Monday, December 12, 2016

မူဆယ်ဒေသ ပြန်လည်တည်ငြိမ်လာ၍ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပုံမှန်နီးပါး ပြန်ဖြစ်




မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းသို့ ရောက်ရှိလာသော ကုန်တင်ယာဉ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

မူဆယ်မြို့တွင် နယ်မြေ ဒေသ လုံခြုံစိတ်ချမှုရှိလာခြင်း ကြောင့် တရုတ် ကုန်သည်များ လာရောက် ဝယ်ယူမှု များလာ သဖြင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ် ရေးသည် ပုံမှန်နီးပါးအခြေအနေ သို့ ပြန်လည်ရောက်ရှိလာကြောင်း မူဆယ်မြို့ ကုန်သည်အချို့ထံမှ သတင်းရရှိသည်။

ယူနန်ပြည်နယ်မှ တရုတ် ကုန်သည်များ၏ ဝယ်လိုအား ကောင်းလာမှုကြောင့် ဒီဇင်ဘာ ၅ ရက်နောက်ပိုင်းတွင် မူဆယ်မြို့ သို့ သကြား၊ ဆန်၊ ပြောင်းဖူးစေ့ အဝင်များလာကြောင်း ၎င်းတို့က ပြောသည်။

‘‘ကုန်သွယ်ရေး ပြန်တက် လာတာနဲ့ မူဆယ်နားမှာ ကား တွေ အရမ်းပိတ်တယ်။ သွားရ လာရ အချိန်အရမ်းပေးနေရတယ်’’ ဟု သကြားကုန်သည်ဦးမင်းသိန်းက ပြောသည်။

ဒီဇင်ဘာ ၁၀ ရက်တွင် မူဆယ်မြို့သို့ သကြားအဝင်အိတ် ရေ တစ်သိန်းခွဲမှ နှစ်သိန်းကြားရှိ ပြီး ပြောင်းဖူးစေ့ အိတ်ရေ ရှစ်သောင်းခန့်၊ ဆန်အိတ်ရေ လေး သောင်းမှ ငါးသောင်းကြား အဝင် ရှိနေကြောင်း သိရသည်။

နိုဝင်ဘာ ၂၀ ရက်နောက် ပိုင်း မူဆယ်မြို့၏ နယ်မြေဒေသ သည် လုံခြုံရေးအားနည်းသည့် အခြေအနေကြောင့် ကုန်သွယ်မှု ရပ်တန့်ခဲ့ရသဖြင့် ယခုရက်ပိုင်း အတွင်း တရုတ်ကုန်သည်များ၏ ဝယ်လိုအား အခြေအနေမှာလည်း ကောင်းလာကြောင်း သိရသည်။

လက်ရှိ မူဆယ်နယ်စပ်တွင် ဒီဇင်ဘာ ၁၁ ရက်၌ သကြား တစ်အိတ်လျှင် ၂၇၂ ယွမ်၊ ပြောင်းဖူးစေ့ တစ်အိတ်လျှင် ၇၆ ယွမ်၊ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ၁၁၈ယွမ်၊ ဖရဲသီးတစ်တန်လျှင် ၃,၅၀၀ယွမ်ခန့်ဈေးရှိကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကုန် သည်အချို့က ပြောသည်။

လက်ရှိ မူဆယ်-ရန်ကုန် ကုန်စည် ဝန်ဆောင်စရိတ်သည် တစ်တန်လျှင် ၈၅,၀၀၀ ကျပ်ဈေး ရှိပြီး တရုတ်-မြန်မာ ငွေလဲနှုန်းမှာ တရုတ်ငွေ တစ်ယွမ်လျှင် ၁၉၀ ကျပ်ခန့်ရှိကြောင်း သိရသည်။

 

7day

No comments: