နိရဉ္စရာ၊ ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖုံညိုလိပ် ဘင်္ဂလီရွာတွင် ယနေ့ နံနက် အစောကြီး ၂ နာရီ ၁၀ မိနစ်က အိမ်အများအပြား မီးလောင်ပြီး ကလေးနှစ်ဦး မီးထဲပါ သေဆုံးသွားကြောင်း သတင်းရရှိသည်။
အဆိုပါ မီးလောင်မှုအား ကွင်းဆင်း စစ်ဆေးနေသူ တောင်ဘဇားနယ်ခြားစောင့် စခန်းမှ စခန်းမှူးအား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ အိမ် ၈ လုံး၊ ဆိုင်ခန်း ၉ ခန်း၊ အသက် ၇နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ် နှစ်ဦး မီးလောင် သေဆုံးသွားကြောင်း အတည်ပြု ပြောကြားသည်။
“ မီးကတော့ ပေါ့ဆီမီးပါ။ နံနက် ၂ နာရီ ၁၀ မိနစ်မှာ စပြီး ကော်ဘီအာမောက် (၄၄) နှစ်အိမ်က စလောင်တာပါ။ တရားခံ ဖြစ်သူ ကော်ဘီအာမောက်ကတော့ ရှောင်တိမ်းနေပါတယ်” ဟု စခန်းမှူးက ပြောသည်။
ကော်ဘီအာမောက်အား မီးပေါ့ဆမှု ပုဒ်မ ၂၈၅၊ လူသေမှု ၃၀၄/က ဖြင့် အမှုဖွင့်ထားကြောင်း သူက ဆက်လက် ပြောကြားသည်။
ယခုအခါ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများကို ကယ်ဆယ်ရေး လုပ်ရန် ဌာနဆိုင်ရာ ၀န်ထမ်းများ ဘူးသီးတောင်မှ လိုက်လာနေကြပြီဟု သိရသည်။
(ဓာတ်ပုံ- နေဇော်လင်း)
Narinjara

No comments:
Post a Comment