တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မောင်းမကန်နယ်မြေ ရဲစခန်း အပိုင်နယ်မြေအတွင်း သဘော့ဆိပ် ကျေးရွာ၌ (၂)နှစ်အရွယ် မိန်းကလေး မုဒိန်းကျင့်ခံရမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မိခင်ဖြစ်သူ မ_---------- သည် ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီခန့်အချိန် သမီးဖြစ်သူ မ ------------ (၂)နှစ်(ဘ)ဦး ------------ မှာ အိပ်ပျော်နေသဖြင့် နေအိမ်ရှိ ပုခက်ထဲတွင် သိပ်ထားခဲ့၍ သဘော့ဆိပ်ကမ်းခြေရှိ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် သောက်ရင်း TV ကြည့်နေခဲ့ပြီး ည ၁၁ နာရီခန့်အချိန်ကျမှ နေအိမ်သို့ပြန်လာခဲ့ရာ သမီးဖြစ်သူမှာ ကြမ်းပြင်ပေါ်တွင် တစ်ဇောင်း အနေ အထားဖြင့် မိန်းမအင်္ဂါတွင် သွေးများပေနေပြီး မျက်လုံးပြူး၍ငြိမ်နေသည်ကိုတွေ့ရှိရသည်။
သမီးနဘေးတွင်မူ တစ်ရွာတည်းနေသူ နေအိမ်သို့ ၀င်ထွက်သွားလာနေသော ချစ်ကို(၃၃)နှစ် (ဘ)ဦးကျော်လွင်၊ ရေလုပ်သား၊ မြောင်းပုလဲရပ်၊ ထားဝယ်မြို့ နေသူ မှာ ပုဆိုးမပါဘဲ အရက်မူးပြီးကလေး၏ဘေးတွင် အိပ်နေသည်ကို တွေ့ရှိရပြီး ကလေး၏ဘေးတွင် ရေသန့်ဘူးဖြင့်ထည့်ထားသော ဆီဗူး တစ်ဗူးအားလည်းတွေရှိရသဖြင့် ရဲတပ်ဖွဲသို့ တိုင်တန်းခဲ့ရကြောင်း သိရသည်။
ရဲတပ်ဖွဲ့မှ တရားခံ ချစ်ကို(၃၃)နှစ် (ဘ) ဦးကျော်လွင်အား ဖမ်းဆီးပြီး သမီးဖြစ်သူ အား မှုခင်းဆေးစာဖြင့် ထားဝယ်ဆေးရုံကြီးသို့ ပို့အပ်ဆေးစစ်မှုခံယူနေရကြောင်း သိရှိရပါသည်။
တနင်္သာရီတိုင်းမ်း သတင်းမီဒီယာ
Photo - TNY Police

No comments:
Post a Comment