Thursday, July 7, 2016

မိုင်းကွဲပြန်ပြီ ***********


ယနေ့(၇.၇.၂၀၁၆)နံနက် ၈နာရီခွဲခန့်အချိန် မိုးကောင်း.ဖားကန့်လမ်း.၊မိုးကောင်းမြို့အထွက်
 ၈မိုင်လမ်းခွဲအကျော် ကွန်ကရစ်တံတားတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း
သတင်းရရှိသည်။

ယာဉ်မောင်းဦးအောင်ဆန်ဦး(ခ)ဖိုးသား(၂၆နှစ်)
(ဘ)ဦးသန်းအောင်၊ရွှေအိုက်ရပ်ကွက်(၁)၊
မြစ်ကြီးနားမြို့နေမောင်းနှင်သည့်
လင်ခရူစာအမျိုးအစား၊1F ၆၆၈၈ ၊ခဲဖြူရောင်
သည်တံတားပေါ်ဖြတ်ကျော်စဉ်မိုင်းပေါက်ကွဲမှု
ဖြစ်ပွားခဲ့ပြီးကား၏
ဝဲဘက်ခြမ်းမှန်ကွဲခဲ့ပြီး
ဝဲဖက်ခြမ်းရှိရှေ့နောက်ကားဘီးများ
ပျက်စီးခဲ့သည်။

ယဉ်ပေါ်တွင်စီးနင်းလိုက်ပါခဲ့သူ
ဒေါ်ခွန်ရာ(၄၈နှစ်)(ဘ)ဦးဒီလတောင်
ကချင်ခရစ်ယာန်၊အရောင်းဝယ်လုပ်ကိုင်သူ
ရွှေအိုက်ရပ်ကွက်(၁)မြစ်ကြီးနားမြို့နေသူတွင်
မိုင်းစ(၁)ချက်ထိမှန်ခဲ့
(မစိုးရိမ်ရ)
နှင့်ပဆီဆိုင်းပန်(၂၀နှစ်)
(ဘ)ဦးပဆီဇော်ခွန်
ကချင်ခရစ်ယာန်၊
မှိခို၊ရွှေအိုက်ရပ်ကွက်၁၊
မြစ်ကြီးနားမြို့နေသူအား
ဦးခေါင်းဝဲဖက်ခြမ်း၊ဝဲယာခြေဖမိုးတို့အား
မိုင်းစများထိမှန်ခဲ့ကြောင်းသတင်းရရှိသည်။

လူနာများအား
မိုးကောင်းဆေးရုံတွင်
ကုသမှုပြုလုပ်ပြီးနောက် မြစ်ကြီးနားဆေးရုံသို့ ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်း
့ သိရှိရသည်။။
crd.Shan Bamar

No comments: