Monday, July 4, 2016

ရန်ကုန်တိုင်း ဝန်ကြီးချုပ် မလိုအပ်ဘူးပြောတဲ့ … မ.ဘ.သ ဖြစ်ပေါ်လာတဲ့ အစနိဒါန်း ………………… ■■■■■■■■■■■■■■■■■■■■■■■■■

((( မ.ဘ.သ ၏ အစနိဒါန်း )))

(၆.၅.၂၀၁၃) ၊ နေ့လည် (၂:၀၀)နာရီ …

ရွာမပရိယတ္တိစာသင်တိုက်(အင်းစိန်) ၊ နိုင်ငံတော်ဩဝါဒါစရိယ ..
အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ တိလောကာဘိဝံသ ..
ဦးစီးဦးဆောင် ပြုလုပ်ကာ ..

☆ ပိဋကသုံးပုံ နိကာယ်စာသင်တိုက် ဆရာတော်
     ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ
     ( ရွှေရတု တိပိဋကဓရ၊ ပါဠိပါရဂူ ၊ တိပိဋကဓရ တိပိဋကကောဝိဒ ၊
       တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက )

☆ တိပိဋကပုလဲရောင်ရှိန် စာသင်တိုက် ဆရာတော်
     ဘဒ္ဒန္တ ဣန္ဒပါလ
     ( တိပဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက )

☆ သိမ်ဇရပ် ဓမ္မဒူတပိရိယတ္တိစာသင်တိုက် ဆရာတော်
     ဘဒ္ဒန္တ ပညာဝရ

☆ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း ဆရာတော်
     ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ (ဝီရသူ - မစိုးရိမ်)

☆ မရမ်းကုန်း၊ စံပြသာသနာပြုကျောင်း ဆရာတော်
     ဘဒ္ဒန္တ ကောသလ္လ

☆ အပေါင်မြို့နယ် ဆရာတော်
     ဘဒ္ဒန္တ ကဝိသာရ

☆ အင်းစိန်မြို့နယ်လုံးဆိုင်ရာ ပူပေါင်းဆွမ်းလောင်းအသင်းကြီး- မိုဘိုင်းလ် မှ
     ရှင်စန္ဒာသီရိ

တို့ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်  ..
အစည်းအဝေးခန်းမကြီး၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ..
အောက်ပါ ညှိနှိုင်းသဘောတူဆုံးဖြတ်ချက်များ ချမှတ်ခဲ့ ..

၁။ အမျိုး ၊ ဘာသာ ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)
    ဟု အမည်ခေါ်တွင်စေရန်

၂။ အဖွဲ့တွင် ..
    ● နိုင်ငံတော် ဩဝါဒါစရိယဆရာတော်များ ပါဝင်သည့်
        ဦးဆောင် ဆရာတော်များ အဖွဲ့
    ● စာသင်တိုက် ဆရာတော်များ ပါဝင်သည့်
        ဦးဆောင် ဆရာတော်များ အဖွဲ့
    ● ဓမ္မကထိက နှင့် ကမ္မဋ္ဌာနာစရိယ ဆရာတော်များ ပါဝင်သည့်
        ဦးဆောင် ဆရာတော်များ အဖွဲ့
     ဟူ၍ ဖွဲ့စည်းထားရှိရန်

၃။ ဦးဆောင် ဆရာတော်များ အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းရာတွင် -
    ● စာသင်တိုက် ဆရာတော်များကို ..
       ဘဒ္ဒန္တ တိလောကာဘိဝံသ ကလည်းကောင်း
    ● နိုင်ငံတော် ဩဝါဒစရိယ နှင့် တိပိဋက ဆရာတော်များကို ..
        ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ နှင့် ဘဒ္ဒန္တ ဣန္ဒပါလ တို့ကလည်းကောင်း
    ● ဓမ္မကထိက နှင့် ကမ္မဋ္ဌာနာစရိယ ဆရာတော်များကို ..
       ဘဒ္ဒန္တ ပညာဝရ နှင့် ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ(ဝီရသူ-မစိုးရိမ်) တို့ကလည်းကောင်း
    တာဝန်ယူ နှိုးဆော် စည်းရုံးဆောင်ရွက်ရန်

၎။ အမျိုး၊ ဘာသာ ၊ သာသနာ မကွယ်ပျောက်အောင်
    တရားဥပဒေ နှင့် အညီ ကာကွယ်စောင့်ရှောက်နိုင်ရေး
    အတွက် အမျိုးစောင့်ဥပဒေ တစ်ရပ် ဖြစ်ပေါ်လာစေရေး
    (ရေရှည်) စီမံချက် ချမှတ်ဆောင်ရွက်သွားရန်

၅။ မ.ဘ.သ အဖွဲ့ကြီး၏ ရည်ရွယ်ချက် နှင့် လုပ်ငန်းစဉ်များ
   ကို ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်
   စေရန်အတွက် သင့်တော်သည့် အချိန်တွင် ပုံနှိပ်မီဒီယာ နှင့်
   အွန်လိုင်းမီဒီယာများ အသုံးပြု၍ အသိပညာပေး ဆောင်ရွက်
   သွားရန်

၆။ မ.ဘ.သ အဖွဲ့ နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့စည်းများ ၊
    ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ၊ ပြည်သူလူထုအင်အား
    များကို ညီညွတ်စွာ ပူးပေါင်းရယူဆောင်ရွက်သွားရန်

၇။ ဘာသာရေး ၊ လူမှုရေးအဖွဲ့စည်းများနှင့် လူထုအခြေပြု အသိပညာ
    ပေး စည်းရုံးရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား -
   ● အထက်မြန်မာပြည် တာဝန်ခံ ဆရာတော်အဖြစ်
      ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဝီရသူ - မစိုးရိမ်) ကလည်းကောင်း
   ● အောက်မြန်မာပြည် တာဝန်ခံ ဆရာတော်အဖြစ်
      ဘဒ္ဒန္တပညာဝရ ကလည်းကောင်း
   တာဝန်ယူ ဆောင်ရွက်ရန် တို့ဖြစ်

ဒီလိုမျိုး ထေကြီးဝါကြီး ဆရာတော်ကြီးတွေကနေ …
ကိုယ့်အမျိုး၊ဘာသာ ၊ သာသနာ အတွက် …
ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တယ်လို့ …
ခံယူ ဆုံးဖြတ်ချက်ထားပြီး စနစ်တကျဖွဲ့စည်းခဲ့တဲ့ …
မ.ဘ.သ အဖွဲ့ကြီးကို မလိုအပ်ပါဘူးဆိုပြီး …
ဖျက်ဖို့အထိ စဉ်းစားထားတယ် ဆိုရင်တော့ …
အမျိုး ၊ ဘာသာ ၊ သာသနာ ကို အလေးထားတဲ့ …
ဆရာတော်ကြီးတို့ရဲ့  ဒါယကာ၊ ဒါယကာမတွေ ဖြစ်ကြတဲ့ …
ပြည်သူတွေကလဲ လက်ပိုက်ပြီး ထိုင်းကြည့်နေမယ်တော့ …
မထင်မိလိုက်ပါနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ခင်ဗျာ ……

No comments: