Wednesday, November 23, 2016

ဖားကန့်မြို့နယ် ဆိုင်းဂျာဘွမ် ကျေးရွာက ဒေသခံတွေဟာ ကျောက်မျက်တူးဖော်ရေး ကုမ္မဏီ (၉) ခု ခန့်က စွန့်ပစ်မြေစာ ပစ်ရာမှ အသုံးပြုတဲ့ လမ်းမကြီးကို ပိတ်ပစ်ပီး ဆန္ဒထုတ်ဖော်ခဲ့ကြ

22.11.2016 နေ့ မှာ ဖားကန့်မြို့နယ် ဆိုင်းဂျာဘွမ် ကျေးရွာက ဒေသခံတွေဟာ ကျောက်မျက်တူးဖော်ရေး ကုမ္မဏီ (၉) ခု ခန့်က စွန့်ပစ်မြေစာ ပစ်ရာမှ အသုံးပြုတဲ့ လမ်းမကြီးကို ပိတ်ပစ်ပီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ် ။ အခုလို လမ်းမကြီးကို ပိတ်ပြီး ဆန္ဒဖော်ထုတ်ရတာ ကုမ္မဏီတွေ ရဲ့ ကျောက်စိမ်းတူးဖော်မှုကြောင့် ပျက်စီးပြီး အန္တရာယ်ကျရောက်နိုင်တဲ့ နေအိမ်(၇၂) လုံးကို နစ်နာကြေးတွေ ပေးဘို့ သဘောတူညီခဲ့ပြီး ကုမ္မဏီတွေဘက်က လိုက်နာဆောင်ရွက်ခြင်းမရှိလို့ ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ် ။ ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီတွေ ဘက်က ၂၅.၅.၂၀၁၆ နေ့မှာအန္တရာယ်ကျရောက်နိုင်တဲ့ နေအိမ် (၇၂) လုံးအတွက် နစ်နာကြေးငွေ သိန်းပေါင်း တစ်သောင်းနှစ်ထောင်ကို ပေးဘို့ သဘောတူညီးခဲ့ပေမဲ့ နစ်နာကြေး သိန်းတစ်ထောင့်ကိုးရာ ကိုသာ ပေးသွင်းခဲ့ပြီး ကျန်ငွေတွေကို ပေးချေခြင်း မရှိတဲ့အတွက် ခြောက်လထိအောင် စောင့်ဆိုင်းခဲ့ပေမဲ့ ပြေလည်အောင် ဆောင်ရွက်ပေးခြင်း မရှိတာကြောင့် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ် ။ အခုကိစ္စနဲ့ ပတ်သက်ပြီး ဖားကန့် မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်များဖြစ်တဲ့ ဦးတင်စိုး ၊ဦးခင်မောင်မြင့် နဲ့ ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီး ၊ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အပါအဝင်  ကျောက်စိမ်းတူးဖော်ဌာ ( လုံးခင်း) တို့ကို ကူညီဖြေရှင်းပေးဘို့ တောင်းဆိုခဲ့ပေမဲ့ ကူညီဆောင်ရွက်ပေးခြင်းမရှိဘူးလို့လဲ သိရပါတယ် ။ ကုမ္မဏီတွေဘက်က ပြေလည်အောင် ဖြေရှင်းပေးတဲ့အထိ လမ်းပိတ်ပြီး ဆန္ဒဖော်ထုတ်သွားမယ်လို့လဲ သိရပါတယ် ။

No comments: