Friday, July 1, 2016

ဦးဂမ္ဘီရ (ခ) ဦးညီညီလွင်အား တရားစွဲဆိုထားသည့် အမှုအားလုံး ပြန်လည်ရုပ်သိမ်းပြီး အပြီးသတ်လွှတ်ပေး



ဦးဂမ္ဘီရ (ခ) ဦးညီညီလွင်အား ရွှေဝါရောင် လှုပ်ရှားမှု၌ ဦးဆောင်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၄၄၈၊ ပုဒ်မ ၄၂၇ တို့ဖြင့် တရားစွဲထားသည့် ဗဟန်းမြို့နယ် တရားရုံးက ဇူလိုင် ၁ ရက်တွင် အမှုမှ အပြီးသတ် လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဦးဂမ္ဘီရ (ခ) ဦးညီညီလွင်အား စွဲဆိုထားသော အမှုများကို တရားစွဲထားသည့် အဖွဲ့အစည်း အဆင့်ဆင့်မှ နည်းလမ်းတကျ အမှုရုပ်သိမ်းခွင့်ကို တင်ပြလာသည့်အတွက် ဗဟန်းမြို့နယ် တရားရုံးက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄(က) အရ စွဲချက်မတင်မီ အမှုရုပ်သိမ်းခွင့်ပြုပြီး လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ သန်လျင်မြို့နယ် တရားရုံးတွင် ၂၀၁၂ ခုနှစ်က ချိတ်ပိတ်ထားသည့် ဓမ္မာရုံတစ်ရုံအား သော့ဖွင့်မှုကြောင့် ပုဒ်မ ၄၂၇၊ ပုဒ်မ ၄၄၈၊ ပုဒ်မ ၄၅၄ တို့ဖြင့် တရားစွဲဆိုထားမှုကိုလည်း ရုပ်သိမ်းကာ အမှုမှ လွှတ်ပေးခဲ့ကြောင်း သိရသည်။


No comments: