း က လက်ရှိအခြေအနေမှာ တစ်ခု မက မှားနေလို့ ပုစွန်မွေးတဲ့သူနဲ့ သားဖောက်သူတွေကို ခေါ်ယူ ဆွေးနွေးမယ်။ ပြီးရင် ဌာနသုံးခု လင့်ခ်လုပ်မယ်။ အဲဒါတွေက တော့ လုပ်ငန်းလုပ်သူရယ်၊ တက္က သိုလ်ရယ်၊ ငါးဦးစီးရယ် ပူးပေါင်း ဆောင်ရွက်မယ်’’ဟု မြန်မာနိုင်ငံ ပုစွန်မွေးမြူ ထုတ်လုပ်ရောင်းချ သူများအသင်း အလုပ်အမှု ဆောင်ဦးမြင့်စိုးကပြောသည်။
တက္ကသိုလ်မှ ပညာရှင်များ ၏ သုတေသနတွေ့ရှိချက်ကို ပုစွန်သားဖောက်လုပ်ငန်းနှင့် မွေး မြူရေးလုပ်ငန်းတွင် လက်တွေ့ အသုံးချနိုင်ရန် စည်းရုံးဆောင် ရွက်မည်ဖြစ်ကြောင်း ဦးမြင့်စိုးက ပြောသည်။
‘‘တက္ကသိုလ်က ပညာရှင် တွေ သုတေသနတွေ့ရှိချက်နဲ့ စီး ပွားရေးလုပ်ငန်းတွေကို ချိတ် ဆက်ဖို့ကြိုးပမ်းဆောင်ရွက် မယ်။ ဒါမှ နိုင်ငံတော်ရဲ့ စီးပွားရေး အောင်မြင်လာမယ်။ သူများနိုင်ငံ တွေမှာ အဲဒီလိုမျိုး ချိတ်ဆက်လုပ် ဆောင်နေတာကြာပြီ’’ဟု မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္က ဋ္ဌ ဒေါက်တာတိုးနန္ဒာတင်ကပြော ကြားသည်။
သဘာဝမှ ဖမ်းဆီးရမိသော ပုစွန်တုပ်ကြီးများကို ပြည်တွင်း သားဖောက်ကန်များတွင် သား ဖောက်ရာ ရောဂါကျရောက်ပြီး သေဆုံးမှုများ နှစ်စဉ်ဖြစ်ပေါ်နေ၍ ပုစွန်မွေးမြူရေးလုပ်ငန်း ကျဆင်း လာရာ ယခုအခါလုပ်ငန်းပြန် လည်အောင်မြင်ရန် ဘက်ပေါင်း စုံမှ ကြိုးစားဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဒေါက်တာတိုးနန္ဒာ တင်ကပြောသည်။
ပုစွန်သားဖောက်စခန်း ၁၄ ခုရှိပြီး ရောဂါပိုးကျရောက်ကာ သေဆုံးသဖြင့် သားဖောက်စခန်း များ ပိတ်လိုက်ရ၍ ပုစွန်သား ဖောက်လုပ်ငန်းရှင်များ၊ ပုစွန်မွေး မြူရေးလုပ်ငန်းရှင်များနှင့် ပုစွန် ပြည်ပတင်ပို့သူများစီးပွားရေး ထိ ခိုက်ခဲ့ကြောင်း ပုစွန်လုပ်ငန်းရှင် များက ပြောသည်။
ပြည်တွင်းစားသုံးမှုလိုအပ် ချက်ကို ဖြည့်ဆည်းရန် ထိုင်းနိုင်ငံ မှ ပုစွန်များ မြ၀တီမြို့မှတစ်ဆင့် ရန်ကုန်မြို့အထိ တရားမ၀င် ၀င် ရောက်ရောင်းချမှုများရှိနေပြီး ထိ ရောက်စွာ အရေးယူနိုင်ခြင်းမရှိ သေးကြောင်း မြန်မာနိုင်ငံ ပုစွန် မွေးမြူထုတ်လုပ်ရောင်းချသူများ အသင်းကဆိုသည်။
No comments:
Post a Comment