Monday, December 12, 2016

အွန်လိုင်းမှာ ပြန့်နေတဲ့ အောင်လနဲ့ ဝိုင်းစုတို့ရဲ့ ဓာတ်ပုံများ


 

လက်ရှိ အွန်လိုင်းမှာ ပြန့်နေတာကတော့ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ရဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အတူ ရိုက်ကူးရာမှာ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့က လက်ချင်းချိတ်ထားတာကြောင့် သူတို့နှစ်ဦးရဲ့ အကြောင်းကို ပရိသတ်တွေ စိတ်ဝင်စားလို့ နေကြပါတယ်။

ဝိုင်းစုခိုင်သိန်း အင်တာဗျူး

သူတို့နှစ်ဦးလုံးဟာ မကြာသေးခင်ကမှ အိမ်ထောင်ဘက် အသီးသီးနဲ့ ကွာရှင်းခဲ့သူတွေ ဖြစ်ပါတယ်။ အခုလည်း သူတို့နှစ်ယောက် ကလောကို အလည်အပတ်သွားခဲ့တယ်ဆိုတဲ့ သတင်းနဲ့အတူ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာတာ ဖြစ်ပါတယ်။

Myanmar Celebrity ရဲ့အင်တာဗျူးမှာ အောင်လက နောက်နှစ်လလောက်နေရင် သူ့ရဲ့ Relationship ကိုပြောပြ မယ်လို့လည်း ဖြေဆိုဖူးပါတယ်။ ဝိုင်းစုခိုင်သိန်းကလည်း Myanmar Celebrity နဲ့ အင်တာဗျူးမှာပဲ "တစ်ဦးတည်း သော သမီးဖြစ်တဲ့အတွက် မိန်းကလေး တစ်ယောက်အနေနဲ့ ရပ်တည်ဖို့ မလွယ်တာကြောင့် နောက်ထပ်အိမ်ထောင် ပြုချင်လည်း ပြုဖြစ်မယ်" လို့ ဖြေဆိုဖူးပါတယ်။

သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံတွေကတော့ လက်ရှိ အွန်လိုင်းမှာ ပျံ့နှံ့နေပြီး သူတို့ရဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်း ကို ခံနေရပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး သူတို့နှစ်ယောက်က ပြန်ဖြေရှင်းထားတာတွေကိုလည်း မတွေ့ရသေးပါဘူး။

 

 

 

 

BADGE ME

No comments: