Thursday, July 7, 2016

သုံးစွဲသူပြည်သူအပေါ် လိမ်လည်ခဲ့သော တယ်လီနောဆက်သွယ်ရေးကုမ္ပဏီအား ထိရောက်စွာအရေးယူပေးပါ


တယ်လီနောဖုန်းကုမ္ပဏီကနေ ဇူလိုင်လ ၁ ရက်နေ့မှာ "စိတ်ကြိုက်" Face Book နဲ့ Viber အခမဲ့အသုံးပြုလို့ရနိုင်မယ့် အစီစဉ်ကို တရားဝင်ကြေငြာခဲ့ပါတယ်။ ဒီအစီစဉ်ကိုယူမယ်ဆိုရင် ပထမ (၇ ) ရက် လက်ဆောင်အခမဲ့သုံးစွဲခွင့်ရမှာဖြစ်ပြီး ငွေဖြည့်သည့်ပမာဏအလိုက် ၅ ရက် ၁၀ ရက် တစ်လ အခမဲ့ကြိုက်သလောက်သုံးခွင့်ရမယ်လို့ တရားဝင်ကြေငြာခဲ့ပါတယ်။

သုံးစွဲသူများအထူးကြိုက်နှစ်သက်ပြီး ပြောင်းလဲသုံးစွဲခဲ့ပါတယ်။ ဒါပေမယ့် သုံးစွဲသူအရမ်းများလာတဲ့အချိန်မှာ အစီစဉ်စတင်ပြီး ၅ ရက်နေ့မှာ အစီစဉ်ကိုချက်ခြင်းပြောင်းလဲပစ်ခဲ့ပါတယ်။ Facebook နဲ့ Viber ကို စိတ်ကြိုက်အခမဲ့သုံးစွဲခွင့်မဟုတ်တော့ပဲ တရားမျှတစွာသုံးစွဲမှု မူဝါဒအရဆိုပြီး တစ်ရက်ကို ၁၅၀ မက်ဂါဘိုက်သာသုံးစွဲခွင့်ရတော့မယ်လို့ ပြောင်းလဲပစ်လိုက်ပါတယ်။ မိမိဘာသာ စိတ်ကြိုက်သတ်မှတ်ပေးတဲ့အစီစဉ်ကို တရားမျှတစွာသုံးစွဲမှု မှုဝါဒအရလို့ပြောပြီး ပြောင်းလဲလိုက်တာဟာ ဒီအစီစဉ်ကို သုံးစွဲတဲ့ပြည်သူတွေကို စော်ကားလိုက်တာပဲဖြစ်ပါတယ်။

ဒီလုပ်ရပ်ဟာ သုံးစွဲသူ မြန်မာပြည်သူတွေအပေါ် လိမ်လည်လှည့်ဖျား စော်ကားလိုက်တာပါပဲ။ အရင်ကလည်းဒီလိုကြေငြာပြီးမှာ ပြောင်းခဲ့ဘူးပါတယ်။ မြန်မာပြည်မှာ တယ်လီနောသုံးစွဲသူ ၁၀ သန်းကျော်ရှိတယ်လို့ သိရပါတယ်။ ထို့ကြောင့် ပြည်သူ ၁၀ သန်းကျော်ကို လိမ်လည်တဲ့အမှုကြီးဖြစ်ပါတယ်။

တရားဝင်နိုင်ငံတကာဆက်သွယ်ရေး ကုမ္ပဏီကြီးအနေဖြင့် ဒီလိုဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်မျိုးလုံးဝမလုပ်သင့်ပါဘူး။ ယခုလုပ်ရပ်အား လုံးဝရှုံ့ချပါတယ်။

ယခုလိုလိုလိမ်လည်မှုအတွက် နစ်နာခဲ့ရသောပြည်သူတွေအတွက် အဓိကတာဝန်ရှိတဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်အနေနဲ့ ထိရောက်စွာအရေးယူဆောင်ရွက်ပေးပါ။

တယ်လီနောဆက်သွယ်ရေးကုမ္ပဏီအနေနဲ့ ဒီကိစ္စကိုနဲ့ပတ်သတ်ပြီး တရားဝင်ဖြေရှင်ပေးပါ။ ယခုလိုလိမ်လည်မှုအတွက် တယ်လီနော သုံးစွဲသူမြန်မာပြည်သူတွေကို တရားဝင်ဝန်ချတောင်းပန်ပါ။

- ကျော်ကြီး(MDY)

2 comments:

Unknown said...

ဟုတ်တယ်ဗျာကျနော်ကိုလဲဒီလိုဘဲ မကျေနပ် ဘူးလား telenor COL.D
ကျနောဖုန်းနံပါတ်လော့ချလိုတယ်

Unknown said...

၀၉၇၉၂၄၀၃၁၁၅