နေပြည်တော် ၊ နိုဝင်ဘာ - ၂၃
ရန်ကုန်မြို့၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၌ ယနေ့နံနက် ၉ နာရီ ၄၀ မိနစ် တွင် F-7 လေယာဉ်တစ်စီးကို စက်နှိုးစမ်းသပ်ရာ အင်ဂျင်မှတစ်ဆင့် စတင်မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ မီးသတ်ယာဉ်များ၊ ရန်ကုန်လေဆိပ်မှ မီးသတ်ယာဉ်များ၏ ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် ၉ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။
ဖြစ်စဉ်အားစိစစ်ရာ ၎င်းလေယာဉ်မှာ ပြင်ဆင်ရန်အတွက် မြေပြင်၌ ရပ်နားထားရှိပြီး စက်နှိုးစမ်းသပ်စဉ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် မီးစတင် လောင်ကျွမ်းရခြင်း အကြောင်းအရင်းအား ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Credit=Aye Kyaw Kyaw
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, November 23, 2016
တပ်မတော်လေယာဉ်တစ်စီး အင်ဂျင်စက်နှိုးစမ်းသပ်စဉ် မီးလောင်မှုဖြစ်ပွား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment