Saturday, July 2, 2016

‘‘အပျိုကြီးတော့မလုပ်ပါဘူး။ နောက် ၂ နှစ် လောက်နေရင်တော့ အချစ်ရေးကို စဉ်းစားမယ်’’

ဓာတ်ပုံ−ကျော်ဇင်သန်း
လေးခွေမြောက်တစ်ကိုယ်တော် အခွေအတွက် ပြင်ဆင်မှုတွေလုပ် နေတဲ့ အဆိုတော်ရတနာမိုင်ကို ၎င်းရဲ့အခွေနဲ့ပတ်သက်ပြီး မေး မြန်းခဲ့ပါတယ်။
တစ်ကိုယ်တော်အခွေထွက်ရှိဖို့ ပြင်ဆင်နေတာ သိရပါတယ်။ အဲ ဒီအခွေအကြောင်းလေးကို ပြော ပြပေးပါဦး။
တစ်ကိုယ်တော်အခွေထွက် ဖို့ရှိပါတယ်။ မိုင်လေးရဲ့ လေးခွေ မြောက်တစ်ကိုယ်တော်အခွေပါ။ ကိုးလပိုင်းလဆန်းမှာ ထွက်ပါ မယ်။ အခုကတော့ သီချင်းတွေကို လက်စသတ်နေပါပြီ။ Audio CD အရင်ထွက်မယ်။ အခုက ဆိုတာ တွေတော့ပြီးသွားပြီ။ ဟာမိုနီနဲ့ Mixing ပဲ ကျန်တော့တယ်။ နောက်ထပ် ထပ်ထည့်ချင်တဲ့ သီချင်းနှစ်ပုဒ်လောက်ပဲ ကျန် တယ်။ အခွေနာမည်ကိုတော့ ‘သူ သိစေ’လို့ နာမည်ပေးထားတယ်။ သီချင်းက စုစုပေါင်း ၁၄ ပုဒ် လောက်ပါဝင်ပါတယ်။
လေးခွေမြောက်တစ်ကိုယ်တော် အခွေဖြစ်လာပြီဆိုတော့ အရင် ထွက်ခဲ့တဲ့ ရှေ့ကအခွေတွေနဲ့ မတူကွဲပြားအောင် ဘယ်လိုအ သစ်အဆန်းတွေ လုပ်ထားလဲ။
ဒီအခွေကတော့ ကွာခြားပါ တယ်။ ဆိုပုံဆိုပေါက်လေးတွေ လည်း ကွာထားတယ်။ အရင်ပုံစံ လေးတွေ တစ်ပုဒ်၊ နှစ်ပုဒ်လောက် တော့ပါတယ်။ တေးရေးတွေက လည်း အစုံပါပဲ။ အရင် မိုင်လေး မဆိုဖူးတဲ့ တေးရေးဆရာတွေဖြစ် တဲ့ ဆရာရွှေဂျော်ဂျော်တို့ ရေးပေးထားတာတွေလည်းပါသလို ဆရာဦးမင်းချစ်သူတို့၊ တခြားနာမည် ကြီး တေးရေးဆရာတွေအပြင် အသစ်တွေပါတယ်။ သီချင်းပုံစံတွေလည်း စုံစုံလင်လင်ထည့်ပေး ထားပါတယ်။
အခွေမထွက်ခင်မှာ တစ်ပုဒ်ချင်းစီ ကို အမြည်းအနေနဲ့ အွန်လိုင်းက နေ တင်ပေးဖို့ရှိလား။
အခုလောလောဆယ်တော့ အွန်လိုင်းမှာ အခွေနာမည်လည်း ဖြစ်တဲ့ ‘သူသိစေ’သီချင်းကိုတော့ စမ်းပြီးတင်ပေးထားတယ်။ ပရိ သတ်တွေ အားပေးတာလည်း တွေ့ရပါတယ်။ ‘မိန်းမသား’ဆိုတဲ့ သီချင်းကိုလည်း Fan ထဲကတစ် ယောက်က တင်ပေးထားတော့ ဒီ သီချင်းလေးကိုလည်း အားပေး တာ တွေ့ရပါတယ်။ Single သက်သက်တော့ အွန်လိုင်းမှာ မဖြန့်သေးဘူး။ အခွေထွက်ပြီးမှ ပြန်တင်ပေးဖြစ်ပါမယ်။
မိုင်လေးရဲ့ အမာခံပရိသတ် We Love Fan အဖွဲ့တွေနဲ့ သီးသန့်တွေ့ဆုံမှုမျိုးတွေကော လုပ်ပေးဖို့ရှိလား။
မိုင်လေးတို့တွေ့ဖြစ်တယ်။ အိမ်ကို လာလည်ကြတာရှိပါ တယ်။ Fan တွေထဲက တချို့တွေ နဲ့ အပြင်မှာ မုန့်တွေ ဘာတွေသွား စားတာမျိုးလည်းရှိတယ်။ နောက် ပိုင်းမှာလည်း သူတို့လေးတွေနဲ့ အလှူလေးတွေလုပ်ဖို့ စိတ်ကူး ထားတာရှိတယ်။
ပရဟိတအနေနဲ့ကော အခုနောက်ပိုင်းမှာ ဘာတွေလုပ်ဖို့ရှိလဲ။
ပရဟိတအနေနဲ့ဆိုရင် ဩဂုတ်လ မိုင်လေးမွေးနေ့ရောက် ရင် လုပ်ဖို့ရှိတယ်။ အဓိကက မိုင် လေးသွေးလှူချင်တယ်။ We LoveFan တွေစုပြီးတော့လည်း မိဘမဲ့ ကလေးကျောင်းတွေမှာ အလှူ သွားလုပ်ဖို့ စဉ်းစားထားပါတယ်။
သရုပ်ဆောင်ဘက်ကို ကမ်းလှမ်းလာရင် ရိုက်ကူးဖို့အစီအစဉ်ရှိလား။
သရုပ်ဆောင်လုပ်ဖို့တော့ စိတ်ကူးထားတာရှိတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ အဆို ကိုပဲလုပ်မယ်။ တကယ်တမ်းရိုက် ကူးဖို့ရှိလို့ လာကမ်းလှမ်းရင်တော့ အဆင်သင့်မဖြစ်လည်း ရိုက်ရမှာ ပေါ့နော်။ အရင်ကလည်း ဆယ် ကားလောက်ရိုက်ဖူးပါတယ်။ ကိုယ်က အဆိုပိုင်းကလာတာဆို တော့ အဆိုပိုင်းကိုတော့ ဦးစား ပေးရမှာပေါ့နော်။ တစ်ခါတလေ ကျရင် ရိုက်နေတဲ့အခါမှာ သီချင်း ဆိုဖို့ရှိရင် သူတို့ကို ခွင့်တောင်းပြီး သွားရတော့ ဒါရိုက်တာတွေ စိတ် ဆိုးတာရှိလာနိုင်တယ်။ အဲဒါ ကြောင့် အားလည်းနာတယ်။ နောက်ပိုင်းမှာ သီချင်းဆိုဖို့ ခွင့် တောင်းထွက်ရတာရှိတော့ ဦးရေ ခွင့်ပြုပါဦး၊ သမီးသီချင်းဆိုစရာရှိ လို့ဆိုရင် ရိုက်ကူးရေးလုပ်နေတာ ပဲ မရဘူးဆိုတာမျိုးတို့၊ တစ်ခါ တလေ Night Scene ဆိုလည်း ကြိုလည်းမသိရဘူး။ အခုက ည ဘက် ၆ နာရီဆို ဒင်နာပွဲတွေဆို စရာရှိတယ်။ အဲဒီလိုဆိုတော့ အခုလက်ရှိမှာတော့ အလုပ်တစ် ခုကိုပဲ လုပ်မယ်လို့ အာရုံစိုက်ထား လိုက်တော့တယ်။
မိုင်လေးနဲ့ ရွယ်တူတချို့တွေ လည်း အိမ်ထောင်ပြုလာကြပြီဆို တော့ မိုင်လေးကော စဉ်းစား တော့မှာလား။
အပျိုကြီးတော့မလုပ်ပါဘူး။ အချစ်ရေးကတော့ ပြောရရင် အခုလောလောဆယ် အဲဒီဘက် ကို မလှည့်နိုင်သေးတာပါ။
နောက်၂ နှစ်လောက်နေရင်တော့ လှည့်တော့မယ်ပေါ့နော်။ အဲဒီအချိန် လောက်ကျရင်တော့ အချစ်ရေးကို စဉ်းစားမယ်။ အခုလောလောဆယ်ကတော့ ဂီတအနုပညာ လောကမှာ မအောင်မြင်သေး ဘူး။ ရပ်တည်တဲ့အနေအထား လောက်ပဲရှိသေးတယ်။ အောင် မြင်တဲ့ အနေအထားမရောက် သေးဘူး။ အောင်မြင်တဲ့အဆို တော်ဖြစ်အောင် ကြိုးစားမယ်။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်ပြီဆိုမှ အချစ်ရေးဘက်ကို လှည့် တော့မယ်။
အခုကော တစ်သက်လုံးစာအတွက် လက်တွဲမယ့်သူ၊ ချစ်ရမယ့် သူတွေ့ပြီလား။
ချစ်ရမယ့်သူဆိုရင် ကိုယ် ချစ်နေတဲ့သူကို ဘယ်သူမဆို ရင် ထဲမှာတော့ရှိကြမှာပဲ။ ဒါပေမဲ့ အခုအချိန်မှာ မစဉ်းစားချင်သေး ဘူး။ ကိုယ်ရွေးချယ်မယ်ဆိုရင် လည်း ပိုက်ဆံချမ်းသာတာ၊ မချမ်းသာတာ အဓိကမကျပါဘူး။ လူ ဆိုတာ နှစ်ဦးကံပေါင်းလိုက်ရင် ချမ်းသာရင်လည်း ချမ်းသာသွား နိုင်တယ်။ ယူပြီးမှ ဆင်းရဲသွား တာမျိုးလည်း ရှိနိုင်တယ်။ အဲဒါ ကြောင့် ချမ်းသာတာမျိုးကို အဓိ ကမထားဘူး။ နှစ်ဦးကြိုးစားလိုက် ရင် နောင်တစ်ချိန်မှာ အဆင်ပြေ သွားနိုင်တယ်။ ကိုယ့်အပေါ်မှာ ယောက်ျားကောင်း ပီသရမယ်။ အမေ၊ အဖေကို သိတတ်ရမယ်။ သစ္စာရှိရမယ်။ သစ္စာရှိရမှာက အဓိကပဲပေါ့နော်။ ဒါကြောင့် ရွေး မယ်ဆိုရင်လည်း ကိုယ့်အပေါ်ကို သစ္စာရှိရှိနဲ့ ချစ်နိုင်မယ့်သူကိုပဲ ရွေးမယ်။ သူ့ဟာနဲ့သူ ပုံမှန်ဝင်ငွေ လေးရှိနေပါစေ အရမ်းချမ်းသာ စရာမလိုဘူး။ ကိုယ့်အရည်အ ချင်းလေးနဲ့ ကိုယ်ကြိုးစားတဲ့သူကို ပဲ သဘောကျတယ်။
အပြင်လောကမှာလည်း တကယ် ချစ်ကြလို့ ယူပြီးတဲ့အခါမှာ တချို့ ဖောက်ပြန်မှုဖြစ်လာတာမျိုးတွေ ရှိလာတယ်။ ကိုယ်ကပရိသတ်သိ ပြီးတဲ့ စံပြအနုပညာရှင်ထဲက တစ်ယောက်ဆိုတော့ ဘယ်လို  အကြံပေးချင်လဲ။
အခုဆိုရင်လည်း အဲဒီလိုမျိုး ကြားနေရတာတွေ အများကြီးရှိ တယ်။ အပြင်လောကတွေမှာ ရော၊ ဖေ့စ်ဘွတ်ခ်ပေါ်မှာရော ဖောက်ပြန်နေကြတာတွေရှိ တယ်။ အဲဒါကို အကြောက်ဆုံးပါ ပဲ။ တကယ်လို့ဖြစ်လာရင်လည်း အချိန်က ကုစားပေးသွားမှာပါ။ စိတ်မဆင်းရဲကြစေဖို့လည်း ဆု တောင်းပေးတယ်။ ကိုယ့်မိသားစု ဖြစ်ဖြစ်၊ ကိုယ်ချစ်တဲ့သူအပေါ်ကို သစ္စာရှိရှိနဲ့ ချစ်နိုင်ဖို့က အဓိကပါ။ အဲဒီအချိန်မှာ စိတ်ညစ်နေမယ့် အစား ခံစားရမှာကိုတော့ ကိုယ် ချင်းစာပါတယ်။ အရမ်းစိတ်ညစ် ကြရမှာပဲလေ။ ဒါမျိုးက ကိုယ် ဘယ်လောက်ပဲကောင်းနေပါစေ ဒီလိုဖြစ်မယ့် ကံပါလာရင်တော့ တားလို့မရဘူး။ ဒါကြာင့် ဖြစ်လာ ရင်လည်း ကိုယ့်ကိုယ်ကိုယ် စိတ် ကိုအကောင်းဆုံးပြင်ဆင်နေထိုင် ရင် အကောင်းမွန်ဆုံးပါ။ လဲနေ ရင် ပြန်ထပေါ့နော်။
ပရိသတ်ကို ဘာပြောချင်သေးလဲ။
ပရိသတ်တွေကိုတော့ မိုင် လေးရဲ့ ‘သူသိစေ’တစ်ကိုယ်တော် အခွေထွက်ဖို့ရှိတယ်။ အားပေး ကြပါဦး။
ကျေးဇူးတင်ပါတယ်

No comments: